Local News

CDM ဆရာမကိုမေတြ႕သျဖင့္ အေမျဖစ္သူ အသက္ (၈၀) အ႐ြယ္ အမ်ိဳးသမီးႀကီးကို စစ္တပ္ကဖမ္းဆီးသြား

CDM ဆရာမကိုမေတြ႕သျဖင့္ အေမျဖစ္သူ အသက္ (၈၀) အ႐ြယ္ အမ်ိဳးသမီးႀကီးကို စစ္တပ္ကဖမ္းဆီးသြား

အင္းေတာ္၊ ဇြန္ (၁၈)

လူငယ့္ေခတ္

သမီးျဖစ္သူ CDM ေက်ာင္းဆရာမကို ေနအိမ္၌ရွာ‌မေတြ႕သည့္အတြက္ ၎၏မိခင္ျဖစ္သူ အသက္ (၈၀) အ႐ြယ္ အမ်ိဳးသမီးႀကီးကို စစ္တပ္ကဖမ္းဆီးသြားသည္ဟု အင္းေတာ္ၿမိဳ႕နယ္ေတာ္လွန္ေရးအဖြဲ႕ တာဝန္ရွိသူတစ္ဦးက လူငယ့္ေခတ္သို႔ ေျပာသည္။

စစ္ကိုင္းတိုင္း၊ အင္းေတာ္ၿမိဳ႕၊ ေရတြင္းကုန္းရပ္ကြက္ေန အသက္ (၈၀) အ႐ြယ္အမ်ိဳးသမီးႀကီးကို ဇြန္လ (၁၆) ရက္က ဖမ္းဆီးသြားျခင္းျဖစ္ၿပီး ယေန႔အထိ မိသားစုႏွင့္ အဆက္အသြယ္မရေသးဟု ဆိုသည္။

စစ္ေကာင္စီတပ္သား(၁၀)ဦးခန႔္သည္ CDM ဆရာမကို လာေရာက္ဖမ္းဆီးစဥ္ အင္းေတာ္ၿမိဳ႕အတြင္း၌ ကားေပၚမွ ေသနတ္ (၁၆) ခ်က္ ပစ္ေဖာက္ခဲ့ၿပီး ဆရာမကို မေတြ႕သည့္ေနာက္ ၎၏မိခင္ႏွင့္ ခဲအိုျဖစ္သူတို႔ကို ဖမ္းဆီးသြားခဲ့ျခင္းျဖစ္သည္။

အဆိုပါဆရာမေနအိမ္အနီး၌ ကေလးငယ္မ်ားကို စာသင္ေပးေနသည့္အမ်ိဳးသမီးကိုလည္း စစ္သားမ်ားက ႐ိုက္ႏွက္သြားေၾကာင္း သိရသည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္က အင္းေတာ္ၿမိဳ႕နယ္အတြင္း စစ္ေၾကာင္းထိုးရာတြင္လည္း လမ္းတြင္ေတြ႕သည့္ ျပည္သူမ်ားကို ဖမ္းဆီးကာ လူသားဒိုင္းအျဖစ္အသုံးျပဳေနသည္ဟုလည္း ေဒသတြင္းကာကြယ္ေရးတပ္ဖြဲ႕ ျဖစ္သည့္ Indaw Revolution – IR က ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ထုတ္ျပန္ထားသည္။

ဇြန္လ (၁၆) ရက္ေန႔ကလည္း နဘားေက်း႐ြာဘက္သို႔ စစ္ေၾကာင္းထိုးလာသည့္ အၾကမ္းဖက္တပ္က အသက္(၁၀)ႏွစ္အ႐ြယ္ကေလးတစ္ဦးအပါအဝင္ ျပည္သူ (၁၀) ဦးကို ဖမ္းဆီးခဲ့ေၾကာင္း ေတာ္လွန္ေရးအဖြဲ႕ဝင္တစ္ဦးက လူငယ့္ေခတ္သို႔ ေျဖၾကားထားသည္။

CDM ဆရာမကိုမတွေ့သဖြင့် အမေဖြစ်သူ အသက် (၈၀) အရွယ် အမျိုးသမီးကြီးကို စစ်တပ်ကဖမ်းဆီးသွား

အင်းတော်၊ ဇွန် (၁၈)

လူငယ့်ခေတ်

သမီးဖြစ်သူ CDM ကျောင်းဆရာမကို နေအိမ်၌ရှာ‌မတွေ့သည့်အတွက် ၎င်း၏မိခင်ဖြစ်သူ အသက် (၈၀) အရွယ် အမျိုးသမီးကြီးကို စစ်တပ်ကဖမ်းဆီးသွားသည်ဟု အင်းတော်မြို့နယ်တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ ရေတွင်းကုန်းရပ်ကွက်နေ အသက် (၈၀) အရွယ်အမျိုးသမီးကြီးကို ဇွန်လ (၁၆) ရက်က ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယနေ့အထိ မိသားစုနှင့် အဆက်အသွယ်မရသေးဟု ဆိုသည်။

စစ်ကောင်စီတပ်သား(၁၀)ဦးခန့်သည် CDM ဆရာမကို လာရောက်ဖမ်းဆီးစဉ် အင်းတော်မြို့အတွင်း၌ ကားပေါ်မှ သေနတ် (၁၆) ချက် ပစ်ဖောက်ခဲ့ပြီး ဆရာမကို မတွေ့သည့်နောက် ၎င်း၏မိခင်နှင့် ခဲအိုဖြစ်သူတို့ကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဆရာမနေအိမ်အနီး၌ ကလေးငယ်များကို စာသင်ပေးနေသည့်အမျိုးသမီးကိုလည်း စစ်သားများက ရိုက်နှက်သွားကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က အင်းတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးရာတွင်လည်း လမ်းတွင်တွေ့သည့် ပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေသည်ဟုလည်း ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သည့် Indaw Revolution – IR က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည်။

ဇွန်လ (၁၆) ရက်နေ့ကလည်း နဘားကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်တပ်က အသက်(၁၀)နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ပြည်သူ (၁၀) ဦးကို ဖမ်းဆီးခဲ့ကြောင်း တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက လူငယ့်ခေတ်သို့ ဖြေကြားထားသည်။