Local News

ၿမိဳ႕နယ္မႉးကားကို PDF က သိမ္းဆည္းခဲ့ၿပီး စစ္အာဏာရွင္ ေတာ္လွန္ ေရးအတြက္ ရဲမႉးကားကို အသုံးျပဳမည္ဟု ေၾကညာ

ၿမိဳ႕နယ္မႉးကားကို PDF က သိမ္းဆည္းခဲ့ၿပီး စစ္အာဏာရွင္ ေတာ္လွန္ ေရးအတြက္ ရဲမႉးကားကို အသုံးျပဳမည္ဟု ေၾကညာ

ရန္ကုန္၊ ဇြန္ ၁၈

မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕နယ္မႉး ရဲမႉး၏ ကားကို PDF က သိမ္းဆည္း လိုက္ ေၾကာင္း Earthquake’s Defense Force က သတင္းထုတ္ျပန္သည္။

ဇြန္လ ၁၇ ရက္ေန႔ နံနက္ပိုင္းအခ်ိန္ Earthquake People’s Defense Force မွ ေရစႀကိဳၿမိဳ႕နယ္မႉးရဲမႉးကားကို ထိန္းသိမ္းဖမ္းဆီးသိမ္းယူႏိုင္ခဲ့ေၾကာင္း၊ ေရစႀကိဳမွပခုကၠဴသို႔ ထိုကားသြားလာမႈကိုရက္ (၂၀) ေက်ာ္ၾကာ ေအာင္ စုံစမ္း စစ္ေဆးခဲ့ရေၾကာင္း၊

ၿမိဳ႕နယ္မႉးလက္ေအာက္ခံ ရဲႏွင့္ပ်ဴေစာထီးမ်ား လာ ေရာက္ ျပဳျပင္ေနသည္ဟုသတင္း ရရွိေသာေၾကာင့္ ရဲၿမိဳ႕နယ္မႉးကား ကို ေတာ္ လွန္ ေရးအသုံးအေဆာင္ျဖစ္ဖမ္းဆီးထိန္းသိမ္းလိုက္သည္ျဖစ္ေၾကာင္း သတင္း ထုတ္ျပန္သည္။

မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕၊ “ခိုင္မာ” ေနာ္ဇယ္ပန႔္ျပဳျပင္ေရးဆိုင္တြင္ဇြန္လ ၁၇ ရက္ ေန႔ မြန္းလြဲပိုင္း လာေရာက္ အပ္ႏွံျပဳျပင္ထားေသာ ေရစႀကိဳ ၿမိဳ႕နယ္ ရဲမႉး ၏ ကားကို PDF က သိမ္းဆည္းလိုက္ၿပီး ရဲတပ္ဖြဲ႕က ဝပ္ေရွာ့ဆိုင္မွ ပိုင္ရွင္၊ အလုပ္ သမား မ်ားကို ဖမ္းဆီးလိုက္ေၾကာင္း ေဒသသတင္းရင္းျမစ္ႏွင့္ ေဒသခံမ်ားထံမွ သိရွိရသည္။

ဇြန္လ ၁၇ မြန္းလြဲပိုင္းတြင္ ပခုကၠဴၿမိဳ႕၊ အမွတ္ ၆ ရပ္ကြက္ရွိ ခိုင္မာ ဝပ္ေရွာ့ ထံတြင္ ေရစႀကိဳ ၿမိဳ႕နယ္မႉး ရဲမႉး၏ ကားကို လာေရာက္ ျပဳျပင္ ေၾကာင္း၊ အဆိုပါကားကို PDF မ်ားက ရဲမႉးကား မွန္၊ မွန္ေသခ်ာစစ္ေဆးၿပီး သိမ္းဆည္း သြားေၾကာင္း၊ ကားအမ်ိဳးအစားမွာ MAZDA BT 50 Extra CUB အျဖဴေရာင္ ကားျဖစ္ေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- PDF က သိမ္းဆည္းထားေသာ ေရစႀကိဳၿမိဳ႕နယ္ရဲမႉးကား။

မြို့နယ်မှူးကားကို PDF က သိမ်းဆည်းခဲ့ပြီး စစ်အာဏာရှင် တော်လှန် ရေးအတွက် ရဲမှူးကားကို အသုံးပြုမည်ဟု ကြေညာ

ရန်ကုန်၊ ဇွန် ၁၈

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှူး ရဲမှူး၏ ကားကို PDF က သိမ်းဆည်း လိုက် ကြောင်း Earthquake’s Defense Force က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းအချိန် Earthquake People’s Defense Force မှ ရေစကြိုမြို့နယ်မှူးရဲမှူးကားကို ထိန်းသိမ်းဖမ်းဆီးသိမ်းယူနိုင်ခဲ့ကြောင်း၊ ရေစကြိုမှပခုက္ကူသို့ ထိုကားသွားလာမှုကိုရက် (၂၀) ကျော်ကြာ အောင် စုံစမ်း စစ်ဆေးခဲ့ရကြောင်း၊

မြို့နယ်မှူးလက်အောက်ခံ ရဲနှင့်ပျူစောထီးများ လာ ရောက် ပြုပြင်နေသည်ဟုသတင်း ရရှိသောကြောင့် ရဲမြို့နယ်မှူးကား ကို တော် လှန် ရေးအသုံးအဆောင်ဖြစ်ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်သည်။

မကွေးတိုင်း၊ ပခုက္ကူမြို့၊ “ခိုင်မာ” နော်ဇယ်ပန့်ပြုပြင်ရေးဆိုင်တွင်ဇွန်လ ၁၇ ရက် နေ့ မွန်းလွဲပိုင်း လာရောက် အပ်နှံပြုပြင်ထားသော ရေစကြို မြို့နယ် ရဲမှူး ၏ ကားကို PDF က သိမ်းဆည်းလိုက်ပြီး ရဲတပ်ဖွဲ့က ဝပ်ရှော့ဆိုင်မှ ပိုင်ရှင်၊ အလုပ် သမား များကို ဖမ်းဆီးလိုက်ကြောင်း ဒေသသတင်းရင်းမြစ်နှင့် ဒေသခံများထံမှ သိရှိရသည်။

ဇွန်လ ၁၇ မွန်းလွဲပိုင်းတွင် ပခုက္ကူမြို့၊ အမှတ် ၆ ရပ်ကွက်ရှိ ခိုင်မာ ဝပ်ရှော့ ထံတွင် ရေစကြို မြို့နယ်မှူး ရဲမှူး၏ ကားကို လာရောက် ပြုပြင် ကြောင်း၊ အဆိုပါကားကို PDF များက ရဲမှူးကား မှန်၊ မှန်သေချာစစ်ဆေးပြီး သိမ်းဆည်း သွားကြောင်း၊ ကားအမျိုးအစားမှာ MAZDA BT 50 Extra CUB အဖြူရောင် ကားဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- PDF က သိမ်းဆည်းထားသော ရေစကြိုမြို့နယ်ရဲမှူးကား။