NUG Pay ကေတာ့ ေနာက္ၿပီ။႐ုံးလိပ္စာမွာ အမွတ္၁၄၊ အင္းလ်ားလမ္းတဲ့။
NUG Pay ၌ လည္ပတ္မည့္ေငြေၾကး DMMK ကို အျပင္တစ္က်ပ္ အတြင္းတစ္ယူနစ္အျဖစ္သတ္မွတ္ထား
ရန္ကုန္၊ ဇြန္ (၂၀)
လူငယ့္ေခတ္
အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က အျပန္အလွန္ေငြေပးေခ်မႈမ်ား လုပ္ေဆာင္ႏိုင္သည့္ ဒီဂ်စ္တယ္ေငြေၾကးစနစ္အသစ္တစ္ခုကို ယခုရက္ပိုင္းအတြင္း တစ္ဆင့္ျခင္း ျပည္သူမ်ားကို မိတ္ဆက္ေပးေနသည္။အဆိုပါေငြေၾကးစနစ္သည္ အင္တာနက္ေပၚ၌ နည္းပညာျဖင့္လည္ပတ္သည့္ ေငြေၾကးစနစ္တစ္ခုျဖစ္သည္။
ယခု မိတ္ဆက္ေပးေနသည့္ NUG Pay မွ သုံးစြဲႏိုင္မည့္ DMKK ေငြေၾကးသည္ ဒီဂ်စ္တယ္ေငြေၾကးယူနစ္တစ္ခုျခင္းစီတိုင္းအတြက္ ျပင္ပ၌ခိုင္မာသည့္ ေငြအျဖစ္တည္ရွိေနမည္ဟု NUG က ယေန႔ ထုတ္ျပန္ထားသည္။
ထိုေငြေၾကးစနစ္၌ DMMK (၁) ယူနစ္ကို ျပင္ပရွိ ျမန္မာေငြ (၁) က်ပ္ႏႈန္းအျဖစ္ သတ္မွတ္ထားသည္ဟု ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။”ဒီႏိုင္ငံမွာက ေဒၚလာနဲ႔ တြက္ခ်က္ေပးေခ်ခ်င္တယ္ဆိုရင္ ျပႆနာတစ္ခုလို႔ ျမင္တယ္။ စစ္ေကာင္စီ လက္ထက္မွာ သက္မွတ္ထားတဲ့ ေဒၚလာေဈးနဲ႔ ေဈးကြက္ေပါက္ေဈးက ကြာျခားေနတယ္”ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
NUG ကမူ ျပည္တြင္း၊ ျပည္ပ၌ ဒီဂ်စ္တယ္ေငြေၾကးစနစ္ျဖင့္ လုပ္ငန္းလည္ပတ္ႏိုင္ေစရန္ NUG Pay ပလက္ေဖာင္း၏ ႏိုင္ငံျခားေငြေၾကးလဲလွယ္ျခင္းႏႈန္းထားကို ထုတ္ျပန္ေပးမည္ဟုဆိုသည္။
“တစ္ယူနစ္အတြက္ အေပါင္ထားတဲ့ တစ္က်ပ္က ေနာက္ကြယ္မွာ လည္ပတ္ေနမွာမဟုတ္ဘူးလို႔ အၾကမ္းဖ်င္းနားလည္ထားတယ္။ က်ပ္ေငြကို ဒီဂ်စ္တယ္ယူနစ္လုပ္ၿပီး ျပည္ပမွာ ေဒၚလာနဲ႔ ေပးေခ်တာမ်ိဳးလုပ္ခ်င္တယ္ဆိုရင္ ကန႔္သက္ခ်က္က ဘာေတြရွိမွာလဲ။ ဒါကိုေတာ့ သိခ်င္ပါတယ္”ဟု အဆိုပါ စီးပြားေရးလုပ္ငန္းရွင္က ေျပာသည္။
ယခု DMMK အတြက္ Blockchain နည္းပညာကို အသုံးျပဳထားၿပီး ၎မွာ ပိုင္ဆိုင္သူက မည္သူမည္ဝါျဖစ္ေၾကာင္းႏွင့္ မည္မွ်ပိုင္ဆိုင္ေၾကာင္းကို စနစ္တက်မွတ္တမ္းထားရွိႏိုင္သည့္ နည္းပညာတစ္မ်ိဳးျဖစ္ကာ ေငြေၾကးစနစ္အျပင္ အျခားေသာနယ္ပယ္မ်ားတြင္လည္း အသုံးျပဳႏိုင္သည္ဟု နည္းပညာရွင္တစ္ဦးက ေျပာသည္။
“နည္းပညာက အေရးမႀကီးဘူး။ ပလက္ေဖာင္း(NUG Pay)ကို လူတိုင္းသုံးဖို႔နဲ႔ ပလက္ေဖာင္းက အလုပ္ျဖစ္ဖို႔ပဲ အေရးႀကီးတာပါ”ဟု ၎က ေျပာသည္။အမ်ိဳးသားညီၫြတ္ေရးအစိုးရက လက္ရွိအခ်ိန္၌ NUG Pay ၏ ေငြေၾကးလည္ပတ္မည့္ပုံစံကို အေသးစိတ္ မရွင္းျပေသးေပ။
ယခုကဲ့သို DMMK ကို NUG Pay ေပၚ၌ စီမံခန႔္ခြဲ၍ အသုံးျပဳရန္မွာ နည္းပညာနားမလည္ေသးသူမ်ားႏွင့္ မိမိေငြအေပၚ ျပင္ပ၌ အေကာင္အထည္အျဖစ္ မျမင္ရသည္ကို စိတ္ပူသူမ်ားအတြက္ မ်ားစြာရွင္းျပရန္လိုအပ္ၿပီး အသုံးျပဳရန္စြဲေဆာင္ႏိုင္ေရးမွာလည္း စိန္ေခၚမႈတစ္ခုျဖစ္ေနသည္ဆိုသည့္ သုံးသပ္မႈမ်ား ရွိေနသည္။
တစ္ဖက္တြင္လည္း ထိုကဲ့သို႔ အသုံးျပဳလွ်င္ အၾကမ္းဖက္စစ္ေကာင္စီ၏ မတရားဖမ္းဆီးခံရႏိုင္သည့္ အေျခအေနကလည္းရွိေနသည္ဟု ေျပာဆိုေနၾကသည္။
NUG Pay ကတော့ နောက်ပြီ။ရုံးလိပ်စာမှာ အမှတ်၁၄၊ အင်းလျားလမ်းတဲ့။
NUG Pay ၌ လည်ပတ်မည့်ငွေကြေး DMMK ကို အပြင်တစ်ကျပ် အတွင်းတစ်ယူနစ်အဖြစ်သတ်မှတ်ထား
ရန်ကုန်၊ ဇွန် (၂၀)
လူငယ့်ခေတ်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အပြန်အလှန်ငွေပေးချေမှုများ လုပ်ဆောင်နိုင်သည့် ဒီဂျစ်တယ်ငွေကြေးစနစ်အသစ်တစ်ခုကို ယခုရက်ပိုင်းအတွင်း တစ်ဆင့်ခြင်း ပြည်သူများကို မိတ်ဆက်ပေးနေသည်။အဆိုပါငွေကြေးစနစ်သည် အင်တာနက်ပေါ်၌ နည်းပညာဖြင့်လည်ပတ်သည့် ငွေကြေးစနစ်တစ်ခုဖြစ်သည်။
ယခု မိတ်ဆက်ပေးနေသည့် NUG Pay မှ သုံးစွဲနိုင်မည့် DMKK ငွေကြေးသည် ဒီဂျစ်တယ်ငွေကြေးယူနစ်တစ်ခုခြင်းစီတိုင်းအတွက် ပြင်ပ၌ခိုင်မာသည့် ငွေအဖြစ်တည်ရှိနေမည်ဟု NUG က ယနေ့ ထုတ်ပြန်ထားသည်။
ထိုငွေကြေးစနစ်၌ DMMK (၁) ယူနစ်ကို ပြင်ပရှိ မြန်မာငွေ (၁) ကျပ်နှုန်းအဖြစ် သတ်မှတ်ထားသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။”ဒီနိုင်ငံမှာက ဒေါ်လာနဲ့ တွက်ချက်ပေးချေချင်တယ်ဆိုရင် ပြဿနာတစ်ခုလို့ မြင်တယ်။ စစ်ကောင်စီ လက်ထက်မှာ သက်မှတ်ထားတဲ့ ဒေါ်လာဈေးနဲ့ ဈေးကွက်ပေါက်ဈေးက ကွာခြားနေတယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
NUG ကမူ ပြည်တွင်း၊ ပြည်ပ၌ ဒီဂျစ်တယ်ငွေကြေးစနစ်ဖြင့် လုပ်ငန်းလည်ပတ်နိုင်စေရန် NUG Pay ပလက်ဖောင်း၏ နိုင်ငံခြားငွေကြေးလဲလှယ်ခြင်းနှုန်းထားကို ထုတ်ပြန်ပေးမည်ဟုဆိုသည်။
“တစ်ယူနစ်အတွက် အပေါင်ထားတဲ့ တစ်ကျပ်က နောက်ကွယ်မှာ လည်ပတ်နေမှာမဟုတ်ဘူးလို့ အကြမ်းဖျင်းနားလည်ထားတယ်။ ကျပ်ငွေကို ဒီဂျစ်တယ်ယူနစ်လုပ်ပြီး ပြည်ပမှာ ဒေါ်လာနဲ့ ပေးချေတာမျိုးလုပ်ချင်တယ်ဆိုရင် ကန့်သက်ချက်က ဘာတွေရှိမှာလဲ။ ဒါကိုတော့ သိချင်ပါတယ်”ဟု အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က ပြောသည်။
ယခု DMMK အတွက် Blockchain နည်းပညာကို အသုံးပြုထားပြီး ၎င်းမှာ ပိုင်ဆိုင်သူက မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်မျှပိုင်ဆိုင်ကြောင်းကို စနစ်တကျမှတ်တမ်းထားရှိနိုင်သည့် နည်းပညာတစ်မျိုးဖြစ်ကာ ငွေကြေးစနစ်အပြင် အခြားသောနယ်ပယ်များတွင်လည်း အသုံးပြုနိုင်သည်ဟု နည်းပညာရှင်တစ်ဦးက ပြောသည်။
“နည်းပညာက အရေးမကြီးဘူး။ ပလက်ဖောင်း(NUG Pay)ကို လူတိုင်းသုံးဖို့နဲ့ ပလက်ဖောင်းက အလုပ်ဖြစ်ဖို့ပဲ အရေးကြီးတာပါ”ဟု ၎င်းက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရက လက်ရှိအချိန်၌ NUG Pay ၏ ငွေကြေးလည်ပတ်မည့်ပုံစံကို အသေးစိတ် မရှင်းပြသေးပေ။
ယခုကဲ့သို DMMK ကို NUG Pay ပေါ်၌ စီမံခန့်ခွဲ၍ အသုံးပြုရန်မှာ နည်းပညာနားမလည်သေးသူများနှင့် မိမိငွေအပေါ် ပြင်ပ၌ အကောင်အထည်အဖြစ် မမြင်ရသည်ကို စိတ်ပူသူများအတွက် များစွာရှင်းပြရန်လိုအပ်ပြီး အသုံးပြုရန်စွဲဆောင်နိုင်ရေးမှာလည်း စိန်ခေါ်မှုတစ်ခုဖြစ်နေသည်ဆိုသည့် သုံးသပ်မှုများ ရှိနေသည်။
တစ်ဖက်တွင်လည်း ထိုကဲ့သို့ အသုံးပြုလျှင် အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရနိုင်သည့် အခြေအနေကလည်းရှိနေသည်ဟု ပြောဆိုနေကြသည်။