Local News

မီတာခ တစ္ယူနစ္ က်ပ္ ၁၄၀၀ ထိ ေဈးႏႈန္း ထပ္မံျမင့္တက္လာ

မီတာခ တစ္ယူနစ္ က်ပ္ ၁၄၀၀ ထိ ေဈးႏႈန္း ထပ္မံျမင့္တက္လာ

ေရး ၊ ဇြန္ (၂၁)

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္မွာ လွ်ပ္စစ္မီတာခ တစ္ယူနစ္ က်ပ္ ၁၂၀၀ ကေန က်ပ္ ၁၄၀၀ အထိ ေဈးႏႈန္း ထပ္မံျမင့္တက္လာတယ္လို႔ ေဒသခံေတြက သံလြင္တိုင္းမ္ကို ေျပာပါတယ္။

ေရးၿမိဳ႕နယ္ဟာ အစိုးရလွ်ပ္စစ္မီးမရတာေၾကာင့္ ျပည္သူေတြဟာ ပုဂၢလိကလွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴေရးလုပ္ငန္းေတြက ေရာင္းခ်ေပးတဲ့ လွ်ပ္စစ္မီးေတြကို ေဈးႏႈန္းပိုေပးၿပီး သုံးစြဲေနရတာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ စက္သုံးဆီေဈးႏႈန္း အဆမတန္ျမင့္တက္လာတာေၾကာင့္ အခုဇြန္လမွာ က်သင့္မယ့္ လွ်ပ္စစ္မီတာခကို ၿမိဳ႕ေပၚမွာ တစ္ယူနစ္ ၁၃၅၀ က်ပ္နဲ႔ ေက်း႐ြာအခ်ိဳ႕ေတြမွာေတာ့ တစ္ယူနစ္ ၁၄၀၀ က်ပ္အထိ ေကာက္ခံသြားမယ့္အေၾကာင္း ကုမၸဏီဘက္က အသိေပးလာတယ္လို႔ ေဒသခံ တစ္ဦးက ဆိုပါတယ္။

မီတာခေဈးႏႈန္းေတြ တိုးျမႇင့္ေကာက္ခံလာတဲ့အတြက္ လက္လုပ္လက္စားျပည္သူေတြနဲ႔ အေျခခံျပည္သူေတြဟာ ေငြေၾကးအခက္အခဲရွိလာတာေၾကာင့္ လွ်ပ္စစ္မီးနဲ႔ ထမင္းဟင္း ခ်က္ျပဳတ္တဲ့ေနရာမွာ ထင္းမီးေျပာင္းသုံးလာၾကၿပီး လွ်ပ္စစ္မီးကို လိုအပ္႐ုံမွ်သာ ေခြၽတာ သုံးစြဲေနရပါတယ္။

ေရးၿမိဳ႕နယ္အတြင္းက ျပည္သူေတြဟာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ အေျခခံစားေသာက္ကုန္ေဈးႏႈန္း ႀကီးျမင့္နဲ႔ ရင္ဆိုင္ေနရတဲ့အခ်ိန္မွာပဲ လွ်ပ္စစ္မီတာခ ေဈးႏႈန္းျမင့္မႈဒဏ္ကိုပါ ထပ္မံ ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။

NLD အစိုးရ လက္ထက္တုန္းက ေရးၿမိဳနယ္အတြင္းရွိ ျပည္သူေတြဟာ လွ်ပ္စစ္မီတာခအတြက္ တစ္ယူနစ္ကို က်ပ္ ၄၀၀ ဝန္းက်င္သာ ေပးခဲ့ရၿပီး စစ္တပ္ အာဏာသိမ္းၿပီး တစ္ႏွစ္နဲ႔ ေလးလအတြင္းမွာေတာ့ တစ္ယူနစ္ က်ပ္ ၁၃၅၀ ထိ ေပးေဆာင္လာရတာ ျဖစ္ပါတယ္။

သတင္း – သံလြင္တိုင္းမ္

မီတာခ တစ်ယူနစ် ကျပ် ၁၄၀၀ ထိ ဈေးနှုန်း ထပ်မံမြင့်တက်လာ

ရေး ၊ ဇွန် (၂၁)

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၁၂၀၀ ကနေ ကျပ် ၁၄၀၀ အထိ ဈေးနှုန်း ထပ်မံမြင့်တက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေးမြို့နယ်ဟာ အစိုးရလျှပ်စစ်မီးမရတာကြောင့် ပြည်သူတွေဟာ ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်းတွေက ရောင်းချပေးတဲ့ လျှပ်စစ်မီးတွေကို ဈေးနှုန်းပိုပေးပြီး သုံးစွဲနေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာတာကြောင့် အခုဇွန်လမှာ ကျသင့်မယ့် လျှပ်စစ်မီတာခကို မြို့ပေါ်မှာ တစ်ယူနစ် ၁၃၅၀ ကျပ်နဲ့ ကျေးရွာအချို့တွေမှာတော့ တစ်ယူနစ် ၁၄၀၀ ကျပ်အထိ ကောက်ခံသွားမယ့်အကြောင်း ကုမ္ပဏီဘက်က အသိပေးလာတယ်လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။

မီတာခဈေးနှုန်းတွေ တိုးမြှင့်ကောက်ခံလာတဲ့အတွက် လက်လုပ်လက်စားပြည်သူတွေနဲ့ အခြေခံပြည်သူတွေဟာ ငွေကြေးအခက်အခဲရှိလာတာကြောင့် လျှပ်စစ်မီးနဲ့ ထမင်းဟင်း ချက်ပြုတ်တဲ့နေရာမှာ ထင်းမီးပြောင်းသုံးလာကြပြီး လျှပ်စစ်မီးကို လိုအပ်ရုံမျှသာ ချွေတာ သုံးစွဲနေရပါတယ်။

ရေးမြို့နယ်အတွင်းက ပြည်သူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အခြေခံစားသောက်ကုန်ဈေးနှုန်း ကြီးမြင့်နဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာပဲ လျှပ်စစ်မီတာခ ဈေးနှုန်းမြင့်မှုဒဏ်ကိုပါ ထပ်မံ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

NLD အစိုးရ လက်ထက်တုန်းက ရေးမြိုနယ်အတွင်းရှိ ပြည်သူတွေဟာ လျှပ်စစ်မီတာခအတွက် တစ်ယူနစ်ကို ကျပ် ၄၀၀ ဝန်းကျင်သာ ပေးခဲ့ရပြီး စစ်တပ် အာဏာသိမ်းပြီး တစ်နှစ်နဲ့ လေးလအတွင်းမှာတော့ တစ်ယူနစ် ကျပ် ၁၃၅၀ ထိ ပေးဆောင်လာရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်