Local News

PDF ေတြကို စစ္အုပ္စုလို႔ထင္ၿပီး လက္အုပ္ခ်ီ ဒူးေထာက္ေတာင္းပန္တဲ့ ပ်ဴ (၆) ဦး

PDF ေတြကို စစ္အုပ္စုလို႔ထင္ၿပီး လက္အုပ္ခ်ီ ဒူးေထာက္ေတာင္းပန္တဲ့ ပ်ဴ (၆) ဦး ရွင္းလင္းခံရ

MFP ၊ ဇြန္ – ၂၀

မႏၲေလးတိုင္း ျမင္းၿခံနယ္ ဆီးမီးခုံၿမိဳ႕အနီးက ေကြ႕ႀကီး႐ြာမွာ ေသာင္းက်န္းေနတဲ့ ပ်ဴေစာထီးေတြကို ရွင္းလင္းဖို႔သြားတဲ့ ကာကြယ္ေရးတပ္ဖြဲ႕ဝင္ေတြကို စစ္အုပ္စုလို႔ထင္ၿပီး လက္အုပ္ခ်ီ ဒူးေထာက္ေတာင္းပန္တဲ့ ပ်ဴေစာထီး (၆)ဦး ရွင္းလင္းခံလိုက္ရတယ္လို႔ ေျမာင္ၿမိဳ႕နယ္ ေတာ္လွန္ေရးတပ္ (MRA)က ဒီေန႔ ထုတ္ျပန္ပါတယ္။

ဇြန္လ (၁၆)ရက္ေန႔ ည (၁၀)နာရီခန္႔မွာ ေကြ႕ႀကီး႐ြာက ပ်ဴေခါင္းေဆာင္ အုန္းျမင့္ကို ရွင္းလင္းဖို႔ အသြားမွာ ႐ြာအဝင္ ကင္းပုန္းဝပ္ေနတဲ့ ပ်ဴေစာထီးေတြက ေသနတ္နဲ႔ ပစ္တဲ့အတြက္ အျပန္အလွန္ ပစ္ခတ္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။

MRA ရဲေဘာ္ေတြက “မင္းတို႔႐ြာ ငါတို႔ လာတာကို ဒီလို ဧည့္ခံတာလားကြ” လို႔ ေအာ္ဟစ္ႀကိမ္းေမာင္းတဲ့အခါ ယူနီေဖာင္းဝတ္ထားၾကတဲ့ ရဲေဘာ္ေတြကို စစ္အုပ္စုဘက္ကလိုထင္ၿပီး ” ဗိုလ္ႀကီးတို႔မွန္း မသိလို႔ပါ သည္းခံေပးပါ၊ ခြင့္လႊတ္ေပးပါ ” လို႔ ဆက္တိုက္ ေတာင္းပန္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ရဲေဘာ္ေတြဘက္က ” ငါး႐ြာအုပ္ႀကီး ေအာင္ေက်ာ္ဆန္း ထြက္ခဲ့စမ္း” လို႔ ေအာ္ေခၚတဲ့အခ်ိန္ ပ်ဴေခါင္းေဆာင္ အုန္းျမင့္၊ လက္ေထာက္ ေအာင္လြင္နဲ႔အတူ ေနာက္လိုက္ ပ်ဴ သုံး ေယာက္က လက္အုပ္ခ်ီထြက္လာၿပီး ေအာင္ေက်ာ္ဆန္းဟာ ရဲေဘာ္ေတြဘက္ကပစ္တဲ့က်ည္ထိကာ မထႏိုင္ေတာ့တဲ့အေၾကာင္း၊ ကင္းေစာင့္ေနခ်ိန္ ဗိုလ္ႀကီးမွန္းမသိလို႔ ပစ္မိိတာပါဆိုၿပီး ဒူးေထာက္ေတာင္းပန္တယ္လို႔ MRA က ထုတ္ျပန္ထားပါတယ္။

ဒီအေျခအေနကို အသုံးခ် လက္ဦးမႈယူၿပီး ကာကြယ္ေရးရဲေဘာ္ေတြဘက္က စရစပ္ပစ္ခတ္ကာ ပ်ဴေစာထီးေတြကို ရွင္းလင္းခဲ့ၿပီး ေနာက္ထပ္ေရာက္လာတဲ့ ပ်ဴေစာထီးေတြကိုလည္း လက္ပစ္ဗုံးနဲ႔ ပစ္ခတ္ခဲ့တဲ့အတြက္ ထြက္ေျပးသြားၾကတယ္လို႔ ဆိုပါတယ္။

အဲဒီတိုက္ပြဲမွာ ပ်ဴေခါင္းေဆာင္ အုန္းျမင့္၊ ေအာင္ေက်ာ္ဆန္းနဲ႔ ေအာင္လြင္အပါအဝင္ ပ်ဴ (၆)ဦး ေသဆုံးၿပီး အမ်ားအျပား ထိခိုက္ဒဏ္ရာရရွိကာ ရဲေဘာ္ေတြ အထိအခိုက္မရွိ ဆုတ္ခြါႏိုင္ခဲ့တယ္လို႔လည္း ထုတ္ျပန္ထားပါတယ္။

ေသဆုံးသြားတဲ့ပ်ဴအေလာင္းေတြကို စစ္အုပ္စုက ျမင္းၿခံကို သယ္ယူသျဂၤုဟ္ခဲ့ၿပီး ေကြ႕ႀကီး႐ြာက ပ်ဴမိသားစုေတြဟာ တျခားေဒသကို ေျပာင္းေ႐ႊ႕သြားတဲ့အျပင္ တိုက္ပြဲအတြင္းမွာ ထြက္ေျပးသြားတဲ့ ပ်ဴေစာထီးေတြလည္း ႐ြာကို ျပန္မလာေတာ့ဘူးလို႔ ဆိုပါတယ္။

အဲဒီတိုက္ပြဲကို ေျမာင္ေတာ္လွန္ေရးတပ္ (MRA) နဲ႔ ေနာင္႐ိုး အထူးေျပာက္က်ားတပ္ဖြဲ႕က ေဆာင္႐ြက္ခဲ့တယ္လို႔ သိရပါတယ္။

PDF တွေကို စစ်အုပ်စုလို့ထင်ပြီး လက်အုပ်ချီ ဒူးထောက်တောင်းပန်တဲ့ မြင်းခြံ ဆီမီးခုံနယ်က ပျူ (၆) ဦး ရှင်းလင်းခံရ

MFP ၊ ဇွန် – ၂၀

မန္တလေးတိုင်း မြင်းခြံနယ် ဆီးမီးခုံမြို့အနီးက ကွေ့ကြီးရွာမှာ သောင်းကျန်းနေတဲ့ ပျူစောထီးတွေကို ရှင်းလင်းဖို့သွားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို စစ်အုပ်စုလို့ထင်ပြီး လက်အုပ်ချီ ဒူးထောက်တောင်းပန်တဲ့ ပျူစောထီး (၆)ဦး ရှင်းလင်းခံလိုက်ရတယ်လို့ မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA)က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ (၁၆)ရက်နေ့ ည (၁၀)နာရီခန့်မှာ ကွေ့ကြီးရွာက ပျူခေါင်းဆောင် အုန်းမြင့်ကို ရှင်းလင်းဖို့ အသွားမှာ ရွာအဝင် ကင်းပုန်းဝပ်နေတဲ့ ပျူစောထီးတွေက သေနတ်နဲ့ ပစ်တဲ့အတွက် အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

MRA ရဲဘော်တွေက “မင်းတို့ရွာ ငါတို့ လာတာကို ဒီလို ဧည့်ခံတာလားကွ” လို့ အော်ဟစ်ကြိမ်းမောင်းတဲ့အခါ ယူနီဖောင်းဝတ်ထားကြတဲ့ ရဲဘော်တွေကို စစ်အုပ်စုဘက်ကလိုထင်ပြီး ” ဗိုလ်ကြီးတို့မှန်း မသိလို့ပါ သည်းခံပေးပါ၊ ခွင့်လွှတ်ပေးပါ ” လို့ ဆက်တိုက် တောင်းပန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရဲဘော်တွေဘက်က ” ငါးရွာအုပ်ကြီး အောင်ကျော်ဆန်း ထွက်ခဲ့စမ်း” လို့ အော်ခေါ်တဲ့အချိန် ပျူခေါင်းဆောင် အုန်းမြင့်၊ လက်ထောက် အောင်လွင်နဲ့အတူ နောက်လိုက် ပျူ သုံး ယောက်က လက်အုပ်ချီထွက်လာပြီး အောင်ကျော်ဆန်းဟာ ရဲဘော်တွေဘက်ကပစ်တဲ့ကျည်ထိကာ မထနိုင်တော့တဲ့အကြောင်း၊ ကင်းစောင့်နေချိန် ဗိုလ်ကြီးမှန်းမသိလို့ ပစ်မိတာပါဆိုပြီး ဒူးထောက်တောင်းပန်တယ်လို့ MRA က ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေကို အသုံးချ လက်ဦးမှုယူပြီး ကာကွယ်ရေးရဲဘော်တွေဘက်က စရစပ်ပစ်ခတ်ကာ ပျူစောထီးတွေကို ရှင်းလင်းခဲ့ပြီး နောက်ထပ်ရောက်လာတဲ့ ပျူစောထီးတွေကိုလည်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ ပျူခေါင်းဆောင် အုန်းမြင့်၊ အောင်ကျော်ဆန်းနဲ့ အောင်လွင်အပါအဝင် ပျူ (၆)ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

သေဆုံးသွားတဲ့ပျူအလောင်းတွေကို စစ်အုပ်စုက မြင်းခြံကို သယ်ယူသင်္ဂြုဟ်ခဲ့ပြီး ကွေ့ကြီးရွာက ပျူမိသားစုတွေဟာ တခြားဒေသကို ပြောင်းရွှေ့သွားတဲ့အပြင် တိုက်ပွဲအတွင်းမှာ ထွက်ပြေးသွားတဲ့ ပျူစောထီးတွေလည်း ရွာကို ပြန်မလာတော့ဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲကို မြောင်တော်လှန်ရေးတပ် (MRA) နဲ့ နောင်ရိုး အထူးပြောက်ကျားတပ်ဖွဲ့က ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။