Myint Soe (16.6.2022)
“ဘဝကိုရိုးသားစွာနဲ့ ဘောလုံးရောင်းပြီး ဖြတ်သန်းနေတဲ့ အသက် (၈၅)နှစ် အရွယ် အဘိုး”
ဘီလူးကျွန်းက ဘောလုံးရောင်းတဲ့အဖိုးကို ထားဝယ်ဘက်က FB သူငယ်ချင်းက Wave နဲ့ ပိုက်ဆံ နှစ်သောင်းလွှဲပြီး လှူဒါန်းခိုင်လို့အလှူရှင်ကိုယ်စား ကျနော်ကူညီလှူဒါန်းပေးခြင်း
အသက် ရှစ်ဆယ်ကျော် ရှိပြီး ဘဝကိုရိုးသားစွာနဲ့ဘော်လုံးရောင်းပြီး ဖြတ်သန်းနေတဲ့အဖိုးပါ
အရမ်း သနားဖို့ ကောင်းပါတယ်
အဖိုး နာမည်က ဦးမောင်အေး အသက် (၈၅)နှစ် ဘီလူးကျွန်း ညောင်လမ်းနားမှာနေတယ်
မော်လမြိုင်မှာ အဖိုးဘောလုံးလာရောင်းရင် ကျိုက်သုတ်ဘုရားက မွန်ကျောင်းမှာ အိပ်တယ်
အဖိုးဘောလုံးရောင်းရငွေ နဲ့ အများလှူဒါန်းငွေ စုပေါင်းပြီး အဖိုးက ဘုန်ကြီးကျောင်းရှိ လိုအပ်တဲ့ နေရာမှာ လှူဒါန်းကြောင်းသိရတယ်
အဖိုးစီမှာ ဘောလုံးဝယ်သူတွေ ဘောလုံးတစ်လုံး ဝယ်ပြီး အဖိုးကို ငွေကျပ် ငါးထောင်ပေးသွားကြောင်း အဖိုးကို သနားပြီး အလှူငွေများပေးကြောင်း အဖိုးပြောပြလို့ သိရှိရပါသည်။
အဖိုးက သုံးလ တစ်ခါ ကျန်းမာရေးဆေးကုသမှု ခံယူကြောင်း ဆေးခန်းတစ်ခါပြရင် ငါးသောင်းကျပ်ခန့် ကုန်ကျကြောင်းသိရတယ်
ကျနော် သူငယ်ချင်းပေးပို့ထားသောငွေနှစ်သောင်းကျပ်ကို အလှူရှင် ကိုယ်စားယနေ့ လှူဒါန်းပေးခဲ့ပါတယ် 🙏🙏🙏
ကျနော် ကတော့ အဖိုးကို တွေ့တိုင်းအမြဲတမ်း တက်နိုင်သလောက်လှူပေးတယ် အဖိုးအိုကို သနားလို့ပါ
အဖိုးကို ကျန်းမာရေးနဲ့ပက်သက်ပြီးအားပေး စကားပြောခဲ့ပါတယ်နေမကောင်းဖြစ်ရင် ကျနော့်ကိုပြောနော်
ဆရာဝန် အသိရှိတယ် ကူညီလှူဒါန်းပေးမဲ့ မိတ်ဆွေ ရှိတယ်
အဖိုး အားမငယ်နဲ့လို့ ကျနော်ပြောခဲ့တယ်
အဖိုးရဲ့ဖုန်းနံပတ် ( 09674845051)
Myint Soe (16.6.2022)