Local News

စစ္တပ္အထိနာ

အၾကမ္းဖက္စစ္တပ္အထိနာ၊အေလ-ာင္းေတြ မသယ္ေတာ့ဘဲ မီးရႈိ႕ထားခဲ့ (႐ုပ္သံ)

လူငယ့္ေခတ္

ဇြန္ ၂၀

ၿပီးခဲ့တဲ့ ဇြန္လ၁၈ရက္ေန႔က စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕ကေန တပ္ျဖန႔္လာၿပီး ေ႐ႊႀတိဂံတပ္ရင္းရဲ႕ နယ္ေျမမွာ မိုင္းလာရွင္းတဲ့ အၾကမ္းဖက္စစ္ေကာင္စီတပ္သားေတြ ဟာ

တိုက္ပြဲမွာအထိနာခဲ့ၿပီးတဲ့ေနာက္ အေလာင္းေတာင္မသယ္ယူႏိုင္ေတာ့ဘဲ မီးရႈိ႕ထားခဲ့တယ္လို႔ ေ႐ႊႀတိဂံတပ္ရင္းက ႐ုပ္သံမွတ္တမ္းနဲ႔ ေဖာ္ျပထားပါတယ္။

အၾကမ္းဖက္စစ္ေကာင္စီတပ္ဟာ ကားအစီးေရ (၁၀၀)ေက်ာ္နဲ႔ ယင္းမာပင္ၿမိဳ႕မွာ ေရာက္ရွိေနၿပီး ပတ္ဝန္းက်င္ေဒသေတြကို တပ္ျဖန႔္ေနတဲ့အတြက္ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ေတြက တိုက္ခိုက္ေနၾကတာျဖစ္ပါတယ္။

မေန႔ကလဲ ယင္းမာပင္ၿမိဳ႕ကေန ထြက္လာတဲ့ အၾကမ္းဖက္စစ္ေကာင္စီယာဥ္တန္းရဲ႕ ေရွ႕ေျပးတပ္ကို အင္ၾကင္းေတာင္လမ္းခြဲအနီးမွာ

ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ေတြက မိုင္းဆြဲၿပီး လက္နက္ႀကီးေတြနဲ႔ပစ္ခတ္တိုက္ခိုက္ခဲ့ရာမွာ အၾကမ္းဖက္စစ္ေကာင္စီတပ္သား သုံးဆယ္ေက်ာ္ ေသခဲ့တယ္လို႔ စစ္ကြၽန္မခံေႁမြဆိုးတသိုက္ (ေ႐ႊႀတိဂံတပ္ခြဲ)က သတင္းထုတ္ျပန္ထားခဲ့ပါတယ္။

Lungekhit

အကြမ်းဖက်စစ်တပ်အထိနာ၊အလေ-ာင်းတွေ မသယ်တော့ဘဲ မီးရှို့ထားခဲ့ (ရုပ်သံ)

လူငယ့်ခေတ်

ဇွန် ၂၀

ပြီးခဲ့တဲ့ ဇွန်လ၁၈ရက်နေ့က စစ်ကိုင်းတိုင်း ယင်းမာပင်မြို့ကနေ တပ်ဖြန့်လာပြီး ရွှေတြိဂံတပ်ရင်းရဲ့ နယ်မြေမှာ မိုင်းလာရှင်းတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ဟာ

တိုက်ပွဲမှာအထိနာခဲ့ပြီးတဲ့နောက် အလောင်းတောင်မသယ်ယူနိုင်တော့ဘဲ မီးရှို့ထားခဲ့တယ်လို့ ရွှေတြိဂံတပ်ရင်းက ရုပ်သံမှတ်တမ်းနဲ့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ကားအစီးရေ (၁၀၀)ကျော်နဲ့ ယင်းမာပင်မြို့မှာ ရောက်ရှိနေပြီး ပတ်ဝန်းကျင်ဒေသတွေကို တပ်ဖြန့်နေတဲ့အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

မနေ့ကလဲ ယင်းမာပင်မြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းရဲ့ ရှေ့ပြေးတပ်ကို အင်ကြင်းတောင်လမ်းခွဲအနီးမှာ

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား သုံးဆယ်ကျော် သေခဲ့တယ်လို့ စစ်ကျွန်မခံမြွေဆိုးတသိုက် (ရွှေတြိဂံတပ်ခွဲ)က သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

Lungekhit