Cele






PDF ရဲမေလေးတစ်ဦးရဲ့ဝမ်းနည်းစရာကောင်းလှတဲ့ အမေ့မွေးနေ့ဆုတောင်း

ကျန်းမာအေးချမ်းရတဲ့ 77 နှစ်ပြည့် မွေးနေ့ဖြစ်ပါစေ… အမေ 🙏🙏🙏

ပြည်သူအားလုံးပို့သကြတဲ့ မေတ္တာတွေနဲ့ အမေ လုံခြုံ အေးချမ်းပါစေ… 🤍🤍🤍

အာဏာသိမ်း စစ်တပ်ရဲ့ မတရားဖမ်းဆီးခြင်းခံခဲ့ရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၉ ရက်နေ့မှာ သူမရဲ့ အသက် ၇၇ နှစ်ပြည့်မွေးနေ့ကို အကျဉ်းစခန်းနေရာတစ်ခုမှာ ဖြတ်သန်းရတာဖြစ်ပါတယ်။

စစ်အာဏာရှင်တွေရဲ့ အကြိမ်ကြိမ်ဖမ်းဆီးခြင်းခံရပြီး သူမရဲ့ ဘဝ အသက် ၃ ပုံ ၁ ပုံကို အကျဉ်းကျခံရင်း မွေးနေ့ကိုဖြတ်သန်းခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် တောတွင်းတစ်နေရာကနေ မွေးနေ့ဆုတောင်း ဂုဏ်ပြု ခဲ့တာပါ။