Local News

ဗ်ဴဟာမႉးကိုယ္တိုင္ ဦးေဆာင္လာတဲ့ မိုင္းရွင္းလင္းေရးအဖြဲ႕

ဗ်ဴဟာမႉးကိုယ္တိုင္ ဦးေဆာင္လာတဲ့ မိုင္းရွင္းလင္းေရးအဖြဲ႕ မိုင္းဆြဲခံရလို႔ အေလာင္းေတြကို ေဖာကားနဲ႔ ၂ ခါခြဲသယ္ေနရ

ယင္းမာပင္၊ ဇြန္ ၁၉၊ ၂၀၂၂။

စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕နယ္၊ ဖိုဝင္ေတာင္နယ္ေျမအတြင္း မိုင္းရွင္းလင္းေရးလုပ္ေနတဲ့ စစ္ေကာင္စီတပ္ကို ဇြန္လ ၁၉ ရက္ေန႔က ယင္းမာပင္ၿမိဳ႕နယ္ ေဒါင္းမင္းအဖြဲ႕က မိုင္းဆြဲတိုက္ခိုက္ခဲ့လို႔ ခ်င္းတြင္း႐ိုမ မဟာမိတ္တပ္ေပါင္းစုတာဝန္ခံက ေျမလတ္အသံကို ေျပာပါတယ္။

ဒီကေန႔ မနက္ ၉ နာရီခန႔္က ဗ်ဴဟာမႉးကိုယ္တိုင္ လိုက္ပါလာတဲ့ အင္အား ၃၀၀ ခန႔္ပါ မိုင္းရွင္းလင္းေရး စစ္ေကာင္စီတပ္ကို မိုင္းအႀကီးစား ၁၂ နဲ႔ တိုက္ခိုက္ခဲ့လို႔ ခ်င္းတြင္း႐ိုမ မဟာမိတ္တပ္ေပါင္းစုတာဝန္ခံကေျပာပါတယ္။

“သူတို႔ရဲ႕ ဗ်ဴဟာမႉးက ေတာ္ေတာ္ ေတာ္ပါတယ္။ က်ေနာ္တို႔မိုင္းဆြဲလို႔ရတာက ၁ မိုင္အတြင္းပဲဆြဲလို႔ရတာ၊ သူတို႔က တဖက္ကို ၁ မိုင္အကြာကေနျဖန႔္ၿပီးေတာ့ ရွင္းတယ္။

အဲလိုရွင္းတဲ့အခ်ိန္ ယင္းမာပင္ၿမိဳ႕နယ္ ေဒါင္းမင္းအဖြဲ႕က ရဲေဘာ္ ၃ ေယာက္ထဲနဲ႔ ဖိုလ္ဝင္ေတာင္ေျမာက္ျခမ္းဧရိယာ ၆ မိုင္ပါတ္ခ်ာလည္ကို မိုင္းအႀကီးႀကီး ၁၂ လုံးခြဲခဲ့ႏိုင္တယ္။ အဲဒါလည္း သူတို႔ဘက္ကအင္အာားမ်ားေတာ့ က်ေနာ္တို႔လည္းခြဲၿပီး ေျပးရတယ္” လို႔ သူကေျပာပါတယ္။

မိုင္းခြဲတိုက္ခိုက္ခဲ့တဲ့ ေဒါင္းမင္း PDF အဖြဲ႕အေနနဲ႔ ထိခိုက္မႈတစုံတခုမရွိဘဲ ေဘးလြတ္ရာကို ေရာက္ရွိခဲ့ၿပီး၊ စစ္ေကာင္စီဘက္က ေသဆုံသြားတဲ့ စစ္သားေတြမ်ားတာေၾကာင့္ အေလာင္းေတြကို ေဖါကားေတြနဲ႔ ၂ ခါ ခြဲသယ္ေနရတယ္လို႔ ေျပာပါတယ္။

“အဲဒီေနရာမွာဘယ္ေလာက္ေသတယ္လို႔ေတာ့ အတိအက်မသိရဘူး၊ ကားလမ္းေဘးတေလွ်ာက္က ေဒသခံျပည္သူေတြ ေျပာျပခ်က္အရ နမခဘက္ကို အေလာင္းေတြ တင္ေမာင္းသြားတယ္တဲ့ ေဖာကား နက္ျပာေရာင္နဲ႔ ၂ ေခါက္တိုက္ယူရတယ္လို႔ သိရပါတယ္။

အဲဒီကေန ညေန ၅ နာရီဝန္းက်င္မွာ သူတို႔ ယာဥ္တန္းထြက္ခြာသြားၿပီလို႔သိရတယ္” လို႔ ခ်င္းတြင္း႐ိုမ မဟာမိတ္တပ္ေပါင္းစုတာဝန္ခံကဆက္ေျပာပါတယ္။

စစ္ကိုင္းတိုင္းအတြင္းက ယင္းမာပင္ၿမိဳ႕နယ္ဟာ စစ္ေကာင္စီတပ္ေတြနဲ႔ တိုက္ပြဲျပင္းျပင္းထန္ထန္ တိုက္ခိုက္ေနရတဲ့ ၿမိဳ႕နယ္တၿမိဳ႕နယ္ျဖစ္ၿပီး ၿပီးခဲ့တဲ့ ဧၿပီလအတြင္းမွာလည္း တိုက္ပြဲျဖစ္ေနတဲ့ ပ်ဴေစာထီးအမ်ားစုေနတဲ့ ဘန္ေဘြး႐ြာကို စစ္ကူလာေပးတဲ့စစ္ေကာင္စီတပ္ယာဥ္တန္းကို ပူးေပါင္းအဖြဲ႕ေတြက အသြားအျပန္မိုင္းဆြဲတိုက္ခိုက္လို႔ စစ္ေကာင္စီ ၂၀ ေက်ာ္ေသဆုံးခဲ့တယ္လို႔ ခ်ိဳမိုင္မိုင္ PDF အဖြဲ႕က ေျပာပါတယ္။

#ေျမလတ္အသံ

ဗျူဟာမှူးကိုယ်တိုင် ဦးဆောင်လာတဲ့ မိုင်းရှင်းလင်းရေးအဖွဲ့ မိုင်းဆွဲခံရလို့ အလောင်းတွေကို ဖောကားနဲ့ ၂ ခါခွဲသယ်နေရ

ယင်းမာပင်၊ ဇွန် ၁၉၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဖိုဝင်တောင်နယ်မြေအတွင်း မိုင်းရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ကို ဇွန်လ ၁၉ ရက်နေ့က ယင်းမာပင်မြို့နယ် ဒေါင်းမင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ချင်းတွင်းရိုမ မဟာမိတ်တပ်ပေါင်းစုတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ဒီကနေ့ မနက် ၉ နာရီခန့်က ဗျူဟာမှူးကိုယ်တိုင် လိုက်ပါလာတဲ့ အင်အား ၃၀၀ ခန့်ပါ မိုင်းရှင်းလင်းရေး စစ်ကောင်စီတပ်ကို မိုင်းအကြီးစား ၁၂ နဲ့ တိုက်ခိုက်ခဲ့လို့ ချင်းတွင်းရိုမ မဟာမိတ်တပ်ပေါင်းစုတာဝန်ခံကပြောပါတယ်။

“သူတို့ရဲ့ ဗျူဟာမှူးက တော်တော် တော်ပါတယ်။ ကျနော်တို့မိုင်းဆွဲလို့ရတာက ၁ မိုင်အတွင်းပဲဆွဲလို့ရတာ၊ သူတို့က တဖက်ကို ၁ မိုင်အကွာကနေဖြန့်ပြီးတော့ ရှင်းတယ်။

အဲလိုရှင်းတဲ့အချိန် ယင်းမာပင်မြို့နယ် ဒေါင်းမင်းအဖွဲ့က ရဲဘော် ၃ ယောက်ထဲနဲ့ ဖိုလ်ဝင်တောင်မြောက်ခြမ်းဧရိယာ ၆ မိုင်ပါတ်ချာလည်ကို မိုင်းအကြီးကြီး ၁၂ လုံးခွဲခဲ့နိုင်တယ်။ အဲဒါလည်း သူတို့ဘက်ကအင်အာားများတော့ ကျနော်တို့လည်းခွဲပြီး ပြေးရတယ်” လို့ သူကပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ ဒေါင်းမင်း PDF အဖွဲ့အနေနဲ့ ထိခိုက်မှုတစုံတခုမရှိဘဲ ဘေးလွတ်ရာကို ရောက်ရှိခဲ့ပြီး၊ စစ်ကောင်စီဘက်က သေဆုံသွားတဲ့ စစ်သားတွေများတာကြောင့် အလောင်းတွေကို ဖေါကားတွေနဲ့ ၂ ခါ ခွဲသယ်နေရတယ်လို့ ပြောပါတယ်။

“အဲဒီနေရာမှာဘယ်လောက်သေတယ်လို့တော့ အတိအကျမသိရဘူး၊ ကားလမ်းဘေးတလျှောက်က ဒေသခံပြည်သူတွေ ပြောပြချက်အရ နမခဘက်ကို အလောင်းတွေ တင်မောင်းသွားတယ်တဲ့ ဖောကား နက်ပြာရောင်နဲ့ ၂ ခေါက်တိုက်ယူရတယ်လို့ သိရပါတယ်။

အဲဒီကနေ ညနေ ၅ နာရီဝန်းကျင်မှာ သူတို့ ယာဉ်တန်းထွက်ခွာသွားပြီလို့သိရတယ်” လို့ ချင်းတွင်းရိုမ မဟာမိတ်တပ်ပေါင်းစုတာဝန်ခံကဆက်ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ယင်းမာပင်မြို့နယ်ဟာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပြင်းပြင်းထန်ထန် တိုက်ခိုက်နေရတဲ့ မြို့နယ်တမြို့နယ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာလည်း တိုက်ပွဲဖြစ်နေတဲ့ ပျူစောထီးအများစုနေတဲ့ ဘန်ဘွေးရွာကို စစ်ကူလာပေးတဲ့စစ်ကောင်စီတပ်ယာဉ်တန်းကို ပူးပေါင်းအဖွဲ့တွေက အသွားအပြန်မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီ ၂၀ ကျော်သေဆုံးခဲ့တယ်လို့ ချိုမိုင်မိုင် PDF အဖွဲ့က ပြောပါတယ်။

#မြေလတ်အသံ