Local News

မနက္ျဖန္ ဇြန္လ ၁၉ ရက္ေန႔ဟာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၇၇ ႏွစ္ ျပည့္ေမြးေန႔ ျဖစ္ပါတယ္။

မနက္ျဖန္ ဇြန္လ ၁၉ ရက္ေန႔ဟာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၇၇ ႏွစ္ ျပည့္ေမြးေန႔ ျဖစ္ပါတယ္။

သူ႔ရဲ႕ ၃၅ ႏွစ္နီးပါး ျမန္မာ့ႏိုင္ငံေရး ျဖတ္သန္းမႈအတြင္း စစ္အစိုးရ အဆက္ဆက္ရဲ႕ ဖမ္းဆီးျခင္းကို ခံခဲ့ရတာေၾကာင့္ ေမြ႕ေန႔ေပါင္း ၁၆ ႀကိမ္ကို အက်ဥ္းစံဘဝနဲ႔ ျဖတ္သန္းခဲ့ရပါတယ္။

ဒီတစ္ႀကိမ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္တဲ့ စစ္အာဏာသိမ္းမႈမွာလည္း ေဒၚေအာင္ဆန္းစုၾကည္ကို ႏွစ္ေပါင္း ၁၀၀ ေက်ာ္အထိ ေထာင္ဒဏ္ခ်မွတ္ႏိုင္တဲ့ အမႈေပါင္း ၁၉ မႈနဲ႔ တရားစြဲ ဖမ္းဆီးထားတာေၾကာင့္ ေမြးေန႔ကို အက်ဥ္းစံဘဝနဲ႔ ျဖတ္သန္းရပါမယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႏိုင္ငံေရး ျဖတ္သန္းမႈအတြင္း ျမန္မာ့ဒီမိုကေရစီေခါင္းေဆာင္အျဖစ္ ကမာၻက ခ်ီးေျမာက္မႈကို ခံခဲ့ရသလို၊ ႐ိုဟင္ဂ်ာကိစၥမွာ ျမန္မာစစ္တပ္ကို အကာအကြယ္ေပးသူ အျဖစ္နဲ႔လည္း အျပစ္တင္ခံခဲ့ရတာပါ။

ျမန္မာျပည္သူ အမ်ားစုၾကားမွာေတာ့ လူထုေထာက္ခံမႈ အမ်ားဆုံးရထားတဲ့ ႏိုင္ငံေရးသမားျဖစ္ပါတယ္။

မနက္ျဖန္ ဇြန္လ ၁၉ ရက္ေန႔မွာ က်ေရာက္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေမြးေန႔ကို ဂုဏ္ျပဳတဲ့အေနနဲ႔ သူ႔ရဲ႕ ထင္ရွားတဲ့ အဆိုအမိန႔္ျဖစ္တဲ့ Freedom From Fear (ေၾကာက္႐ြံ႕ျခင္းမွ လြတ္ကင္းေရး) စာသားကို လက္တစ္ဖက္က ကိုင္ေဆာင္၊ အျခားတစ္ဖက္မွာ ၇၇ စာလုံးကို ေရးထိုးၿပီး လူမႈကြန္ရက္ကေန အြန္လိုင္းလႈပ္ရွားမႈ ေတြၾကလုပ္ဖို႔ အာဏာရွင္ဆန႔္က်င္ေရး သပိတ္အင္အားစုေတြက ႏႈိးေဆာ္ထားပါတယ္။source-RFA

မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ် ပြည့်မွေးနေ့ ဖြစ်ပါတယ်။

သူ့ရဲ့ ၃၅ နှစ်နီးပါး မြန်မာ့နိုင်ငံရေး ဖြတ်သန်းမှုအတွင်း စစ်အစိုးရ အဆက်ဆက်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာကြောင့် မွေ့နေ့ပေါင်း ၁၆ ကြိမ်ကို အကျဉ်းစံဘဝနဲ့ ဖြတ်သန်းခဲ့ရပါတယ်။

ဒီတစ်ကြိမ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှုမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်း ၁၀၀ ကျော်အထိ ထောင်ဒဏ်ချမှတ်နိုင်တဲ့ အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲ ဖမ်းဆီးထားတာကြောင့် မွေးနေ့ကို အကျဉ်းစံဘဝနဲ့ ဖြတ်သန်းရပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဖြတ်သန်းမှုအတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အဖြစ် ကမ္ဘာက ချီးမြောက်မှုကို ခံခဲ့ရသလို၊ ရိုဟင်ဂျာကိစ္စမှာ မြန်မာစစ်တပ်ကို အကာအကွယ်ပေးသူ အဖြစ်နဲ့လည်း အပြစ်တင်ခံခဲ့ရတာပါ။

မြန်မာပြည်သူ အများစုကြားမှာတော့ လူထုထောက်ခံမှု အများဆုံးရထားတဲ့ နိုင်ငံရေးသမားဖြစ်ပါတယ်။

မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ ထင်ရှားတဲ့ အဆိုအမိန့်ဖြစ်တဲ့ Freedom From Fear (ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး) စာသားကို လက်တစ်ဖက်က ကိုင်ဆောင်၊ အခြားတစ်ဖက်မှာ ၇၇ စာလုံးကို ရေးထိုးပြီး လူမှုကွန်ရက်ကနေ အွန်လိုင်းလှုပ်ရှားမှု တွေကြလုပ်ဖို့ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုတွေက နှိုးဆော်ထားပါတယ်။source-RFA