Local News

PDF ေတြရဲ့ ဗ်ဴဟာေတြ ကစားကြက္ေတြ တခ်က္ရႈိးေလ

ျမင္းၿခံ၊ ေကြ႕ႀကီးေက်း႐ြာတြင္ ယူနီေဖာင္းဝတ္ PDF မ်ားကို စစ္တပ္စစ္ ေၾကာင္း လာသည္ဟု ထင္၍ ခယႀကိဳဆိုေသာ ပ်ဴေစာထီး ၆ ဦး ပစ္ခတ္ခံရၿပီး ေသဆုံး

ရန္ကုန္၊ ဇြန္ ၂၀

မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕နယ္၊ ေကြ႕ႀကီးေက်း႐ြာတြင္ ယူနီေဖာင္းဝတ္ PDF မ်ားကို စစ္တပ္ စစ္ ေၾကာင္း လာသည္ဟု ထင္၍ ခယႀကိဳဆိုေသာ ပ်ဴေစာထီး ၆ ဦး ပစ္ခတ္ခံရၿပီး ေသဆုံး သြား ေၾကာင္း ေျမာင္ၿမိဳ႕နယ္ ေတာ္လွန္ေရးတပ္ (MRA) က သတင္းထုတ္ျပန္သည္။

ဇြန္လ ၁၆ ရက္ေန႔ ည ၁၀ နာရီတြင္ ေျမာင္ေတာ္လွန္ေရးတပ္MRA ရဲေဘာ္မ်ားက ယူနီေဖာင္း ဝတ္စုံျဖင့္ ေကြ႕ႀကီးေက်း႐ြာရွိ ပ်ဴေစာထီးေခါင္းေဆာင္ အုန္းျမင့္ကို တိုက္ခိုက္ရန္ သြားေရာက္ခ်ိန္ ေကြ႕ႀကီး႐ြာ အဝင္၌ ကင္းပုန္းဝပ္ေနေသာ ပ်ဴေစာထီးမ်ားက ရဲေဘာ္မ်ားကို ေသနတ္ျဖင့္ စတင္ ပစ္ခတ္ခဲ့ေၾကာင္း၊

MRA ရဲေဘာ္မ်ားက ျပန္လည္ ပစ္ခတ္ခဲ့ၿပီး ရဲေဘာ္မ်ား ကလည္း ျပန္လည္ ပစ္ခတ္ခဲ့ေၾကာင္း၊ အျပန္အလွန္ ပစ္ခတ္မႈမ်ား စတင္ခဲ့ ၾကရာ နယ္ေျမခံ တပ္ဖြဲ႕ျဖစ္ေသာ ေနာင္႐ိုး အထူးေျပာက္က်ားတပ္ဖြဲ႕ မွ ပူေပါင္း ပါဝင္အားျဖည့္ခဲ့ေၾကာင္း သိရွိရသည္။

ထိုအခ်ိန္တြင္ MRA ရဲေဘာ္မ်ားက “မင္းတို႔႐ြာ ငါတို႔ လာတာကို ဒီလို ဧည့္ခံတာလားကြ” ဟု ႀကိမ္း ဝါးရာ ထိုစကားသံကို ၾကားသည့္ ပ်ဴေစာထီးေခါင္းေဆာင္မ်ားက ယူနီေဖာင္းဝတ္ဆင္ထားေသာ PDF မ်ားကို စစ္ေကာင္စီတပ္ဟု ယူဆၿပီး “ဗိုလ္ႀကီးတို႔မွန္း မသိလို႔ပါ သည္းခံေပးပါ… ခြင့္လႊတ္ ေပးပါ…” ေတာင္း ပန္ၾကေၾကာင္း သိရွိရသည္။

MRA ရဲေဘာ္မ်ားက ” ငါး႐ြာအုပ္ႀကီး ေအာင္ေက်ာ္ဆန္း ထြက္ခဲ့စမ္း” ဟု ေအာ္ေခၚရာ ပ်ဴေစာထီး ေခါင္းေဆာင္ အုန္းျမင့္ ၊ လက္ေထာက္ ေအာင္လြင္ ႏွင့္အတူ ေနာက္လိုက္ ပ်ဴေစာထီး ၃ ဦးက လက္ အုပ္ ခ်ီကာ ‌ထြက္လာေၾကာင္း၊ ယင္းေနာက္ “ေအာင္ေက်ာ္ဆန္းက ဗိုလ္ႀကီးတို႔ခုနက ပစ္လိုက္ တဲ့ က်ည္ထိၿပီး မထႏိုင္ေတာ့ပါဘူး… က်ေတာ္တို႔ ကင္းေစာင့္ေနၾကတာပါဗ်.. ေတာင္းပန္ပါတယ္ ဗိုလ္ ႀကီး…ခြင့္လႊတ္ေပးပါ… ဗိုလ္ႀကီးတို႔မွန္း မသိလို႔ စတင္ ပစ္ မိတာပါ ” ဟု ဒူးေထာက္ကာ ေတာင္းပန္ ေၾကာင္း သိရွိရသည္။

ပ်ဴေစာထီးမ်ား အလစ္အငိုက္အခ်ိန္တြင္ MRA ရဲေဘာ္မ်ားက တရစပ္ ပစ္ခတ္ရာ ထိုပ်ဴေစာထီးမ်ား ေသဆုံးေၾကာင္း ၊ ထို႔ေနာက္ ပ်ဴေစာထီးမ်ား ထပ္မံေရာက္ရွိလာေသာေၾကာင့္ လက္ပစ္ ဗုံး တစ္လုံး ပစ္သြင္းလိုက္ႏိုင္ေသာေၾကာင့္ အကူ ေရာက္ရွိလာေသာ ပ်ဴမ်ား ထြက္ ေျပးသြားၾကေၾကာင္း၊ MRA ရဲေဘာ္ မ်ားကလည္း ေနာက္မွ လိုက္လံပစ္ခဲ့ၿပီး တိုက္ပြဲ ၿပီးဆုံးသြားခဲ့ေၾကာင္း သိရွိရသည္။

ပ်ဴေစာထီးေခါင္းေဆာင္ အုန္းျမင့္၊ ပ်ဴေစာထီးလက္ေထာက္ ေအာင္လြင္ ၊ စစ္ေကာင္စီခန႔္ ေက်း႐ြာ ငါး႐ြာ ဥကၠဌ ေအာင္ေက်ာ္ဆန္းအပါအဝင္ ပ်ဴေစာထီး ၆ ဦးေသကာ အမ်ားအျပား ထိခိုက္ ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရွိရသည္။

ေနာက္ဆက္တြဲ သိရွိရေသာ သတင္းမ်ားအရ ပ်ဴေစာထီး အေလာင္းမ်ားကို ဆုံ႐ြာ စစ္ေကာင္စီခန႔္ ဥကၠ႒ ဖိုးေက်ာ္ ႏွင့္ စစ္တပ္က ျမင္းၿခံသို႔ သယ္ယူသြားၿပီး သၿဂိဳဟ္ခဲ့ေၾကာင္း၊ ေကြ႕ႀကီး႐ြာရွိ ပ်ဴေစာ ထီး မိသားစုမ်ားမွာ ရပ္ျခားေဒသသို႔ ေျပာင္းေ႐ႊ႕ ထြက္ခြာသြားၾကေၾကာင္း၊ တိုက္ပြဲ အတြင္းတြင္ ထြက္ ေျပး သြားေသာ ပ်ဴမ်ားမွာ ေကြ႕ႀကီး႐ြာ သို႔ ေရာက္မလာေတာ့ေၾကာင္း MRA က ထုတ္ျပန္ ထားသည္။

မြင်းခြံ၊ ကွေ့ကြီးကျေးရွာတွင် ယူနီဖောင်းဝတ် PDF များကို စစ်တပ်စစ် ကြောင်း လာသည်ဟု ထင်၍ ခယကြိုဆိုသော ပျူစောထီး ၆ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၂၀

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကွေ့ကြီးကျေးရွာတွင် ယူနီဖောင်းဝတ် PDF များကို စစ်တပ် စစ် ကြောင်း လာသည်ဟု ထင်၍ ခယကြိုဆိုသော ပျူစောထီး ၆ ဦး ပစ်ခတ်ခံရပြီး သေဆုံး သွား ကြောင်း မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၆ ရက်နေ့ ည ၁၀ နာရီတွင် မြောင်တော်လှန်ရေးတပ်MRA ရဲဘော်များက ယူနီဖောင်း ဝတ်စုံဖြင့် ကွေ့ကြီးကျေးရွာရှိ ပျူစောထီးခေါင်းဆောင် အုန်းမြင့်ကို တိုက်ခိုက်ရန် သွားရောက်ချိန် ကွေ့ကြီးရွာ အဝင်၌ ကင်းပုန်းဝပ်နေသော ပျူစောထီးများက ရဲဘော်များကို သေနတ်ဖြင့် စတင် ပစ်ခတ်ခဲ့ကြောင်း၊

MRA ရဲဘော်များက ပြန်လည် ပစ်ခတ်ခဲ့ပြီး ရဲဘော်များ ကလည်း ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုများ စတင်ခဲ့ ကြရာ နယ်မြေခံ တပ်ဖွဲ့ဖြစ်သော နောင်ရိုး အထူးပြောက်ကျားတပ်ဖွဲ့ မှ ပူပေါင်း ပါဝင်အားဖြည့်ခဲ့ကြောင်း သိရှိရသည်။

ထိုအချိန်တွင် MRA ရဲဘော်များက “မင်းတို့ရွာ ငါတို့ လာတာကို ဒီလို ဧည့်ခံတာလားကွ” ဟု ကြိမ်း ဝါးရာ ထိုစကားသံကို ကြားသည့် ပျူစောထီးခေါင်းဆောင်များက ယူနီဖောင်းဝတ်ဆင်ထားသော PDF များကို စစ်ကောင်စီတပ်ဟု ယူဆပြီး “ဗိုလ်ကြီးတို့မှန်း မသိလို့ပါ သည်းခံပေးပါ… ခွင့်လွှတ် ပေးပါ…” တောင်း ပန်ကြကြောင်း သိရှိရသည်။

MRA ရဲဘော်များက ” ငါးရွာအုပ်ကြီး အောင်ကျော်ဆန်း ထွက်ခဲ့စမ်း” ဟု အော်ခေါ်ရာ ပျူစောထီး ခေါင်းဆောင် အုန်းမြင့် ၊ လက်ထောက် အောင်လွင် နှင့်အတူ နောက်လိုက် ပျူစောထီး ၃ ဦးက လက် အုပ် ချီကာ ‌ထွက်လာကြောင်း၊ ယင်းနောက် “အောင်ကျော်ဆန်းက ဗိုလ်ကြီးတို့ခုနက ပစ်လိုက် တဲ့ ကျည်ထိပြီး မထနိုင်တော့ပါဘူး… ကျတော်တို့ ကင်းစောင့်နေကြတာပါဗျ.. တောင်းပန်ပါတယ် ဗိုလ် ကြီး…ခွင့်လွှတ်ပေးပါ… ဗိုလ်ကြီးတို့မှန်း မသိလို့ စတင် ပစ် မိတာပါ ” ဟု ဒူးထောက်ကာ တောင်းပန် ကြောင်း သိရှိရသည်။

ပျူစောထီးများ အလစ်အငိုက်အချိန်တွင် MRA ရဲဘော်များက တရစပ် ပစ်ခတ်ရာ ထိုပျူစောထီးများ သေဆုံးကြောင်း ၊ ထို့နောက် ပျူစောထီးများ ထပ်မံရောက်ရှိလာသောကြောင့် လက်ပစ် ဗုံး တစ်လုံး ပစ်သွင်းလိုက်နိုင်သောကြောင့် အကူ ရောက်ရှိလာသော ပျူများ ထွက် ပြေးသွားကြကြောင်း၊ MRA ရဲဘော် များကလည်း နောက်မှ လိုက်လံပစ်ခဲ့ပြီး တိုက်ပွဲ ပြီးဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ပျူစောထီးခေါင်းဆောင် အုန်းမြင့်၊ ပျူစောထီးလက်ထောက် အောင်လွင် ၊ စစ်ကောင်စီခန့် ကျေးရွာ ငါးရွာ ဥက္ကဌ အောင်ကျော်ဆန်းအပါအဝင် ပျူစောထီး ၆ ဦးသေကာ အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

နောက်ဆက်တွဲ သိရှိရသော သတင်းများအရ ပျူစောထီး အလောင်းများကို ဆုံရွာ စစ်ကောင်စီခန့် ဥက္ကဋ္ဌ ဖိုးကျော် နှင့် စစ်တပ်က မြင်းခြံသို့ သယ်ယူသွားပြီး သဂြိုဟ်ခဲ့ကြောင်း၊ ကွေ့ကြီးရွာရှိ ပျူစော ထီး မိသားစုများမှာ ရပ်ခြားဒေသသို့ ပြောင်းရွှေ့ ထွက်ခွာသွားကြကြောင်း၊ တိုက်ပွဲ အတွင်းတွင် ထွက် ပြေး သွားသော ပျူများမှာ ကွေ့ကြီးရွာ သို့ ရောက်မလာတော့ကြောင်း MRA က ထုတ်ပြန် ထားသည်။