Local News

မႏၲေလးၿမိဳ႕လယ္က စစ္တပ္ပိုင္ ျမဝတီဘဏ္ကို

မႏၲေလးၿမိဳ႕လယ္က စစ္တပ္ပိုင္ ျမဝတီဘဏ္ကို ထပ္မံဗုံးထုတိုက္ခိုက္

MFP ၊ ဇြန္ – ၁၉

မႏၲေလးၿမိဳ႕လယ္မွာရွိတဲ့ စစ္တပ္ပိုင္ ျမဝတီဘဏ္ကို ဒီေန႔ ဇြန္လ (၁၉)ရက္ ညေနပိုင္းမွာ ဗုံးထုတိုက္ခိုက္ခဲ့တယ္လို႔ ေျပာက္က်ားအဖြဲ႕ေတြဆီက သိရပါတယ္။

(၈၁)လမ္း၊ (၂၆)လမ္းနဲ႔ (၂၇)လမ္းၾကားမွာရွိတဲ့ စစ္တပ္ပိုင္ ျမဝတီဘဏ္ လုံၿခဳံေရးဘန္ကာကို ဗုံးနဲ႔တိုက္ခိုက္ခဲ့တဲ့အတြက္ လုံၿခဳံေရးယူထားတဲ့ အနည္းဆုံး စစ္သားတစ္ေယာက္ ထိခိုက္မႈရွိႏိုင္တယ္လို႔လည္း အဲဒီအဖြဲ႕ေတြက ေျပာပါတယ္။

ဗုံးထုတိုက္ခိုက္ေနခ်ိန္ လမ္းသြားလမ္းလာျပည္သူအမ်ိဳးသမီးတစ္ဦး မေတာ္တဆ ထိခိုက္မႈရရွိခဲ့တဲ့အတြက္ ေတာင္းပန္ပါတယ္လို႔လည္း ေျပာက္က်ားအဖြဲ႕ေတြက ဆိုပါတယ္။

ျပည္သူေတြအေနနဲ႔ စစ္အုပ္စု တပ္စြဲတဲ့ေနရာေတြ၊ စစ္အုပ္စုေမာ္ေတာ္ယာဥ္ေတြရဲ႕ေနာက္က လိုက္ပါေမာင္းႏွင္တာ၊ အနီးကပ္သြားလာတာမ်ိဳးေတြ ေရွာင္ၾကဥ္ေပးၾကဖို႔လည္း ထပ္ေလာင္း သတိေပးေျပာဆိုထားပါတယ္။

ယေန႔လုပ္ေဆာင္ခ်က္ဟာ လူထုေခါင္းေဆာင္ အေမစုရဲ႕ (၇၇) ႏွစ္ျပည့္ေမြးေန႔အထိမ္းအမွတ္အျဖစ္ မဟာမိတ္ (၃) ဖြဲ႕က ေမြးေန႔လက္ေဆာင္ေပးခဲ့တာပါ၊

Mission လုပ္ခ်ိန္ဟာ မိုး႐ြာေနၿပီး အသီးက ေခ်ာ္ပီးက်ခဲ့တဲ့အတြက္ ထိခိုက္မိခဲ့တာပါ၊ ထိခိုက္ခဲ့မူအတြက္ ခြင့္လြတ္နားလည္ေပးၾကဖို႔ ေတာင္းပန္အပ္ပါတယ္ “ လို႔ Kings Cobra Guerilla Force- MDY က ဗိုလ္ေႁမြေပြးက ေျပာပါတယ္။

အဲဒီတိုက္ခိုက္မႈကို Mother Son Mandalay Force၊ Myanmar Revolution Ranger force နဲ႔ Kings Cobra Guerilla Force- MDY မဟာမိတ္သုံးဖြဲ႕က ပူးေပါင္းေဆာင္႐ြက္ခဲ့ၾကတာျဖစ္ၿပီး ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕ေတြအေနနဲ႔ ေနစရာ၊

စားစရာ အခက္ႀကဳံေနရတဲ့အျပင္ အသုံးျပဳဖို႔ လက္နက္ခဲယမ္းေတြကို ငွါးရမ္းေနရတဲ့အတြက္ ျပည္သူေတြ ကူညီေပးၾကဖို႔လည္း ေမတၱာရပ္ခံထားပါတယ္။

႐ုပ္သံ၊ KCGF

မန္တလေးမြို့လယ်က စစ်တပ်ပိုင် မြဝတီဘဏ်ကို ထပ်မံဗုံးထုတိုက်ခိုက်

MFP ၊ ဇွန် – ၁၉

မန္တလေးမြို့လယ်မှာရှိတဲ့ စစ်တပ်ပိုင် မြဝတီဘဏ်ကို ဒီနေ့ ဇွန်လ (၁၉)ရက် ညနေပိုင်းမှာ ဗုံးထုတိုက်ခိုက်ခဲ့တယ်လို့ ပြောက်ကျားအဖွဲ့တွေဆီက သိရပါတယ်။

(၈၁)လမ်း၊ (၂၆)လမ်းနဲ့ (၂၇)လမ်းကြားမှာရှိတဲ့ စစ်တပ်ပိုင် မြဝတီဘဏ် လုံခြုံရေးဘန်ကာကို ဗုံးနဲ့တိုက်ခိုက်ခဲ့တဲ့အတွက် လုံခြုံရေးယူထားတဲ့ အနည်းဆုံး စစ်သားတစ်ယောက် ထိခိုက်မှုရှိနိုင်တယ်လို့လည်း အဲဒီအဖွဲ့တွေက ပြောပါတယ်။

ဗုံးထုတိုက်ခိုက်နေချိန် လမ်းသွားလမ်းလာပြည်သူအမျိုးသမီးတစ်ဦး မတော်တဆ ထိခိုက်မှုရရှိခဲ့တဲ့အတွက် တောင်းပန်ပါတယ်လို့လည်း ပြောက်ကျားအဖွဲ့တွေက ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ စစ်အုပ်စု တပ်စွဲတဲ့နေရာတွေ၊ စစ်အုပ်စုမော်တော်ယာဉ်တွေရဲ့နောက်က လိုက်ပါမောင်းနှင်တာ၊ အနီးကပ်သွားလာတာမျိုးတွေ ရှောင်ကြဉ်ပေးကြဖို့လည်း ထပ်လောင်း သတိပေးပြောဆိုထားပါတယ်။

ယနေ့လုပ်ဆောင်ချက်ဟာ လူထုခေါင်းဆောင် အမေစုရဲ့ (၇၇) နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် မဟာမိတ် (၃) ဖွဲ့က မွေးနေ့လက်ဆောင်ပေးခဲ့တာပါ၊

Mission လုပ်ချိန်ဟာ မိုးရွာနေပြီး အသီးက ချော်ပီးကျခဲ့တဲ့အတွက် ထိခိုက်မိခဲ့တာပါ၊ ထိခိုက်ခဲ့မူအတွက် ခွင့်လွတ်နားလည်ပေးကြဖို့ တောင်းပန်အပ်ပါတယ် “ လို့ Kings Cobra Guerilla Force- MDY က ဗိုလ်မြွေပွေးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Mother Son Mandalay Force၊ Myanmar Revolution Ranger force နဲ့ Kings Cobra Guerilla Force- MDY မဟာမိတ်သုံးဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး မြို့ပြပြောက်ကျားအဖွဲ့တွေအနေနဲ့ နေစရာ၊

စားစရာ အခက်ကြုံနေရတဲ့အပြင် အသုံးပြုဖို့ လက်နက်ခဲယမ်းတွေကို ငှါးရမ်းနေရတဲ့အတွက် ပြည်သူတွေ ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ရုပ်သံ၊ KCGF