Local News

ေဒၚေအာင္ဆန္းစုၾကည္ ေမြးေန႔ပြဲကို ဒီေန႔ ေနျပည္ေတာ္တရား႐ုံးမွာ က်င္းပ

ေဒၚေအာင္ဆန္းစုၾကည္ ေမြးေန႔ပြဲကို ဒီေန႔ ေနျပည္ေတာ္တရား႐ုံးမွာ က်င္းပ

■ ဇြန္လ ၁၉ ရက္ မေန႔က က်ေရာက္ခဲ့တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၇၇ ႏွစ္ေျမာက္ ေမြးေန႔ပြဲကို ဇြန္လ ၂၀ ရက္ ဒီေန႔ ေနျပည္ေတာ္အထူးတရားမွာ သူ႔ရဲ႕ေရွ႕ေနေတြနဲ႔အတူ က်င္းပခဲ့တယ္လို႔ တရား႐ုံးနဲ႔ နီးစပ္သူေတြက ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ေမြးေန႔ ကိတ္မုန္႔ကို ႀကိဳတင္ယူေဆာင္လာခဲ့ၿပီး တရားခြင္မစတင္ခင္ မနက္ ၉ နာရီခြဲတဲ့အခ်ိန္ ေရွ႕ေနေတြနဲ႔ ေတြ႕ဆုံစဥ္မွာ ကိတ္မုန္႔ခြဲၿပီး က်င္းပခဲ့တာလို႔ ဆိုပါတယ္။

ျပည္သူေတြက သူ႔အတြက္ ေမြးေန႔ဆုေတာင္းေပးၾကတာကို ေက်းဇူးတင္ေၾကာင္းနဲ႔ ျပည္သူေတြ က်န္းမာပါေစေၾကာင္း ဆုမြန္ေကာင္း ေတာင္းေပးခဲ့တယ္လို႔ တရား႐ုံးနဲ႔ နီးစပ္သူေတြက ေျပာပါတယ္။

ေမြးေန႔ကိတ္ကို သူ႔ရဲ႕အက်ိဳးေဆာင္ေရွ႕ေနေတြအျပင္ တရားေရးဝန္ထမ္းေတြ၊ လုံၿခဳံေရးဝန္ထမ္းေတြနဲ႔ ေအာက္ေျခအဆင့္ ဝန္ထမ္းေတြကိုလည္း ေဝငွေကြၽးခဲ့တယ္လို႔ ဆိုပါတယ္။

ဒီေန႔ ႐ုံးခ်ိန္းမွာေတာ့ NLD အစိုးရလက္ထက္မွာ ရဟတ္ယာဥ္ ငွားရမ္းအသုံးျပဳတာနဲ႔ သက္ဆိုင္တဲ့ အဂတိမႈအတြက္ တရားလိုျပသက္ေသျဖစ္တဲ့ NLD အစိုးရလက္ထက္က လူကယ္ျပန္ ဒု-ဝန္ႀကီး ဦးစိုးေအာင္ကို စစ္ေဆးခဲ့တယ္လို႔ တရား႐ုံးနဲ႔ နီးစပ္သူေတြက ေျပာပါတယ္။

ဒီေန႔႐ုံးခ်ိန္းကိုလာေရာက္တဲ့ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ ႏွစ္ဦးလုံး က်န္းမာေရး ေကာင္းမြန္ေနတယ္လို႔ တရား႐ုံးနဲ႔ နီးစပ္သူေတြက ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၇၇ ႏွစ္ျပည့္ေမြးေန႔ပြဲကို ျပည္တြင္းမွာေရာ ျပည္ပမွာပါ ပုံသ႑ာန္မ်ိဳးစုံ နည္းလမ္းမ်ိဳးစုံနဲ႔ က်င္းပခဲ့ၾကၿပီး သူအပါအဝင္ ႏိုင္ငံေရးအက်ဥ္းသားေတြအားလုံး လြတ္ေျမာက္ဖို႔ ေတာင္းဆို ခဲ့ၾကပါတယ္။

ၿငိမ္းခ်မ္းေရး ႏိုဘယ္ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ၁၉၈၈ ခုႏွစ္ကေန ၂၀၂၂ ခုႏွစ္ထိ သူ႔ရဲ႕ ႏိုင္ငံေရးခရီးၾကမ္း ၃၄ အတြင္း စစ္အစိုးရအဆက္ဆက္ရဲ႕ အႀကိမ္ႀကိမ္ ဖမ္းဆီးတရားစြဲတာကို ခံေနရတာေၾကာင့္ ေမြးေန႔ေပါင္း ၁၇ ႀကိမ္ကို အက်ဥ္းစံဘဝနဲ႔ ျဖတ္သန္းခဲ့ရပါတယ္။

လက္ရွိမွာေတာ့ သူဟာ စစ္ေကာင္စီက စြပ္စြဲထားတဲ့ အမႈေပါင္း ၁၉ မႈနဲ႔ တရားရင္ဆိုင္ေနရပါတယ္။ အဲဒီအထဲက အမႈ ေျခာက္မႈအတြက္ ေထာင္ဒဏ္ ၁၁ ႏွစ္ ခ်မွတ္ခံထားရၿပီး က်န္ရွိေနတဲ့ အမႈ ၁၃ မႈအတြက္ ဆက္လက္တရားရင္ဆိုင္ေနရပါတယ္။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ဒီနေ့ နေပြည်တော်တရားရုံးမှာ ကျင်းပ

■ ဇွန်လ ၁၉ ရက် မနေ့က ကျရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ်မြောက် မွေးနေ့ပွဲကို ဇွန်လ ၂၀ ရက် ဒီနေ့ နေပြည်တော်အထူးတရားမှာ သူ့ရဲ့ရှေ့နေတွေနဲ့အတူ ကျင်းပခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မွေးနေ့ ကိတ်မုန့်ကို ကြိုတင်ယူဆောင်လာခဲ့ပြီး တရားခွင်မစတင်ခင် မနက် ၉ နာရီခွဲတဲ့အချိန် ရှေ့နေတွေနဲ့ တွေ့ဆုံစဉ်မှာ ကိတ်မုန့်ခွဲပြီး ကျင်းပခဲ့တာလို့ ဆိုပါတယ်။

ပြည်သူတွေက သူ့အတွက် မွေးနေ့ဆုတောင်းပေးကြတာကို ကျေးဇူးတင်ကြောင်းနဲ့ ပြည်သူတွေ ကျန်းမာပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မွေးနေ့ကိတ်ကို သူ့ရဲ့အကျိုးဆောင်ရှေ့နေတွေအပြင် တရားရေးဝန်ထမ်းတွေ၊ လုံခြုံရေးဝန်ထမ်းတွေနဲ့ အောက်ခြေအဆင့် ဝန်ထမ်းတွေကိုလည်း ဝေငှကျွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ ရုံးချိန်းမှာတော့ NLD အစိုးရလက်ထက်မှာ ရဟတ်ယာဉ် ငှားရမ်းအသုံးပြုတာနဲ့ သက်ဆိုင်တဲ့ အဂတိမှုအတွက် တရားလိုပြသက်သေဖြစ်တဲ့ NLD အစိုးရလက်ထက်က လူကယ်ပြန် ဒု-ဝန်ကြီး ဦးစိုးအောင်ကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီနေ့ရုံးချိန်းကိုလာရောက်တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးလုံး ကျန်းမာရေး ကောင်းမွန်နေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ်ပြည့်မွေးနေ့ပွဲကို ပြည်တွင်းမှာရော ပြည်ပမှာပါ ပုံသဏ္ဍာန်မျိုးစုံ နည်းလမ်းမျိုးစုံနဲ့ ကျင်းပခဲ့ကြပြီး သူအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့ တောင်းဆို ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်ထိ သူ့ရဲ့ နိုင်ငံရေးခရီးကြမ်း ၃၄ အတွင်း စစ်အစိုးရအဆက်ဆက်ရဲ့ အကြိမ်ကြိမ် ဖမ်းဆီးတရားစွဲတာကို ခံနေရတာကြောင့် မွေးနေ့ပေါင်း ၁၇ ကြိမ်ကို အကျဉ်းစံဘဝနဲ့ ဖြတ်သန်းခဲ့ရပါတယ်။

လက်ရှိမှာတော့ သူဟာ စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှုပေါင်း ၁၉ မှုနဲ့ တရားရင်ဆိုင်နေရပါတယ်။ အဲဒီအထဲက အမှု ခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ကျန်ရှိနေတဲ့ အမှု ၁၃ မှုအတွက် ဆက်လက်တရားရင်ဆိုင်နေရပါတယ်။