ရန်ကုန်၊ ဇွန် ၁၈
ဆိုင်ကယ် ၃ စီးဖြင့် လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို မိုင်းဆွဲတိုက်ခိုက်မှု ၅ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရ(ရုပ်/သံ)
ရန်ကုန်၊ ဇွန် ၁၈
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ဆိုင်ကယ် ၃ စီးဖြင့် လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို မိုင်းဆွဲတိုက်ခိုက်ရာ
၅ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ရင်း-၁ နှင့် ဂဠုန်တပ်ဖွဲ့တို့ ပူပေါင်း၍ ယနေ့ နံနက် ၉ နာရီ အချိန်တွင် ပေပင်တိုက်ကျေးရွာလမ်းဆုံနှင့်ကျောက်တိုင်ကျေးရွာလမ်းကို စစ်ဆေးပြီး
ရဲစခန်းသို့ ဆိုင်ကယ်၃စီးဖြင့်ပြန်လာသော ကိုင်းတောမရဲကင်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို မိုင်း၂လုံး ဆွဲ၍ တိုက်ခိုက်ရာ
၅ဦး ပွဲချင်းပြီးသေဆုံးကာ ၁ဦး အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Video credit – ပြည်သူ့ကာကွယ်ရေးတပ်မတော် -မြိုင်မြို့နယ်