Local News



ရန်ကုန်၊ ဇွန် ၁၉

လူငယ့်ခေတ်




#လူငယ့်ခေတ်

အမေစုမွေးနေ့ ရန်ကုန်လူငယ်များလမ်းပေါ်ထွက် ဆုတောင်း ဆန္ဒထုတ်ဖော်

“အရှုံးမပေးနဲ့ မိငယ်”သီချင်းသီဆိုပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် လူငယ်တွေ ဆန္ဒပြဆုတောင်းချီတက် (ရုပ်သံ)

ရန်ကုန်၊ ဇွန် ၁၉

လူငယ့်ခေတ်

ယနေ့ကျရောက်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇)နှစ်ပြည့်မွေးနေ့တွင် “ဦးဆောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ” ဟူသော စာသားနှင့်အတူ “ဖမ်းဆီးထားသော နိုင်/ကျဉ်းများ ချက်ချင်းလွှတ်” ဟူသောကြွေးကြော်သံများဖြင့် ဟစ်ကြွေးဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်သပိတ်မှောက်ခဲ့ကြသည်။

၎င်းသပိတ်အုံကြွမှု၌ အကြမ်းဖက်စစ်တပ်၏ လူမဆန်စွာ ဖမ်းဆီးနှိပ်စက်ခံ နိုင်ငံရေးအကျဉ်းသားများနှင့် ပြည်သူများစွာအတွက် “ ဖမ်းဆီးခံ နိုင်/ကျဉ်းများအား ချက်ချင်းလွှတ် “ အစရှိသည့်ကြွေးကြော်သံများနှင့် လူထုတစ်ရပ်လုံးသွေးမအေးစေရန် လှုံ့ဆော်ခဲ့ကြသည် ။

ယင်းလှုံ့ဆော်အုံကြွမှုအား Yangon Revolution Force – YRF (Soft Strike Community) ၊ ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ (YRSC)၊ Revolution Force – RF နှင့် အခြေခံကျောင်းသားများရေးရာအဖွဲ့ (အကရ) တို့မှ ပူးပေါင်းချီတက် လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

#လူငယ့်ခေတ်