Local News

အမွတ္နဲ႔ႏိုင္ၿပီးသားကို အလဲထိုးမွဆိုေတာ့လည္း အတြဲလိုက္လႊတ္ျပၾက႐ုံေပါ့ လို႔ဆိုတဲ့ မင္းကိုႏိုင္

အမွတ္နဲ႔ႏိုင္ၿပီးသားကို အလဲထိုးမွဆိုေတာ့လည္း အတြဲလိုက္လႊတ္ျပၾက႐ုံေပါ့ လို႔ဆိုတဲ့ မင္းကိုႏိုင္

လူသတ္ေကာင္ဆြဲတဲ့ ဆဲလ္ဖီ အထုပ္လိုက္ထြက္က်လာတာအမွတ္တမဲ့ ၿပီးသြားမယ္ထင္ေနလား။

ၾကမၼာဆိုးဝင္ရင္ ႀကိဳးကိုေႁမြျမင္သလိုပဲ လူသတ္ေကာင္ဟာကိုယ္တိုင္ဆဲလ္ဖီ႐ိုက္ကူးခဲ့တယ္။ကိုယ္တိုင္ေျဖာင့္ခ်က္ေပးခဲ့တယ္။ကမာၻေက်ာ္ဆဲလ္ဖီပဲ။

ဒါစစ္ေၾကာေရးမွာႏွိပ္စက္ညႇင္းပမ္းလို႔လိမ္လည္ထြက္ဆိုရတာမ်ိဳးမဟုတ္ဘူးထန္းရည္မူးကြၽဲခိုးေပၚတာ။

က်ဴးလြန္ခ်င္လို႔က်ဴးလြန္တာဆိုတဲ့သ႐ုပ္မွန္ စိတ္အမွန္ေတြကိုလွန္ျပလိုက္တာ။ျမန္မာျပည္အာဏာလုစစ္တပ္ရဲ႕အဆင့္အတန္းကိုလွန္ျပလိုက္တာ။

အျပစ္မဲ့ျပည္သူကိုသတ္ျဖတ္ရတာဂုဏ္ဆာေနတဲ့ အာဏာလုစစ္အုပ္စုရဲ႕အဆင့္ကိုလွန္ျပလိုက္တာ။

ၾကမၼာဆိုးက႐ိုက္ကူး႐ုံမၿပီးဘူး။ျပဳတ္က်လိုက္တယ္။ေကာက္ရသူကသာမာန္ျပည္သူ၊ ဒါေပမဲ့ျပည္သူေတာ္လွန္ေရးဆိုေတာ့သိတဲ့အတိုင္းပဲေပါ့။

လိုင္းမရတဲ့စစ္ကိုင္းကေန အေမရိကန္ျပည္ေထာင္စုဝါရွင္တန္ဒီစီအေရာက္ ေဘးမသီရန္မခ အဆင့္ဆင့္ပို႔ေဆာင္တာဝန္ေက်ခဲ့ၾကတယ္။ ျပည္သူ႔ေတာ္လွန္ေရးစစ္စစ္ဆိုတာဒါပဲ။စစ္အုပ္စုသိခ်ိန္မွာထပ္ကံဆိုးျပန္ၿပီ။

လက္ခံယူသူသတင္းသမားေတြဟာႏိုင္ငံေရးအက်ဥ္း သားေဟာင္းေတြပါ။ မ်ိဳးဆက္ေဟာင္းကမီဒီယာသမားအျဖစ္ ဒီေတာ္လွန္ေရးမွာရွိႏွင့္ၿပီးသား။

မ်ိဳးဆက္အလိုက္က်ရာတာဝန္မွန္သမွ် အမိေျမအေပၚခ်စ္ျခင္းမ်ား၊ ဥာဏ္ပညာမ်ားနဲ႔ ထမ္းဖို႔ေက်ဖို႔စုဖြဲ႕ထားတဲ့ေႏြဦးေတာ္လွန္ေရးပါ။

သူတို႔အားစိုက္တင္ျပဖို႔အခ်က္အလက္ေမးျမန္းစရာရွာတဲ့အခါ ျပည္သူ႔ရင္ခြင္ခိုလႈံလာသူစီဒီအမ္ ဗိုလ္ႀကီးထံေရာက္ျပန္တယ္။

သူကမ်ိဳးဆက္သစ္ပါ။ မ်ိဳးဆက္ေတြေပါင္းစုမႈဟာရလဒ္အေနနဲ႔ ဒီကမာၻေက်ာ္လူသတ္ပြဲကို အထင္အရွားသက္ေသခိုင္မာေစခဲ့ပါတယ္။

ဆဲလ္ဖီကလစ္နဲ႔အတူအျပစ္မဲ့ျပည္သူေတြရဲ႕မ်က္ရည္နဲ႔က်ိမ္စာဟာအာဏာလုစစ္အုပ္စုကိုေလာင္ၿမိဳက္ေစပါၿပီ။

ဗီဒီယိုထဲကေျဖာင့္ခ်က္ရွင္ေတြၾကမၼာဘာျဖစ္လာမလဲ။ေလာေလာဆယ္ေတာ့ဓာတ္ပုံေပါင္း ၁၄၄ပုံနဲ႔ ၁၀မိနစ္ခြဲအၾကာဗီဒီယိုဖိုင္ဟာမီးတုတ္ကိုင္ၿပီးကမာၻႀကီးကိုပတ္ေနပါၿပီ။

ဒီမီးတုတ္ကိုႏိုင္ငံတကာအစိုးရမ်ားလႊတ္ေတာ္မ်ားႏွင့္အဖြဲ႕အစည္းစုံကမာၻ႔ျပည္သူမ်ားထံအေရာက္ပို႔ခဲ့ၾကသူေတြဟာဘယ္သူေတြပါလဲ။ ေတာ္လွန္ေသာျမန္မာ
ျပည္သူမ်ားပါပဲ။

ျပည္သူ႔ေတာ္လွန္ေရးဆိုတာဒါပါပဲ။စစ္ေကာင္စီသိခ်ိန္မွာေႏွာင္းခဲ့ပါၿပီ။ဆယ္လ္ဖီဆြဲေျဖာင့္ခ်က္ေပးသူေတြကိုစစ္တပ္ကအလြတ္မခံဘဲအသည္းအမဲလိုက္ေနသလိုျပည္သူကလဲသူတို႔ဇာတိေနာက္ေၾကာင္းရာဇဝင္ႏွင့္တကြတပ္ထဲဝင္ခဲ့တဲ့ႏွစ္ကအစကြန္ယက္ဖြဲ႕ၿပီးလိုက္ေနၾကပါၿပီ။

စစ္အုပ္စုဟာမုဆိုးကသားေကာင္ျဖစ္မယ့္အလွည့္ပါ။စစ္အုပ္စုအတြက္ျပည္သူ႔ေတာ္လွန္ေရးဟာဘယ္ေတာ့မွလက္သီးတလုံးတည္းမလာပါဘူး။အတြဲလိုက္လာပါတယ္။ခုတခါတြဲလက္သီးအျဖစ္ေနာက္တလုံးဆက္လာပါၿပီ။

ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ေရာင္းစားမႈအျဖစ္ မိုင္တဲလ္အက်ိဳးစီးပြါးအတြက္ေပးခဲ့တဲ့ တပ္တြင္းစစ္သည္ေတြတည္ရွိစာရင္း ခုေပါက္ၿပီးထြက္လာပါၿပီ။

ေတာ္လွန္ေရးဟာ အေရၿခဳံမ်က္ႏွာဖုံးေတြ ဆြဲခြါၿပီး တရားစီရင္မယ္ဆိုတဲ့ကတိကိုတည္ေၾကာင္းျပရင္း ေလာကဆီ ခ်ီလာပါၿပီ။

ကမာၻ႔သမိုင္းမွာ လူသတ္ေကာင္ဆြဲတဲ့ဆဲလ္ဖီ အထုပ္လိုက္ထြက္က်လာတာ အမွတ္မဲ့ၿပီးမသြားဘူးဆိုတာ ထပ္ေျပာပါရေစ။

ျပည္သူေတြလက္နက္ကိုင္ဆြဲရတယ္ဆိုတာဟာစစ္တပ္ရဲ႕ထင္တိုင္းရမ္းကားသတ္ျဖတ္ေနတာကို တားဆီးခုခံခြင့္ မရွိမျဖစ္လိုအပ္ခ်က္ဆိုတာသက္ေသထူႏိုင္တာ ျမန္မာျပည္အေရး ေတြေဝေနသူအစိုးရနဲ႔အဖြဲ႕အစည္းေပါင္းစုံအတြက္တုန္လႈပ္ဖြယ္ သတင္းစကားရသြားတာပါ။ပို၍ရင္းႏွီးထည့္ဝင္ပါဝင္ေျဖရွင္းရေတာ့မယ္ဆိုတာလက္ခံေစပါလိမ့္မယ္။

ဘယ္သူတရားမွ်တ ၊ဘယ္သူကားအဓမၼအေမွာင္နဲ႔အလင္း အားခ်င္း မ်က္ႏွာခ်င္းဆိုင္ရာဘယ္ပါမလဲ သဲကြဲေစပါတယ္။

ျပည္သူကေတာ့ဓမၼဘက္သားမ်ားပီပီ ေအာင္စိတ္နဲ႔ ညီျပေနၿမဲ။ ဒီကမာၻေက်ာ္လူသတ္ပြဲအမႈက မ်က္ႏွာပိုင္ရွင္ေတြကို ေဖၚထုတ္ဖို႔တဆက္ထည္း စစ္အုပ္စုျပဳတ္က်ဖို႔ဆိုင္ရာအခ်က္အလက္ေတြ ဝိုင္းကူေဖၚထုတ္ေပးၾကမွ်ေဝေပးၾကရင္း၊လူသတ္ေကာင္ဆြဲတဲ့ ဆဲလ္ဖီ ကို ဘာသာေပါင္းစုံျပန္ဆိုရင္း၊အတြဲလိုက္ထိုးၾကမွာပါ။

အမွတ္နဲ႔ႏိုင္ၿပီးသားကို အလဲထိုးမွဆိုေတာ့လည္းအတြဲလိုက္လႊတ္ျပၾက႐ုံေပါ့။

မင္းကိုႏိုင္

အမှတ်နဲ့နိုင်ပြီးသားကို အလဲထိုးမှဆိုတော့လည်း အတွဲလိုက်လွှတ်ပြကြရုံပေါ့ လို့ဆိုတဲ့ မင်းကိုနိုင်

လူသတ်ကောင်ဆွဲတဲ့ ဆဲလ်ဖီ အထုပ်လိုက်ထွက်ကျလာတာအမှတ်တမဲ့ ပြီးသွားမယ်ထင်နေလား။

ကြမ္မာဆိုးဝင်ရင် ကြိုးကိုမြွေမြင်သလိုပဲ လူသတ်ကောင်ဟာကိုယ်တိုင်ဆဲလ်ဖီရိုက်ကူးခဲ့တယ်။ကိုယ်တိုင်ဖြောင့်ချက်ပေးခဲ့တယ်။ကမ္ဘာကျော်ဆဲလ်ဖီပဲ။

ဒါစစ်ကြောရေးမှာနှိပ်စက်ညှင်းပမ်းလို့လိမ်လည်ထွက်ဆိုရတာမျိုးမဟုတ်ဘူးထန်းရည်မူးကျွဲခိုးပေါ်တာ။

ကျူးလွန်ချင်လို့ကျူးလွန်တာဆိုတဲ့သရုပ်မှန် စိတ်အမှန်တွေကိုလှန်ပြလိုက်တာ။မြန်မာပြည်အာဏာလုစစ်တပ်ရဲ့အဆင့်အတန်းကိုလှန်ပြလိုက်တာ။

အပြစ်မဲ့ပြည်သူကိုသတ်ဖြတ်ရတာဂုဏ်ဆာနေတဲ့ အာဏာလုစစ်အုပ်စုရဲ့အဆင့်ကိုလှန်ပြလိုက်တာ။

ကြမ္မာဆိုးကရိုက်ကူးရုံမပြီးဘူး။ပြုတ်ကျလိုက်တယ်။ကောက်ရသူကသာမာန်ပြည်သူ၊ ဒါပေမဲ့ပြည်သူတော်လှန်ရေးဆိုတော့သိတဲ့အတိုင်းပဲပေါ့။

လိုင်းမရတဲ့စစ်ကိုင်းကနေ အမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီအရောက် ဘေးမသီရန်မခ အဆင့်ဆင့်ပို့ဆောင်တာဝန်ကျေခဲ့ကြတယ်။ ပြည်သူ့တော်လှန်ရေးစစ်စစ်ဆိုတာဒါပဲ။စစ်အုပ်စုသိချိန်မှာထပ်ကံဆိုးပြန်ပြီ။

လက်ခံယူသူသတင်းသမားတွေဟာနိုင်ငံရေးအကျဉ်း သားဟောင်းတွေပါ။ မျိုးဆက်ဟောင်းကမီဒီယာသမားအဖြစ် ဒီတော်လှန်ရေးမှာရှိနှင့်ပြီးသား။

မျိုးဆက်အလိုက်ကျရာတာဝန်မှန်သမျှ အမိမြေအပေါ်ချစ်ခြင်းများ၊ ဉာဏ်ပညာများနဲ့ ထမ်းဖို့ကျေဖို့စုဖွဲ့ထားတဲ့နွေဦးတော်လှန်ရေးပါ။

သူတို့အားစိုက်တင်ပြဖို့အချက်အလက်မေးမြန်းစရာရှာတဲ့အခါ ပြည်သူ့ရင်ခွင်ခိုလှုံလာသူစီဒီအမ် ဗိုလ်ကြီးထံရောက်ပြန်တယ်။

သူကမျိုးဆက်သစ်ပါ။ မျိုးဆက်တွေပေါင်းစုမှုဟာရလဒ်အနေနဲ့ ဒီကမ္ဘာကျော်လူသတ်ပွဲကို အထင်အရှားသက်သေခိုင်မာစေခဲ့ပါတယ်။

ဆဲလ်ဖီကလစ်နဲ့အတူအပြစ်မဲ့ပြည်သူတွေရဲ့မျက်ရည်နဲ့ကျိမ်စာဟာအာဏာလုစစ်အုပ်စုကိုလောင်မြိုက်စေပါပြီ။

ဗီဒီယိုထဲကဖြောင့်ချက်ရှင်တွေကြမ္မာဘာဖြစ်လာမလဲ။လောလောဆယ်တော့ဓာတ်ပုံပေါင်း ၁၄၄ပုံနဲ့ ၁၀မိနစ်ခွဲအကြာဗီဒီယိုဖိုင်ဟာမီးတုတ်ကိုင်ပြီးကမ္ဘာကြီးကိုပတ်နေပါပြီ။

ဒီမီးတုတ်ကိုနိုင်ငံတကာအစိုးရများလွှတ်တော်များနှင့်အဖွဲ့အစည်းစုံကမ္ဘာ့ပြည်သူများထံအရောက်ပို့ခဲ့ကြသူတွေဟာဘယ်သူတွေပါလဲ။ တော်လှန်သောမြန်မာ
ပြည်သူများပါပဲ။

ပြည်သူ့တော်လှန်ရေးဆိုတာဒါပါပဲ။စစ်ကောင်စီသိချိန်မှာနှောင်းခဲ့ပါပြီ။ဆယ်လ်ဖီဆွဲဖြောင့်ချက်ပေးသူတွေကိုစစ်တပ်ကအလွတ်မခံဘဲအသည်းအမဲလိုက်နေသလိုပြည်သူကလဲသူတို့ဇာတိနောက်ကြောင်းရာဇဝင်နှင့်တကွတပ်ထဲဝင်ခဲ့တဲ့နှစ်ကအစကွန်ယက်ဖွဲ့ပြီးလိုက်နေကြပါပြီ။

စစ်အုပ်စုဟာမုဆိုးကသားကောင်ဖြစ်မယ့်အလှည့်ပါ။စစ်အုပ်စုအတွက်ပြည်သူ့တော်လှန်ရေးဟာဘယ်တော့မှလက်သီးတလုံးတည်းမလာပါဘူး။အတွဲလိုက်လာပါတယ်။ခုတခါတွဲလက်သီးအဖြစ်နောက်တလုံးဆက်လာပါပြီ။

နိုင်ငံတော်လျှို့ဝှက်ချက်ရောင်းစားမှုအဖြစ် မိုင်တဲလ်အကျိုးစီးပွါးအတွက်ပေးခဲ့တဲ့ တပ်တွင်းစစ်သည်တွေတည်ရှိစာရင်း ခုပေါက်ပြီးထွက်လာပါပြီ။

တော်လှန်ရေးဟာ အရေခြုံမျက်နှာဖုံးတွေ ဆွဲခွါပြီး တရားစီရင်မယ်ဆိုတဲ့ကတိကိုတည်ကြောင်းပြရင်း လောကဆီ ချီလာပါပြီ။

ကမ္ဘာ့သမိုင်းမှာ လူသတ်ကောင်ဆွဲတဲ့ဆဲလ်ဖီ အထုပ်လိုက်ထွက်ကျလာတာ အမှတ်မဲ့ပြီးမသွားဘူးဆိုတာ ထပ်ပြောပါရစေ။

ပြည်သူတွေလက်နက်ကိုင်ဆွဲရတယ်ဆိုတာဟာစစ်တပ်ရဲ့ထင်တိုင်းရမ်းကားသတ်ဖြတ်နေတာကို တားဆီးခုခံခွင့် မရှိမဖြစ်လိုအပ်ချက်ဆိုတာသက်သေထူနိုင်တာ မြန်မာပြည်အရေး တွေဝေနေသူအစိုးရနဲ့အဖွဲ့အစည်းပေါင်းစုံအတွက်တုန်လှုပ်ဖွယ် သတင်းစကားရသွားတာပါ။ပို၍ရင်းနှီးထည့်ဝင်ပါဝင်ဖြေရှင်းရတော့မယ်ဆိုတာလက်ခံစေပါလိမ့်မယ်။

ဘယ်သူတရားမျှတ ၊ဘယ်သူကားအဓမ္မအမှောင်နဲ့အလင်း အားချင်း မျက်နှာချင်းဆိုင်ရာဘယ်ပါမလဲ သဲကွဲစေပါတယ်။

ပြည်သူကတော့ဓမ္မဘက်သားများပီပီ အောင်စိတ်နဲ့ ညီပြနေမြဲ။ ဒီကမ္ဘာကျော်လူသတ်ပွဲအမှုက မျက်နှာပိုင်ရှင်တွေကို ဖေါ်ထုတ်ဖို့တဆက်ထည်း စစ်အုပ်စုပြုတ်ကျဖို့ဆိုင်ရာအချက်အလက်တွေ ဝိုင်းကူဖေါ်ထုတ်ပေးကြမျှဝေပေးကြရင်း၊လူသတ်ကောင်ဆွဲတဲ့ ဆဲလ်ဖီ ကို ဘာသာပေါင်းစုံပြန်ဆိုရင်း၊အတွဲလိုက်ထိုးကြမှာပါ။

အမှတ်နဲ့နိုင်ပြီးသားကို အလဲထိုးမှဆိုတော့လည်းအတွဲလိုက်လွှတ်ပြကြရုံပေါ့။

မင်းကိုနိုင်