Local News

ေပ်ာက္ဆုံးေနတဲ့ ေက်ာင္းအုပ္ႏွင့္ဆရာမကို လိုက္ရွာသူမ်ား

ေပ်ာက္ဆုံးေနတဲ့ ေက်ာင္းအုပ္ႏွင့္ဆရာမကို လိုက္ရွာသူမ်ား ေသနတ္ျဖင့္ ပစ္ခတ္ခံရ

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္မွာ ေပ်ာက္ဆုံးေနတဲ့ေက်ာင္းအုပ္ ဆရာႀကီး နဲ႔ ဆရာမ တို႔အား လိုက္ရွာေနၾကသူေတြ ဇြန္ ၁၉ ရက္ ဒီေန႔ညေန ၃ နာရီေလာက္က အမည္မသိလက္နက္ကိုင္အဖြဲ႕ရဲ႕ ပစ္ခတ္ခံရတာေၾကာင့္ ၃ ဦး ဒဏ္ရာ ရွိသြားတယ္လို႔ လိုက္ရွာသူေတြထဲပါဝင္တဲ့ ေဒသခံတဦးက အတည္ျပဳေျပာပါတယ္။

“ဟုတ္ပါတယ္။ က်ေနာ္တို႔ အုပ္စုလာတာကိုျမင္တာနဲ႔ ေသနတ္နဲ႔ ၇ ခ်က္ပစ္တာ ၃ ဦးဒဏ္ရာရသြားတယ္။ ပစ္တာက ဘယ္အဖြဲ႕လဲဆိုတာမသိပါဘူး။”

ဇြန္ ၁၆ ရက္ ေန႔လယ္က သေဘၤာလွမူလြန္ေက်ာင္းက ေက်ာင္းအုပ္ဆရာႀကီး ဦးဘိုဝင္းနဲ႔ လက္ေထာက္ ဆရာမေဒၚဥမၼာေက်ာ္တို႔ဟာ ေမာင္ေတာၿမိဳ႕နယ္ ပညာေရးမႉးရဲ႕ ဆင့္ေခၚမႈေၾကာင့္ ဆိုင္ကယ္နဲ႔အသြား ေတာင္ၿပိဳလမ္းခုလပ္တေနရာမွာ ေပ်ာက္ဆုံးသြားၿပီးေနာက္ ျပန္ေပးသမားေတြ‌က ဘဂၤလားေဒ့ရွ္ တာကာေငြ သိန္း ၅၀ (ျမန္မာက်ပ္ေငြသိန္းတေထာင္) ေလာက္နဲ႔ ျပန္ေ႐ြးဖို႔ ပညာေရးမႉးဆီ ဆက္သြယ္ေတာင္းဆိုထားတာပါ။

ေပ်ာက္ဆုံးေနသူ ၂ ဦးအား ဒီေန႔ အဖြဲ႕ ၆ ဖြဲ႕ခြဲၿပီး လိုက္ရွာေနၾကရာ ကြမ္းသီပင္အုပ္စု မဲ့တီေက်း႐ြာမွာ လိုက္ရွာတဲ့အဖြဲ႕ အပစ္ခံရတာလည္းျဖစ္ပါတယ္။

“ဒီေန႔မွာ က်ေနာ္တို႔ လူ ၂၀၀ ​ေက်ာ္ေလာက္စုၿပီး အဖြဲ႕ ၆ ဖြဲ႕ခြဲၿပီး လိုက္ရွာေနၾကတာ။ ကြမ္းသီးပင္ေက်း႐ြာ အုပ္စုကအဖြဲ႕ အပစ္ခံရတာ။ အခု နယ္ျခားေစာင့္ေတြလိုက္သြားၾကတယ္” လို႔ ေဒသခံက ေျပာပါတယ္။

ဒဏ္ရာရွိသူေတြကေတာ့ ခူတိုင္႐ြာမွ ဦးနီေအာင္နဲ႔ အျခား ၂ ဦးတို႔ ဒဏ္ရာရရွိသြားတယ္လို႔ ဆိုပါတယ္။

ပစ္ခတ္ခံရတာေၾကာင့္ ရွာေဖြသူ ၅၀ ေလာက္ဟာ လူအုပ္စုကြဲသြားၿပီး ေပ်ာက္ဆုံးေနသူေတြလည္း ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေပ်ာက္ဆုံးေနတဲ့ သေဘၤာလွမူလြန္ေက်ာင္းေက်ာင္းအုပ္ ဆရာႀကီးဦးဘိုဝင္းနဲ႔ လက္ေထာက္ ဆရာမေဒၚဥမၼာေက်ာ္တို႔အား ဒီေန႔ ၃ ရက္ေျမာက္အျဖစ္ လိုက္လံရွာေဖြေနၾကတာပါ။

အခုလို ျပန္ေပးဆြဲခံရတဲ့ သတင္းနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာ ရခိုင္ျပည္နယ္ေကာင္စီနဲ႔ စစ္ေကာင္စီပညာေရး ဝန္ႀကီးဌာနတို႔က တစုံတရာ သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။source-DVB

ပျောက်ဆုံးနေတဲ့ ကျောင်းအုပ်နှင့်ဆရာမကို လိုက်ရှာသူများ သေနတ်ဖြင့် ပစ်ခတ်ခံရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပျောက်ဆုံးနေတဲ့ကျောင်းအုပ် ဆရာကြီး နဲ့ ဆရာမ တို့အား လိုက်ရှာနေကြသူတွေ ဇွန် ၁၉ ရက် ဒီနေ့ညနေ ၃ နာရီလောက်က အမည်မသိလက်နက်ကိုင်အဖွဲ့ရဲ့ ပစ်ခတ်ခံရတာကြောင့် ၃ ဦး ဒဏ်ရာ ရှိသွားတယ်လို့ လိုက်ရှာသူတွေထဲပါဝင်တဲ့ ဒေသခံတဦးက အတည်ပြုပြောပါတယ်။

“ဟုတ်ပါတယ်။ ကျနော်တို့ အုပ်စုလာတာကိုမြင်တာနဲ့ သေနတ်နဲ့ ၇ ချက်ပစ်တာ ၃ ဦးဒဏ်ရာရသွားတယ်။ ပစ်တာက ဘယ်အဖွဲ့လဲဆိုတာမသိပါဘူး။”

ဇွန် ၁၆ ရက် နေ့လယ်က သင်္ဘောလှမူလွန်ကျောင်းက ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက် ဆရာမဒေါ်ဥမ္မာကျော်တို့ဟာ မောင်တောမြို့နယ် ပညာရေးမှူးရဲ့ ဆင့်ခေါ်မှုကြောင့် ဆိုင်ကယ်နဲ့အသွား တောင်ပြိုလမ်းခုလပ်တနေရာမှာ ပျောက်ဆုံးသွားပြီးနောက် ပြန်ပေးသမားတွေ‌က ဘင်္ဂလားဒေ့ရှ် တာကာငွေ သိန်း ၅၀ (မြန်မာကျပ်ငွေသိန်းတထောင်) လောက်နဲ့ ပြန်ရွေးဖို့ ပညာရေးမှူးဆီ ဆက်သွယ်တောင်းဆိုထားတာပါ။

ပျောက်ဆုံးနေသူ ၂ ဦးအား ဒီနေ့ အဖွဲ့ ၆ ဖွဲ့ခွဲပြီး လိုက်ရှာနေကြရာ ကွမ်းသီပင်အုပ်စု မဲ့တီကျေးရွာမှာ လိုက်ရှာတဲ့အဖွဲ့ အပစ်ခံရတာလည်းဖြစ်ပါတယ်။

“ဒီနေ့မှာ ကျနော်တို့ လူ ၂၀၀ ​ကျော်လောက်စုပြီး အဖွဲ့ ၆ ဖွဲ့ခွဲပြီး လိုက်ရှာနေကြတာ။ ကွမ်းသီးပင်ကျေးရွာ အုပ်စုကအဖွဲ့ အပစ်ခံရတာ။ အခု နယ်ခြားစောင့်တွေလိုက်သွားကြတယ်” လို့ ဒေသခံက ပြောပါတယ်။

ဒဏ်ရာရှိသူတွေကတော့ ခူတိုင်ရွာမှ ဦးနီအောင်နဲ့ အခြား ၂ ဦးတို့ ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

ပစ်ခတ်ခံရတာကြောင့် ရှာဖွေသူ ၅၀ လောက်ဟာ လူအုပ်စုကွဲသွားပြီး ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ သင်္ဘောလှမူလွန်ကျောင်းကျောင်းအုပ် ဆရာကြီးဦးဘိုဝင်းနဲ့ လက်ထောက် ဆရာမဒေါ်ဥမ္မာကျော်တို့အား ဒီနေ့ ၃ ရက်မြောက်အဖြစ် လိုက်လံရှာဖွေနေကြတာပါ။

အခုလို ပြန်ပေးဆွဲခံရတဲ့ သတင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရခိုင်ပြည်နယ်ကောင်စီနဲ့ စစ်ကောင်စီပညာရေး ဝန်ကြီးဌာနတို့က တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။source-DVB