Local News

ေဇာ္မင္းထြန္းပင္ စြံ႕အသြားရတဲ့ စစ္တပ္၏ အတြင္းသ႐ုပ္အမွန္

လြတ္လပ္ေသာ အာရွ အသံ မွ ယမန္ေန႔က ေဖၚထုတ္လိုက္ေသာ အသံဖိုင္ ႏွင့္ ပုံရိပ္မ်ားသည္ ယဥ္ေက်းေသာ လူ႔အသိုက္အဝန္း ႀကီး တခုလုံးကို တုန္လႈပ္ေျခာက္ျခားသြားခဲ့ရသည္။ စစ္တပ္၏ ၁၇ လ အတြင္း က်ဴးလြန္ ခဲ့ေသာ ရက္စက္ ၾကမ္းၾကဳပ္သည့္ လုပ္ရပ္မ်ား အားလုံးထက္ သရဖူ ေဆာင္းသြားခဲ့ၿပီ ျဖစ္သည္။

ပို၍ တုန္လႈပ္ဖြယ္ ေကာင္းသည္က ထိုသို႔ လူမ်ား သတ္ရသည့္ အေၾကာင္းကို လၻက္ရည္ ဆိုင္ထိုင္ရင္း ေထြရာ ေလးပါး ေျပာေနသလို ေျပာဆိုေနၾကျခင္း ကို ျမင္ေတြ႕ခဲ့ရသည့္ အျပင္ ေျပာစကားမ်ား အရ သတ္ၿပီး လူအရည္အတြက္ ႏွင့္ သတ္ပုံ သတ္နည္းမ်ားကိုပါ အခ်င္းခ်င္း ၿပိဳင္ဆိုင္ ေနၾကျခင္းျဖစ္သည္။ထိုဗီဒီယို ဖိုင္သည္ လက္ရွိ စစ္တပ္၏ အတြင္း သ႐ုပ္ အမွန္ ကို ကြက္ကြက္ကြင္းကြင္း ျမင္ေအာင္ လွစ္ဟျပ လိုက္ျခင္းပင္ ျဖစ္သည္။

ထိုအျဖစ္ အပ်က္မ်ားသည္ မည္သို႔မွ် မျငင္းႏိုင္ေအာင္ ျဖစ္ေနသျဖင့္ အၿမဲလို လိမ္ညာ ေျပာေနရသည့္ စစ္တပ္၏ ေျပာခြင့္ရ ေဇာ္မင္းထြန္းပင္ RFA ၏ ဆက္သြယ္ ေမးျမန္းခ်က္ကို ယခင္လို လုပ္ႀကံဖန္တီးမႈ သက္သက္ဟု ေျပာဆိုႏိုင္ျခင္း မရွိေတာ့ဘဲ မိမိတို႔ စုံစမ္းစစ္ေဆးေနပါသည္ဟုသာ ေျဖဆိုခဲ့ရၿပီ ျဖစ္သည္။

ယခု ကိစၥသည္ လက္နက္မဲ့ အရပ္သားမ်ား non-combatants မ်ားကို လက္ျပန္ႀကိဳး တုပ္၍ ေသြးေအးေအး ႏွင့္ ပစ္သတ္ခဲ့သည့္ အမႈ ျဖစ္ၿပီး စစ္ေျမျပင္တြင္ လိုက္နာရန္ ျပ႒ာန္းထားေသာ မည္သည့္ ႏိုင္ငံတကာ က်င့္ထုံး ႏွင့္ မဆို အေရးယူ အျပစ္ေပးရမည့္ အစုလိုက္ အၿပဳံလိုက္ သတ္ျဖတ္ခဲ့မႈ ႀကီးပင္ ျဖစ္သည္။

ဤသည္ကလည္း ေနာက္ဆက္တြဲ လိုက္ပါလာမည့္ ႏိုင္ငံတကာ၏ က်ယ္ေလာင္စြာ ေအာ္ဟစ္ ရႈပ္ခ် ေျပာဆို လာမႈ မ်ား ကို ေျပေပ်ာက္လို ေျပေပ်ာက္ျငား ဟန႔္တားႏိုင္ရန္ အတြက္လည္း ျဖစ္ႏိုင္သည္။ ေနာက္ပိုင္းတြင္ ကိုဂ်င္မီ ႏွင့္ ကိုၿဖိဳးေဇယ်ာေသာ္ တို႔အား ေသဒဏ္စီရင္မည္ဟု ေျပာသလို လုပ္သင့္သည့္ အခ်ိန္တြင္ လုပ္ရသည့္ လုပ္သင့္ေသာ လုပ္ရပ္ဟု မ်ား ေျပာဆို လာေလမလား ပင္ မသိေပ။

ယခုအခါ အရင္လို သတ္ၿပီး တကူးတက က်င္းတူးေျမျမႇဳပ္ျပစ္ရန္ မလိုေတာ့၊ အိမ္မ်ား ႐ြာမ်ားကို စိတ္ရွိ လက္ရွိ မီးရႈိ႕ခြင့္ ျပဳထားၿပီး ျဖစ္သည့္ အတြက္ ထိုအိမ္မ်ားထဲသို႔ အေလာင္းမ်ားကို ပစ္ထည့္လိုက္႐ုံသာ ရွိေတာ့သည္ ဆိုသည္ကို ေရဦးၿမိဳ႕နယ္ မုံတိုင္ပင္႐ြာ တြင္ ေမလ ၁၀ ရက္ေန႔က က်ဴးလြန္ခဲ့ၾကေသာ လူသတ္မႈႀကီးမွ သက္ေသ ခံေနၿပီ ျဖစ္သည္။ သခင္စိုး၏ အလံနီ ကြန္ျမဴနစ္မ်ား က်ဴးလြန္ခဲ့ေသာ ဆင္စြယ္႐ြာ လူသတ္မႈႀကီးသည္ ကေလး ကစားစရာ အဆင့္သို႔ ေရာက္သြားခဲ့ရသည္။

မၾကာေသးမီကပင္ ေရစႀကိဳ ၿမိဳ႕နယ္ အတြင္း CDM မူလတန္း ေက်ာင္းအုပ္ ဆရာႀကီး တဦး၊ အထက္တန္း သူနာျပဳ ဆရာမ တဦး အပါအဝင္ လူ ငါးဦးကို ဖမ္းဆီးၿပီး အရွင္လတ္လတ္ မီးရႈိ႕သတ္သြားခဲ့သည့္ ထိတ္လန႔္ဖြယ္ အျဖစ္ဆိုးႀကီး ေပၚေပါက္ခဲ့ၿပီး ျဖစ္သည္။မည္သို႔ပင္ ဆိုေစ မင္းေအာင္လႈိင္သည္ တေျဖးေျဖး ႏွင့္ ဆက္ဒမ္ ဟူစိန္၏ ေျခရာလက္ရာ မ်ားကို အမွီလိုက္ လာေနၿပီ ျဖစ္သည္။

ထိုအေရးသည္ ျမန္မာ စစ္ေခါင္းေဆာင္မ်ား ေနာက္သို႔ အရိပ္လို ကပ္လိုက္လာေတာ့မည့္ လုပ္ရပ္ႀကီးလည္း ျဖစ္သည္။ ၎တို႔ အဖို႔က ေလာေလာဆယ္ တြင္ ကိုဂ်င္မီ ႏွင့္ ကိုၿဖိဳးေဇယ်ာေသာ္ တို႔အား ႀကိဳးေပး ကြပ္မ်က္ရန္ ျပင္ဆင္ေနခ်ိန္လည္း ျဖစ္ေနသျဖင့္ ျပစ္မႈမ်ားက ဆက္တိုက္ဆိုသလို က်ဴးလြန္လာေတာ့မည့္ လကၡဏာမ်ားကို ေတြ႕ေနရသည္။

၎တို႔ အထူး သတိထား ရမည့္ အခ်က္ကား ထိုသို႔ ဘာမဆို လုပ္ရဲတယ္ ဟု လူမိုက္ သေဘာက် ေႂကြးေၾကာ္ ကာ လက္နက္မဲ့ ျပည္သူမ်ား အေပၚ အႏိုင္က်င့္ ၍ ရက္စက္ယုတ္မာသည့္ လုပ္ရပ္မ်ား သုံး၍ ေၾကာက္ေအာင္ ေျခာက္သည္မွာ လြယ္ကူလွေသာ္လည္း ေနာက္ပိုင္းတြင္ ေတာ္လွန္ေရးႀကီး အရွိန္ရလာသည္ႏွင့္ အမွ် ၎တို႔ အဖို႔ ယခုထက္ ပင္ ပို၍ ၾကမ္းရမ္းလာေတာ့မည္မွာ ေသခ်ာေနသည္။ ထိုအခါတြင္ေတာ့ ႏိုင္ငံတကာ စင္ျမင့္တြင္ ၎တို႔ အား မ်က္စိမွိတ္ ေထာက္ခံေနသူမ်ား အဖို႔ နာမည္ပ်က္ခံၿပီး ဆက္လက္၍ အကာအကြယ္ ေပးဖို႔မွာ မျဖစ္ႏိုင္ ေတာ့ေပ။

ဆက္ဒမ္ ႏွင့္ ကဒါဖီ တို႔ သြားသည့္ လမ္းသို႔ မမွိတ္မသုံ လိုက္သြားၾကရေတာ့မည္ ျဖစ္သည္။အဘ မ်ားကေတာ့ အဆင္သင့္ ရပ္ထားေသာ ေလယာဥ္ေပၚတက္၍ ထြက္ေျပးေကာင္း ထြက္ေျပး သြားႏိုင္ေသာ္ လည္း ၎တို႔ အား ေထာက္ခံခဲ့ၾကသည့္ အမ်ိဳးသား သစၥာေဖါက္ ကပ္ပါးမ်ားအဖို႔ ကေတာ့ မိမိတို႔ ႀကဳံလာရမည့္ ကံၾကမၼာ အတြက္ ႀကိဳတင္ စဥ္းစားသင့္လွေပသည္။

အစဥ္အလာ ေကာင္းခဲ့သည့္ ျမန္မာ တပ္မေတာ္ႀကီးသည္ အာဏာ႐ူး ကိုယ္က်ိဳးရွာသမားမ်ား၏ လက္ကိုင္တုတ္ တပ္ အဆင့္သို႔ ေလ်ာက်သြားခဲ့ရသည့္ အျဖစ္မွာ ရင္နာဖို႔ ေကာင္းလွေပသည္။

ထို႔အတြက္လည္း ၿပီးခဲ့သည့္ ရက္ပိုင္း အတြင္းက အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန အထက္တန္း အႀကံေပး ဒဲရက္ ရႈိလက္က “လူရမ္းကား တသိုက္” bunch of thugs ဟု ေျပာဆို သုံးႏႈံးသြားသည္မွာ လက္ရွိ အေနအထား ႏွင့္ ကြက္တိျဖစ္ေနသည္။

သို႔ေသာ္ ၎တို႔ႏွင့္ အနီးကပ္ ဆက္ဆံေနရေသာ ျမန္မာျပည္သူမ်ားကေတာ့ မိမိတို႔ လူမ်ိဳး အခ်င္းခ်င္း အေပၚ ထိုမွ်ေလာက္ ရက္စက္စြာ ျပဳက်င့္ေနသူမ်ားသည္ လူစစ္စစ္ ျဖစ္ေသာ္လည္း တရိစာၦန္သာသာ အသိ ဉာဏ္ မ်ိဳးျဖင့္ ျပဳမူ ေဆာင္႐ြက္ေနၾကသူမ်ား ျဖစ္ေနသလား ဟု သံသယ မ်ား ႀကီးထြားလာေနၿပီ ျဖစ္သည္။

ကိုမင္းကိုႏိုင္မွ ေလာေလာဆယ္ ဓါတ္ပုံေပါင္း ၁၄၄ ပုံ ႏွင့္ ဆယ္မိနစ္ခြဲၾကာ ဗီဒီယို ဖိုင္ဟာ မီးတုတ္ကိုင္ၿပီး ကမာၻကို စပတ္ေနပါၿပီ ဆိုသည့္စကားသည္ လြန္အံ့မထင္။

ျပည္သူတို႔၏ တရားေသာစစ္ မုခ်ေအာင္ရမည္!!!

Hla Soewai

လွတ်လပ်သော အာရှ အသံ မှ ယမန်နေ့က ဖေါ်ထုတ်လိုက်သော အသံဖိုင် နှင့် ပုံရိပ်များသည် ယဉ်ကျေးသော လူ့အသိုက်အဝန်း ကြီး တခုလုံးကို တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။ စစ်တပ်၏ ၁၇ လ အတွင်း ကျူးလွန် ခဲ့သော ရက်စက် ကြမ်းကြုပ်သည့် လုပ်ရပ်များ အားလုံးထက် သရဖူ ဆောင်းသွားခဲ့ပြီ ဖြစ်သည်။

ပို၍ တုန်လှုပ်ဖွယ် ကောင်းသည်က ထိုသို့ လူများ သတ်ရသည့် အကြောင်းကို လ္ဘက်ရည် ဆိုင်ထိုင်ရင်း ထွေရာ လေးပါး ပြောနေသလို ပြောဆိုနေကြခြင်း ကို မြင်တွေ့ခဲ့ရသည့် အပြင် ပြောစကားများ အရ သတ်ပြီး လူအရည်အတွက် နှင့် သတ်ပုံ သတ်နည်းများကိုပါ အချင်းချင်း ပြိုင်ဆိုင် နေကြခြင်းဖြစ်သည်။ထိုဗီဒီယို ဖိုင်သည် လက်ရှိ စစ်တပ်၏ အတွင်း သရုပ် အမှန် ကို ကွက်ကွက်ကွင်းကွင်း မြင်အောင် လှစ်ဟပြ လိုက်ခြင်းပင် ဖြစ်သည်။

ထိုအဖြစ် အပျက်များသည် မည်သို့မျှ မငြင်းနိုင်အောင် ဖြစ်နေသဖြင့် အမြဲလို လိမ်ညာ ပြောနေရသည့် စစ်တပ်၏ ပြောခွင့်ရ ဇော်မင်းထွန်းပင် RFA ၏ ဆက်သွယ် မေးမြန်းချက်ကို ယခင်လို လုပ်ကြံဖန်တီးမှု သက်သက်ဟု ပြောဆိုနိုင်ခြင်း မရှိတော့ဘဲ မိမိတို့ စုံစမ်းစစ်ဆေးနေပါသည်ဟုသာ ဖြေဆိုခဲ့ရပြီ ဖြစ်သည်။

ယခု ကိစ္စသည် လက်နက်မဲ့ အရပ်သားများ non-combatants များကို လက်ပြန်ကြိုး တုပ်၍ သွေးအေးအေး နှင့် ပစ်သတ်ခဲ့သည့် အမှု ဖြစ်ပြီး စစ်မြေပြင်တွင် လိုက်နာရန် ပြဋ္ဌာန်းထားသော မည်သည့် နိုင်ငံတကာ ကျင့်ထုံး နှင့် မဆို အရေးယူ အပြစ်ပေးရမည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှု ကြီးပင် ဖြစ်သည်။

ဤသည်ကလည်း နောက်ဆက်တွဲ လိုက်ပါလာမည့် နိုင်ငံတကာ၏ ကျယ်လောင်စွာ အော်ဟစ် ရှုပ်ချ ပြောဆို လာမှု များ ကို ပြေပျောက်လို ပြေပျောက်ငြား ဟန့်တားနိုင်ရန် အတွက်လည်း ဖြစ်နိုင်သည်။ နောက်ပိုင်းတွင် ကိုဂျင်မီ နှင့် ကိုဖြိုးဇေယျာသော် တို့အား သေဒဏ်စီရင်မည်ဟု ပြောသလို လုပ်သင့်သည့် အချိန်တွင် လုပ်ရသည့် လုပ်သင့်သော လုပ်ရပ်ဟု များ ပြောဆို လာလေမလား ပင် မသိပေ။

ယခုအခါ အရင်လို သတ်ပြီး တကူးတက ကျင်းတူးမြေမြှုပ်ပြစ်ရန် မလိုတော့၊ အိမ်များ ရွာများကို စိတ်ရှိ လက်ရှိ မီးရှို့ခွင့် ပြုထားပြီး ဖြစ်သည့် အတွက် ထိုအိမ်များထဲသို့ အလောင်းများကို ပစ်ထည့်လိုက်ရုံသာ ရှိတော့သည် ဆိုသည်ကို ရေဦးမြို့နယ် မုံတိုင်ပင်ရွာ တွင် မေလ ၁၀ ရက်နေ့က ကျူးလွန်ခဲ့ကြသော လူသတ်မှုကြီးမှ သက်သေ ခံနေပြီ ဖြစ်သည်။ သခင်စိုး၏ အလံနီ ကွန်မြူနစ်များ ကျူးလွန်ခဲ့သော ဆင်စွယ်ရွာ လူသတ်မှုကြီးသည် ကလေး ကစားစရာ အဆင့်သို့ ရောက်သွားခဲ့ရသည်။

မကြာသေးမီကပင် ရေစကြို မြို့နယ် အတွင်း CDM မူလတန်း ကျောင်းအုပ် ဆရာကြီး တဦး၊ အထက်တန်း သူနာပြု ဆရာမ တဦး အပါအဝင် လူ ငါးဦးကို ဖမ်းဆီးပြီး အရှင်လတ်လတ် မီးရှို့သတ်သွားခဲ့သည့် ထိတ်လန့်ဖွယ် အဖြစ်ဆိုးကြီး ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။မည်သို့ပင် ဆိုစေ မင်းအောင်လှိုင်သည် တဖြေးဖြေး နှင့် ဆက်ဒမ် ဟူစိန်၏ ခြေရာလက်ရာ များကို အမှီလိုက် လာနေပြီ ဖြစ်သည်။

ထိုအရေးသည် မြန်မာ စစ်ခေါင်းဆောင်များ နောက်သို့ အရိပ်လို ကပ်လိုက်လာတော့မည့် လုပ်ရပ်ကြီးလည်း ဖြစ်သည်။ ၎င်းတို့ အဖို့က လောလောဆယ် တွင် ကိုဂျင်မီ နှင့် ကိုဖြိုးဇေယျာသော် တို့အား ကြိုးပေး ကွပ်မျက်ရန် ပြင်ဆင်နေချိန်လည်း ဖြစ်နေသဖြင့် ပြစ်မှုများက ဆက်တိုက်ဆိုသလို ကျူးလွန်လာတော့မည့် လက္ခဏာများကို တွေ့နေရသည်။

၎င်းတို့ အထူး သတိထား ရမည့် အချက်ကား ထိုသို့ ဘာမဆို လုပ်ရဲတယ် ဟု လူမိုက် သဘောကျ ကြွေးကြော် ကာ လက်နက်မဲ့ ပြည်သူများ အပေါ် အနိုင်ကျင့် ၍ ရက်စက်ယုတ်မာသည့် လုပ်ရပ်များ သုံး၍ ကြောက်အောင် ခြောက်သည်မှာ လွယ်ကူလှသော်လည်း နောက်ပိုင်းတွင် တော်လှန်ရေးကြီး အရှိန်ရလာသည်နှင့် အမျှ ၎င်းတို့ အဖို့ ယခုထက် ပင် ပို၍ ကြမ်းရမ်းလာတော့မည်မှာ သေချာနေသည်။ ထိုအခါတွင်တော့ နိုင်ငံတကာ စင်မြင့်တွင် ၎င်းတို့ အား မျက်စိမှိတ် ထောက်ခံနေသူများ အဖို့ နာမည်ပျက်ခံပြီး ဆက်လက်၍ အကာအကွယ် ပေးဖို့မှာ မဖြစ်နိုင် တော့ပေ။

ဆက်ဒမ် နှင့် ကဒါဖီ တို့ သွားသည့် လမ်းသို့ မမှိတ်မသုံ လိုက်သွားကြရတော့မည် ဖြစ်သည်။အဘ များကတော့ အဆင်သင့် ရပ်ထားသော လေယာဉ်ပေါ်တက်၍ ထွက်ပြေးကောင်း ထွက်ပြေး သွားနိုင်သော် လည်း ၎င်းတို့ အား ထောက်ခံခဲ့ကြသည့် အမျိုးသား သစ္စာဖေါက် ကပ်ပါးများအဖို့ ကတော့ မိမိတို့ ကြုံလာရမည့် ကံကြမ္မာ အတွက် ကြိုတင် စဉ်းစားသင့်လှပေသည်။

အစဉ်အလာ ကောင်းခဲ့သည့် မြန်မာ တပ်မတော်ကြီးသည် အာဏာရူး ကိုယ်ကျိုးရှာသမားများ၏ လက်ကိုင်တုတ် တပ် အဆင့်သို့ လျောကျသွားခဲ့ရသည့် အဖြစ်မှာ ရင်နာဖို့ ကောင်းလှပေသည်။

ထို့အတွက်လည်း ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အထက်တန်း အကြံပေး ဒဲရက် ရှိုလက်က “လူရမ်းကား တသိုက်” bunch of thugs ဟု ပြောဆို သုံးနှုံးသွားသည်မှာ လက်ရှိ အနေအထား နှင့် ကွက်တိဖြစ်နေသည်။

သို့သော် ၎င်းတို့နှင့် အနီးကပ် ဆက်ဆံနေရသော မြန်မာပြည်သူများကတော့ မိမိတို့ လူမျိုး အချင်းချင်း အပေါ် ထိုမျှလောက် ရက်စက်စွာ ပြုကျင့်နေသူများသည် လူစစ်စစ် ဖြစ်သော်လည်း တရိစ္ဆာန်သာသာ အသိ ဉာဏ် မျိုးဖြင့် ပြုမူ ဆောင်ရွက်နေကြသူများ ဖြစ်နေသလား ဟု သံသယ များ ကြီးထွားလာနေပြီ ဖြစ်သည်။

ကိုမင်းကိုနိုင်မှ လောလောဆယ် ဓါတ်ပုံပေါင်း ၁၄၄ ပုံ နှင့် ဆယ်မိနစ်ခွဲကြာ ဗီဒီယို ဖိုင်ဟာ မီးတုတ်ကိုင်ပြီး ကမ္ဘာကို စပတ်နေပါပြီ ဆိုသည့်စကားသည် လွန်အံ့မထင်။

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!

Hla Soewai