Local News

SSPP/SSA စစ္စခန္း ၃ ခု ဖယ္ရွားေရး ေနာက္ဆုံးသတ္မွတ္ရက္ကို စစ္ေကာင္စီေ႐ႊ႕ဆိုင္း

SSPP/SSA စစ္စခန္း ၃ ခု ဖယ္ရွားေရး ေနာက္ဆုံးသတ္မွတ္ရက္ကို စစ္ေကာင္စီေ႐ႊ႕ဆိုင္း

ရွမ္းျပည္တိုးတက္ေရးပါတီ/ရွမ္းျပည္တပ္မေတာ္ (SSPP/SSA) ၏ အေရးပါေသာ စစ္စခန္းသုံးခုကို ေနာက္ဆုံးထားဖယ္ရွားရမည့္ရက္ကို စစ္ေကာင္စီ၏ၿငိမ္းခ်မ္းေရးေကာ္မတီက ေ႐ႊ႕ေျပာင္းသတ္မွတ္ေပးလိုက္ခဲ့ေၾကာင္း မဇၩိမက စုံစမ္းသိရွိရသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္း မိုင္းရႈးၿမိဳ႕နယ္ လြိဳင္ႏိုင္းလမ္းခြဲအနီးရွိ စခန္းတစ္ခုႏွင့္ မန္ဝိန္းေက်း႐ြာအနီးရွိ စခန္းႏွစ္ခုကို ဇြန္လ ၁၀ ရက္ေန႔ေနာက္ဆုံးထားဖယ္ရွားရန္ အမိန႔္စာတစ္ေစာင္ကို စည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္မတီက ဇြန္လ ၄ ရက္ေန႔က ေပးပို႔ခဲ့ရာက ေနာက္ပိုင္းတြင္ ေနာက္ဆုံးထားဖယ္ရမည့္ရက္ကို ဇြန္လ ၃၀ ရက္ေန႔သို႔ ေျပာင္းလဲသတ္မွတ္ခဲ့ျခင္းျဖစ္သည္။

သို႔ေသာ္ SSPP/SSA က မိုင္းရႈးၿမိဳ႕ႏွင့္ တန႔္ယန္းၿမိဳ႕ၾကား ကားလမ္းေဘးက အဆိုပါစခန္းမ်ား တည္ရွိေနခဲ့သည္မွာ ၁၀ ႏွစ္ရွိၿပီျဖစ္ေၾကာင္းေျပာကာ ဖယ္ေပးရန္ အေစာပိုင္းကပင္ ျငင္းဆန္ထားသလို ျပင္ဆင္လိုက္ေလ်ာေပးမည္ဟန္လည္းမရွိဟု သတင္းရင္းျမစ္မ်ားက ေျပာသည္။

စစ္ေကာင္စီက ” နယ္ေျမေက်ာ္လြန္ေဆာက္လုပ္” ထားသည္ဆိုေသာ စခန္းသုံးခုလုံးမွာ SSPP/SSA ၏ တပ္မဟာ (၇၀၂)၊ တပ္ရင္း (၄၂၄) ၏စခန္းမ်ားျဖစ္သည္။

ေနျပည္ေတာ္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကိုတက္ေရာက္ရန္အစီအစဥ္ရွိခဲ့ေသာ SSPP/SSA ကို ေဆြးေႏြးမႈမတိုင္မီ စခန္းမ်ားဖယ္ရွားခိုင္းမႈျဖစ္လာခဲ့ျခင္းက ေဆြးေႏြးမႈျဖစ္ေျမာက္လာေရးကို ထိခိုက္ေစခဲ့သည္။

ဓာတ္ပုံ- ရွမ္းျပည္တိုးတက္ေရးပါတီ/ရွမ္းျပည္တပ္မေတာ္ (SSPP/SSA)တပ္အခမ္းအနားတစ္ခု

SSPP/SSA စစ်စခန်း ၃ ခု ဖယ်ရှားရေး နောက်ဆုံးသတ်မှတ်ရက်ကို စစ်ကောင်စီရွှေ့ဆိုင်း

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ အရေးပါသော စစ်စခန်းသုံးခုကို နောက်ဆုံးထားဖယ်ရှားရမည့်ရက်ကို စစ်ကောင်စီ၏ငြိမ်းချမ်းရေးကော်မတီက ရွှေ့ပြောင်းသတ်မှတ်ပေးလိုက်ခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးမြို့နယ် လွိုင်နိုင်းလမ်းခွဲအနီးရှိ စခန်းတစ်ခုနှင့် မန်ဝိန်းကျေးရွာအနီးရှိ စခန်းနှစ်ခုကို ဇွန်လ ၁၀ ရက်နေ့နောက်ဆုံးထားဖယ်ရှားရန် အမိန့်စာတစ်စောင်ကို စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ဇွန်လ ၄ ရက်နေ့က ပေးပို့ခဲ့ရာက နောက်ပိုင်းတွင် နောက်ဆုံးထားဖယ်ရမည့်ရက်ကို ဇွန်လ ၃၀ ရက်နေ့သို့ ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် SSPP/SSA က မိုင်းရှုးမြို့နှင့် တန့်ယန်းမြို့ကြား ကားလမ်းဘေးက အဆိုပါစခန်းများ တည်ရှိနေခဲ့သည်မှာ ၁၀ နှစ်ရှိပြီဖြစ်ကြောင်းပြောကာ ဖယ်ပေးရန် အစောပိုင်းကပင် ငြင်းဆန်ထားသလို ပြင်ဆင်လိုက်လျောပေးမည်ဟန်လည်းမရှိဟု သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီက ” နယ်မြေကျော်လွန်ဆောက်လုပ်” ထားသည်ဆိုသော စခန်းသုံးခုလုံးမှာ SSPP/SSA ၏ တပ်မဟာ (၇၀၂)၊ တပ်ရင်း (၄၂၄) ၏စခန်းများဖြစ်သည်။

နေပြည်တော် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတက်ရောက်ရန်အစီအစဉ်ရှိခဲ့သော SSPP/SSA ကို ဆွေးနွေးမှုမတိုင်မီ စခန်းများဖယ်ရှားခိုင်းမှုဖြစ်လာခဲ့ခြင်းက ဆွေးနွေးမှုဖြစ်မြောက်လာရေးကို ထိခိုက်စေခဲ့သည်။

ဓာတ်ပုံ- ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)တပ်အခမ်းအနားတစ်ခု