Local News
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနား ပြုလုပ်နေစဉ် စစ်တပ်က လက်နက်ကြီးဖြင့်ထု
ရန်ကုန်၊ ဇွန် ၁၉
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနား ပြုလုပ်နေစဉ် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊ ဇွန် ၁၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်ပုံ မဒဲ့ယာန် ကျေးရွာတွင် လုံးခင်းအုပ်စု မှော်ပေါင်းစုံ သပိတ် စစ်ကြောင်းက ပြည်သူများ ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ အခမ်းအနား ပြုလုပ်နေစဉ်
စစ်တပ်က လက်နက်ကြီးဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်သည် မှော်ပုံမဒဲ့ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူပိုင် နေအိမ် တချို့နှင့် ကား ၁ စီးကို ထိမှန်ခဲ့ကြောင်းသိရသည်။
” မှော်ပုံမဒဲ့ယာန် ကျေးရွာမှာ အမေစု ၇၇ နှစ်ပြည့် မွေးနေ့ကို သပိတ် စစ်ကြောင်းက ကျင်းပနေချိန် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်လို့
ရွာထဲကို လက်နက်ကြီးကျပြီး ပြည်သူ ၃ဦး ထိခိုက် ဒဏ်ရာရတယ်။ လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေပေမယ့်လည်း ချီတက် ဆန္ဒပြပွဲကို ပြီးဆုံးအောင် လုပ်ခဲ့တယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။source-khit thit