Local News

စစ္သားႏွင့္ရဲမ်ား တိုက္ပြဲက်ျခင္းျဖစ္လွ်င္ နာေရးအသုဘအတြက္ ရာထူးႏွင့္တပ္ အမည္ မတပ္ရဲဘဲ ခိုးေၾကာင္ခိုးဝွက္ သၿဂိဳလ္ေနရ

စစ္သားႏွင့္ရဲမ်ား တိုက္ပြဲက်ျခင္း၊ ေရာဂါေၾကာင့္ ေသဆုံးျခင္းမ်ား ျဖစ္လွ်င္ နာေရးအသုဘအတြက္ ရာထူးႏွင့္တပ္ အမည္ မတပ္ရဲဘဲ ခိုးေၾကာင္ခိုးဝွက္ သၿဂိဳလ္ေနရ

ရန္ကုန္၊ ဇြန္ ၂၁

အၾကမ္းဖက္စစ္ေကာင္စီက အာဏာသိမ္းၿပီးေနာက္ စစ္သားႏွင့္ရဲမ်ား တိုက္ပြဲ က် လွ်င္ေသာ္လည္းေကာင္း ၊ ေရာဂါေၾကာင့္ ေသဆုံးျခင္းမ်ား ျဖစ္ေပၚလွ်င္ လည္းေကာင္း နာေရးအသုဘအတြက္ ရာထူးႏွင့္တပ္ဖြဲ႕အမည္မ်ား မတပ္ရဲဘဲ ခိုးေၾကာင္ခိုးဝွက္သ ၿဂိဳလ္ရမႈမ်ားရွိေနေၾကာင္း စစ္တပ္ႏွင့္ ရဲဘက္ သတင္း ရပ္ကြက္မ်ားထံမွ သိရွိရသည္။

ဧရာ၀တီတိုင္း၊ က်ဳံေပ်ာ္ၿမိဳ႕နယ္မွ ရဲတပ္ဖြဲ႕ဝင္တစ္ဦးျဖစ္ေသာ ဇင္မင္းေမာင္ သည္ ေသဆုံးသြားရာတြင္ ရာထူး၊ နာမည္ မ်ား မထည့္ဘဲ ၿမိဳ႕ေပၚတြင္ပင္ ခိုးေၾကာင္ ခိုးဝွက္ပုံစံျဖင့္ သၿဂိဳလ္သျဖင့္ ၿမိဳ႕ခံမ်ား အလြန္အံ့ဩခဲ့ရေၾကာင္း၊ နာေရး ဖိတ္စာတြင္ ၉၆ ပါး ေရာဂါျဖင့္ ေသဆုံးသည္ဟု ေဖာ္ျပထားေသာ္လည္း နာေရးတြင္ ရဲတပ္ဖြဲ႕ အမည္ႏွင့္ ရာထူးကိုမ်ားကို မထည့္ျခင္းတို႔ေၾကာင့္ ဇြန္လ ၁၇ ရက္ေန႔ ေညာင္တုန္း ပန္တိုင္ဂိတ္ပစ္ခတ္မႈႏွင့္ ဆက္စပ္ႏိုင္သ ေလာဟု ေတြးေတာ ေဝဖန္မႈမ်ားရွိေနေၾကာင္း ေဒသခံမ်ားက ဆိုၾကသည္။

“ဇင္မင္းေမာင္က ရဲထဲေရာက္ေနတာ ၿမိဳ႕ခံေတြက သိၾကတယ္။ ၁၈ ရက္ေန႔မွာ ဆုံးတယ္။ ၁၉ ရက္ေန႔ ၿမိဳ႕မွာ ျပန္သၿဂိဳလ္တယ္။ ဒါေပမယ့္ နာေရး ဖိတ္စာ မွာေရာ ယပ္ေတာင္မွာေရာ ရဲဆိုတာလည္း မထည့္ဘူး။ ေသတာကလည္း အေကာင္း ႀကီးကေန ႐ုတ္တရက္ေသတာလို႔ နားလည္ေတာ့ ဘာျဖစ္သြား လဲေပါ့။

ေနာက္ၿပီး ေညာင္တုန္း ပန္တိုင္ဂိတ္မွာ ပစ္ခတ္မႈကလည္းျဖစ္ေတာ့ အဲဒါနဲ႔ ဆက္စပ္သလားဆိုၿပီး ေဝဖန္တာေပါ့။ င႐ုတ္ေကာင္းေဆး႐ုံမွာ ၃ ရက္ တက္ၿပီး ဒီအတိုင္း ဆုံးတယ္လည္း သူ႔ေဆြမ်ိဳးေတြဘက္က ေျပာေပမယ့္ ေသ သြားတဲ့နာေရးေၾကာ္ျငာမွာ ရဲလို႔ မထည့္တာေၾကာင့္ အားလုံးက သံသယ ျဖစ္ ကုန္ၾကတာ။ ရဲေတြဘ၀က ေသတာေတာင္ ခိုးေၾကာင္းခိုးဝွက္ လိုျဖစ္ေနၿပီ” ဟု က်ဳံေပ်ာ္ေဒသခံတစ္ဦးက ေျပာသည္။

ဇြန္လ ၁၇ ရက္ေန႔ ရန္ကုန္-ေညာင္တုန္း ပန္တိုင္ဂိတ္တြင္ စစ္တပ္ႏွင့္ရဲ အျပန္ အလွန္ပစ္ခတ္သျဖင့္ ရဲ ၁ ဦးႏွင့္စစ္သား ၁ ဦး ေသဆုံးၿပီး တပ္ႏွင့္ရဲတပ္ဖြဲ႕ဝင္ ၆ ဦး အဖမ္းခံထားရကာ ဒဏ္ရာရရွိသူမ်ားလည္းရွိခဲ့ေၾကာင္း သိရွိရသည္။

အလားတူ မႏၲေလးတိုင္း၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္တြင္ ေမလ ၂၆ ရက္ေန႔ PDF ေျပာက္က်ားရဲေဘာ္ ၂ ဦးကို စစ္တပ္က ဝိုင္းဖမ္းစဥ္ အခ်င္းခ်င္း ျပန္ လည္ ပစ္ခတ္မိ၍ အမွတ္ ၆၀၈ တပ္မွ ဒုအရာခံဗိုလ္ ေအာင္မ်ိဳးသူ က်ည္ထိ ေသဆုံးၿပီးေနာက္ အသုဘကို တပ္ရာထူးမထည့္ဘဲ အရပ္သားနာေရးပုံစံျဖင့္ ခိုးေၾကာင္ခိုးဝွက္ မသာခ်ရခဲ့ရသည္။

ဒုအရာခံဗိုလ္ ေအာင္မ်ိဳးသူ၏ အသုဘကို ေမလ ၂၇ ရက္ေန႔ ညေန ၃ နာရီတြင္ ျပဳလုပ္ခဲ့ရာတြင္ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္မွ သုဂတိရွင္ နာေရး ကူညီမႈ အသင္း က မသာခ် လိုက္ပါ ပို႔ေဆာင္ေပးခဲ့ၿပီး ဒုအရာခံ ဗိုလ္ရာထူး ႏွင့္ တပ္ အမည္မ်ား ထည့္သြင္းေဖာ္ျပခဲ့ျခင္းမျပဳေပ။

စစ္တပ္ႏွင့္ရဲ သတင္းရင္းျမစ္ကမူ ယခုကာလ ရဲႏွင့္စစ္သားမ်ား ေသဆုံးရာတြင္ တိုက္ပြဲက်ျခင္းႏွင့္ အခ်င္းခ်င္းပစ္ခတ္မႈမ်ား ေၾကာင့္ ေသဆုံးလွ်င္ သတင္းစာ နာေရး ေၾကာ္ျငာ မထည့္ခိုင္းျခင္း၊ ဝမ္းနည္းေၾကကြဲေၾကာင္း ေၾကာ္ျငာ မထည့္ ခိုင္းျခင္း ႏွင့္ လူမႈကြန္ရက္မတင္ရန္ တပ္ႏွင့္ရဲဘက္ က်န္ရစ္သူ မိသားစုကို အမိန႔္ေပး ၫႊန္ၾကားမႈမ်ား ရွိေနသည္ဟု ေျပာဆိုသည္။

စစ်သားနှင့်ရဲများ တိုက်ပွဲကျခြင်း၊ ရောဂါကြောင့် သေဆုံးခြင်းများ ဖြစ်လျှင် နာရေးအသုဘအတွက် ရာထူးနှင့်တပ် အမည် မတပ်ရဲဘဲ ခိုးကြောင်ခိုးဝှက် သဂြိုလ်နေရ

ရန်ကုန်၊ ဇွန် ၂၁

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် စစ်သားနှင့်ရဲများ တိုက်ပွဲ ကျ လျှင်သော်လည်းကောင်း ၊ ရောဂါကြောင့် သေဆုံးခြင်းများ ဖြစ်ပေါ်လျှင် လည်းကောင်း နာရေးအသုဘအတွက် ရာထူးနှင့်တပ်ဖွဲ့အမည်များ မတပ်ရဲဘဲ ခိုးကြောင်ခိုးဝှက်သ ဂြိုလ်ရမှုများရှိနေကြောင်း စစ်တပ်နှင့် ရဲဘက် သတင်း ရပ်ကွက်များထံမှ သိရှိရသည်။

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သော ဇင်မင်းမောင် သည် သေဆုံးသွားရာတွင် ရာထူး၊ နာမည် များ မထည့်ဘဲ မြို့ပေါ်တွင်ပင် ခိုးကြောင် ခိုးဝှက်ပုံစံဖြင့် သဂြိုလ်သဖြင့် မြို့ခံများ အလွန်အံ့ဩခဲ့ရကြောင်း၊ နာရေး ဖိတ်စာတွင် ၉၆ ပါး ရောဂါဖြင့် သေဆုံးသည်ဟု ဖော်ပြထားသော်လည်း နာရေးတွင် ရဲတပ်ဖွဲ့ အမည်နှင့် ရာထူးကိုများကို မထည့်ခြင်းတို့ကြောင့် ဇွန်လ ၁၇ ရက်နေ့ ညောင်တုန်း ပန်တိုင်ဂိတ်ပစ်ခတ်မှုနှင့် ဆက်စပ်နိုင်သ လောဟု တွေးတော ဝေဖန်မှုများရှိနေကြောင်း ဒေသခံများက ဆိုကြသည်။

“ဇင်မင်းမောင်က ရဲထဲရောက်နေတာ မြို့ခံတွေက သိကြတယ်။ ၁၈ ရက်နေ့မှာ ဆုံးတယ်။ ၁၉ ရက်နေ့ မြို့မှာ ပြန်သဂြိုလ်တယ်။ ဒါပေမယ့် နာရေး ဖိတ်စာ မှာရော ယပ်တောင်မှာရော ရဲဆိုတာလည်း မထည့်ဘူး။ သေတာကလည်း အကောင်း ကြီးကနေ ရုတ်တရက်သေတာလို့ နားလည်တော့ ဘာဖြစ်သွား လဲပေါ့။

နောက်ပြီး ညောင်တုန်း ပန်တိုင်ဂိတ်မှာ ပစ်ခတ်မှုကလည်းဖြစ်တော့ အဲဒါနဲ့ ဆက်စပ်သလားဆိုပြီး ဝေဖန်တာပေါ့။ ငရုတ်ကောင်းဆေးရုံမှာ ၃ ရက် တက်ပြီး ဒီအတိုင်း ဆုံးတယ်လည်း သူ့ဆွေမျိုးတွေဘက်က ပြောပေမယ့် သေ သွားတဲ့နာရေးကြော်ငြာမှာ ရဲလို့ မထည့်တာကြောင့် အားလုံးက သံသယ ဖြစ် ကုန်ကြတာ။ ရဲတွေဘဝက သေတာတောင် ခိုးကြောင်းခိုးဝှက် လိုဖြစ်နေပြီ” ဟု ကျုံပျော်ဒေသခံတစ်ဦးက ပြောသည်။

ဇွန်လ ၁၇ ရက်နေ့ ရန်ကုန်-ညောင်တုန်း ပန်တိုင်ဂိတ်တွင် စစ်တပ်နှင့်ရဲ အပြန် အလှန်ပစ်ခတ်သဖြင့် ရဲ ၁ ဦးနှင့်စစ်သား ၁ ဦး သေဆုံးပြီး တပ်နှင့်ရဲတပ်ဖွဲ့ဝင် ၆ ဦး အဖမ်းခံထားရကာ ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မေလ ၂၆ ရက်နေ့ PDF ပြောက်ကျားရဲဘော် ၂ ဦးကို စစ်တပ်က ဝိုင်းဖမ်းစဉ် အချင်းချင်း ပြန် လည် ပစ်ခတ်မိ၍ အမှတ် ၆၀၈ တပ်မှ ဒုအရာခံဗိုလ် အောင်မျိုးသူ ကျည်ထိ သေဆုံးပြီးနောက် အသုဘကို တပ်ရာထူးမထည့်ဘဲ အရပ်သားနာရေးပုံစံဖြင့် ခိုးကြောင်ခိုးဝှက် မသာချရခဲ့ရသည်။

ဒုအရာခံဗိုလ် အောင်မျိုးသူ၏ အသုဘကို မေလ ၂၇ ရက်နေ့ ညနေ ၃ နာရီတွင် ပြုလုပ်ခဲ့ရာတွင် ကျောက်ပန်းတောင်းမြို့နယ်မှ သုဂတိရှင် နာရေး ကူညီမှု အသင်း က မသာချ လိုက်ပါ ပို့ဆောင်ပေးခဲ့ပြီး ဒုအရာခံ ဗိုလ်ရာထူး နှင့် တပ် အမည်များ ထည့်သွင်းဖော်ပြခဲ့ခြင်းမပြုပေ။

စစ်တပ်နှင့်ရဲ သတင်းရင်းမြစ်ကမူ ယခုကာလ ရဲနှင့်စစ်သားများ သေဆုံးရာတွင် တိုက်ပွဲကျခြင်းနှင့် အချင်းချင်းပစ်ခတ်မှုများ ကြောင့် သေဆုံးလျှင် သတင်းစာ နာရေး ကြော်ငြာ မထည့်ခိုင်းခြင်း၊ ဝမ်းနည်းကြေကွဲကြောင်း ကြော်ငြာ မထည့် ခိုင်းခြင်း နှင့် လူမှုကွန်ရက်မတင်ရန် တပ်နှင့်ရဲဘက် ကျန်ရစ်သူ မိသားစုကို အမိန့်ပေး ညွှန်ကြားမှုများ ရှိနေသည်ဟု ပြောဆိုသည်။