ဘီယာေသာက္ေနသည့္ ေက်ာက္ေတာ္ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္ ၃ ဦးကို AA ဖမ္းဆီး
Western News-ဇြန္၂၀ ရက္ေန႔
ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္ ၃ ဦးကို ဇြန္ ၂၀ ရက္ေန႔ ည ၆ နာရီ ဝန္းက်င္ေလာက္က ရကၡိဳင့္တပ္ေတာ္ AA က ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း ေက်ာက္ေတာ္ၿမိဳ႕ခံမ်က္ျမင္သက္ေသမ်ားက Western News ကိုေျပာသည္။
ေက်ာက္ေတာ္ၿမိဳ႕မ ရဲစခန္းတြင္ တာဝန္ထမ္းေဆာင္ေနသည့္ ရဲအုပ္ ၁ ဦး၊ ရဲတပ္ၾကပ္ႀကီး ၁ ဦးႏွင့္ ရဲတပ္သား ၁ ဦးတို႔ကို ၿမိဳ႕မရဲစခန္းေရွ႕တြင္ ဘီယာေသာက္ေနသည္အခ်ိန္တြင္ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း အမည္မေဖာ္လိုသည့္ ေက်ာက္ေတာ္ၿမိဳ႕ခံ မ်က္ျမင္တစ္ဦးက Western News ကို ေျပာသည္။
“အဲ့ဒီမွာ ရဲတပ္သား သုံးေယာက္ဖမ္းသြားတာဗ်။ က်ေနာ္သိရသေလာကေတာ့ ရဲအုပ္တစ္ေယာက္ရယ္၊ ၿပီးေတာ့ ရဲတပ္သား ၂ ေယာက္ရယ္ ဖမ္းသြားတာ။ ၿမိဳ႕မစခန္းေရွ႕က ဆိုင္မွာဖမ္းသြားတာပါ။ ဘီယာေသာက္ေနတဲ့အခ်ိန္မွာ ဖမ္းသြားတာဗ်”ဟုေျပာသည္။
Western News သတင္းဌာနက ဖမ္းဆီးခံရသည့္ ရဲတပ္ဖြဲ႕ဝင္မ်ား၏ အမည္ႏွင့္ ေနရပ္လိပ္စာမ်ားကို စုံစမ္းေနဆဲျဖစ္ၿပီး အေသးစိတ္အခ်က္အလက္မ်ားကို ထပ္မံ ေဖာ္ျပေပးသြားမည္ျဖစ္သည္။
အဆိုပါကိစၥႏွင့္ ပတ္သက္၍ ရခိုင္ျပည္နယ္စစ္ေကာင္စီအဖြဲ႕ဝင္ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးေက်ာ္သူရအား ဆက္သြယ္ခဲ့ေသာ္လည္း ဖုန္းလက္ခံေျဖဆိုျခင္းမရွိခဲ့ေပ။
ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕၊ ပုဏၰားကြၽန္းၿမိဳ႕ႏွင့္ ေျမာက္ဦးၿမိဳ႕နယ္မ်ားတြင္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားကို ယခုတစ္ပတ္အတြင္း ၄ ဦးထက္မနည္း ရကၡိဳင့္တပ္ေတာ္က AA က ဖမ္းဆီးခဲ့သည္။
ေက်ာက္ေတာ္ၿမိဳ႕အေျခစိုက္စကခ ၉ က စစ္ေကာင္စီတပ္သား၂ ဦးကို AA ဖမ္းဆီးၿပီးေနာက္ စစ္ေကာင္စီတပ္အင္အား ၁၂၀ခန္႔ ၿမိဳ႕အတြင္း ဝင္ေရာက္ေမႊေႏွာက္မႈျဖစ္ပြားခဲ့ၿပီး ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတစ္ခ်ိဳ႕ကို ဖမ္းယူစစ္ေဆးမႈမ်ားရွိခဲ့သည္။
အလားတူပုဏၰားကြၽန္းတြင္ ဇြန္ ၁၆ ရက္ေန႔က ေဆာက္လုပ္ေရး ပစၥည္းမ်ားဝယ္ရန္လာသည့္ စစ္ေကာင္စီတပ္သား ၁ ဦးကို ရကၡိဳင့္တပ္ေတာ္ AA တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးေနာက္ပိုင္းတြင္ စစ္ေကာင္စီက ပုဏၰားကြၽန္းၿမိဳ႕ခံ ၁၂ ဦးထက္ မနည္း ဖမ္းဆီးေခၚေဆာင္သြားသည္။
ယင္းအျပင္ ပုဏၰားကြၽန္းၿမိဳ႕အေျခစိုက္ ခမရ ၅၅၀ မွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ပုဏၰားကြၽန္းၿမိဳ႕အတြင္း ဝင္ေရာက္ကာေသနတ္ ပစ္ေဖာက္ျခင္းမ်ားျပဳလုပ္ခဲ့ၿပီး တစ္အိမ္ဝင္ တစ္အိမ္ထြက္ စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့သည္။
စစ္ေကာင္စီတပ္သားမ်ားက AAတပ္ဖြဲ႕ဝင္မ်ားကို ဖမ္းဆီးခဲ့၍ စစ္ေကာင္စီတပ္သားမ်ားကိုလည္း ျပန္လည္ဖမ္းဆီးေနျခင္းျဖစ္ေၾကာင္း ဇြန္လ ၁၄ ရက္ေန႔ကျပဳလုပ္သည့္ ULA/AA ၏ သတင္းစာရွင္းလင္းပြဲမွာ ေျပာေရးဆိုခြင့္ရွိသူ ဦးခိုင္သုခက ေျပာဆိုခဲ့သည္။
Western News-WN
ဘီယာသောက်နေသည့် ကျောက်တော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို AA ဖမ်းဆီး
Western News-ဇွန်၂၀ ရက်နေ့
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဇွန် ၂၀ ရက်နေ့ ည ၆ နာရီ ဝန်းကျင်လောက်က ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျောက်တော်မြို့ခံမျက်မြင်သက်သေများက Western News ကိုပြောသည်။
ကျောက်တော်မြို့မ ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲအုပ် ၁ ဦး၊ ရဲတပ်ကြပ်ကြီး ၁ ဦးနှင့် ရဲတပ်သား ၁ ဦးတို့ကို မြို့မရဲစခန်းရှေ့တွင် ဘီယာသောက်နေသည်အချိန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ကျောက်တော်မြို့ခံ မျက်မြင်တစ်ဦးက Western News ကို ပြောသည်။
“အဲ့ဒီမှာ ရဲတပ်သား သုံးယောက်ဖမ်းသွားတာဗျ။ ကျနော်သိရသလောကတော့ ရဲအုပ်တစ်ယောက်ရယ်၊ ပြီးတော့ ရဲတပ်သား ၂ ယောက်ရယ် ဖမ်းသွားတာ။ မြို့မစခန်းရှေ့က ဆိုင်မှာဖမ်းသွားတာပါ။ ဘီယာသောက်နေတဲ့အချိန်မှာ ဖမ်းသွားတာဗျ”ဟုပြောသည်။
Western News သတင်းဌာနက ဖမ်းဆီးခံရသည့် ရဲတပ်ဖွဲ့ဝင်များ၏ အမည်နှင့် နေရပ်လိပ်စာများကို စုံစမ်းနေဆဲဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ထပ်မံ ဖော်ပြပေးသွားမည်ဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ပုဏ္ဏားကျွန်းမြို့နှင့် မြောက်ဦးမြို့နယ်များတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ယခုတစ်ပတ်အတွင်း ၄ ဦးထက်မနည်း ရက္ခိုင့်တပ်တော်က AA က ဖမ်းဆီးခဲ့သည်။
ကျောက်တော်မြို့အခြေစိုက်စကခ ၉ က စစ်ကောင်စီတပ်သား၂ ဦးကို AA ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်အင်အား ၁၂၀ခန့် မြို့အတွင်း ဝင်ရောက်မွှေနှောက်မှုဖြစ်ပွားခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ချို့ကို ဖမ်းယူစစ်ဆေးမှုများရှိခဲ့သည်။
အလားတူပုဏ္ဏားကျွန်းတွင် ဇွန် ၁၆ ရက်နေ့က ဆောက်လုပ်ရေး ပစ္စည်းများဝယ်ရန်လာသည့် စစ်ကောင်စီတပ်သား ၁ ဦးကို ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးနောက်ပိုင်းတွင် စစ်ကောင်စီက ပုဏ္ဏားကျွန်းမြို့ခံ ၁၂ ဦးထက် မနည်း ဖမ်းဆီးခေါ်ဆောင်သွားသည်။
ယင်းအပြင် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပုဏ္ဏားကျွန်းမြို့အတွင်း ဝင်ရောက်ကာသေနတ် ပစ်ဖောက်ခြင်းများပြုလုပ်ခဲ့ပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။
စစ်ကောင်စီတပ်သားများက AAတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခဲ့၍ စစ်ကောင်စီတပ်သားများကိုလည်း ပြန်လည်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဇွန်လ ၁၄ ရက်နေ့ကပြုလုပ်သည့် ULA/AA ၏ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုခဲ့သည်။
Western News-WN