Local News

အဆိုေတာ္ လင္းလင္း ရဲ႕ အေမစုေမြးေန႔ဆုေတာင္းစကား

စစ္ေကာင္စီကလဲ သူ႔အလုပ္သူလုပ္

ေတာ္လွန္ေရးကလဲ သူ႔ခရီးသူသြား

ပြဲစားေတြကလဲ သူ႔သ႑ာန္ သူအမွန္ နဲ႔

အျပင္ေလာကလို႔ေျပာတဲ့ ယႏၲရားထဲေတာ့

ကိုယ့္ဈာန္နဲ႔ကိုယ္ ဘာမထီေတြၾကည့္ပါဘဲ,,,

အိမ္ႀကီးလဲမေဆာက္ အိမ္ငယ္လဲမရွာ

ဘယ္တစ္ကိုယ္စာအက်ိဳးမွ ခါးၾကားမထိုး

ကိုယ္လုပ္ေနတာထပ္ ပိုလြန္ေသာစကားကို

သတိကပ္ဆင္ျခင္ၿပီး ပြားမ်ားမေနတဲ့

က်ေနာ္သေကာင့္သားမွ (ဒီေန႔မွမဟုတ္) အၿမဲက်န္းမာပါေစ ဆုေတာင္းလွ်က္,,,,,

ဘယ္သူကညႇိႏႈိင္း ဘယ္သူကေဆြးေႏြးၿပီးဘယ္သူက ၿငိမ္းခ်မ္းေရး ေဂါပက လုပ္ခ်င္တာတုန္း။

တိုင္းျပည္နယ္အႏွံ႔ ေလာင္ၿမိဳက္ေနတဲ့ အိမ္ေတြ,,,

ေႂကြလြင့္ေနတဲ့ အသက္ေတြက ဂ်မ္းတုံးေတြမဟုတ္ဘူး။

ေလွခါးေတြမဟုတ္ဘူး။ခု,ၿပီးအေပၚကိုတက္ရတဲ့ သဲအိတ္ေတြမဟုတ္ဘူး။

စစ္ေကာင္စီ အာဏာရွင္တစ္သိုက္ ၿပိဳလွဲဖို႔ကလြဲၿပီးအာ႐ုံမ်ားစရာမရွိ၊ စိတ္ကစားစရာမရွိတဲ့ ဒီပြဲမွာရည္႐ြယ္ခ်က္ တူလား?

တူတယ္ဆိုရင္ ရၿပီ။က်န္တာေစာက္ပိုေျပာစရာမရွိ။

တစ္ေနရာက အေမ က်န္းမာပါေစ။ဒီလိုစကားေတြရဲရဲေျပာႏိုင္ဖို႔အတြက္ေစာင့္ထိန္းထားတဲ့ သီလဟာက်ေနာ့္ရဲ႕ လက္ေဆာင္ပါ။Htwe Lynn Ko

စစ်ကောင်စီကလဲ သူ့အလုပ်သူလုပ်

တော်လှန်ရေးကလဲ သူ့ခရီးသူသွား

ပွဲစားတွေကလဲ သူ့သဏ္ဍာန် သူအမှန် နဲ့

အပြင်လောကလို့ပြောတဲ့ ယန္တရားထဲတော့

ကိုယ့်ဈာန်နဲ့ကိုယ် ဘာမထီတွေကြည့်ပါဘဲ,,,

အိမ်ကြီးလဲမဆောက် အိမ်ငယ်လဲမရှာ

ဘယ်တစ်ကိုယ်စာအကျိုးမှ ခါးကြားမထိုး

ကိုယ်လုပ်နေတာထပ် ပိုလွန်သောစကားကို

သတိကပ်ဆင်ခြင်ပြီး ပွားများမနေတဲ့

ကျနော်သကောင့်သားမှ (ဒီနေ့မှမဟုတ်) အမြဲကျန်းမာပါစေ ဆုတောင်းလျှက်,,,,,

ဘယ်သူကညှိနှိုင်း ဘယ်သူကဆွေးနွေးပြီးဘယ်သူက ငြိမ်းချမ်းရေး ဂေါပက လုပ်ချင်တာတုန်း။

တိုင်းပြည်နယ်အနှံ့ လောင်မြိုက်နေတဲ့ အိမ်တွေ,,,

ကြွေလွင့်နေတဲ့ အသက်တွေက ဂျမ်းတုံးတွေမဟုတ်ဘူး။

လှေခါးတွေမဟုတ်ဘူး။ခု,ပြီးအပေါ်ကိုတက်ရတဲ့ သဲအိတ်တွေမဟုတ်ဘူး။

စစ်ကောင်စီ အာဏာရှင်တစ်သိုက် ပြိုလှဲဖို့ကလွဲပြီးအာရုံများစရာမရှိ၊ စိတ်ကစားစရာမရှိတဲ့ ဒီပွဲမှာရည်ရွယ်ချက် တူလား?

တူတယ်ဆိုရင် ရပြီ။ကျန်တာစောက်ပိုပြောစရာမရှိ။

တစ်နေရာက အမေ ကျန်းမာပါစေ။ဒီလိုစကားတွေရဲရဲပြောနိုင်ဖို့အတွက်စောင့်ထိန်းထားတဲ့ သီလဟာကျနော့်ရဲ့ လက်ဆောင်ပါ။Htwe Lynn Ko