Local News

မႏၲေလးတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္တစ္ဦး

မႏၲေလးတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္တစ္ဦး ပစ္ခတ္ရွင္းလင္းခံရ

ေက်ာ္ေဇာ/People’s Spring

မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္မွ တပ္ၾကပ္ႀကီးတစ္ဦးကို ပစ္ခတ္ရွင္းလင္းခဲ့ေၾကာင္း ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ Generation Z Power(GZP)က ယေန႔(ဇြန္ ၂၁) ထုတ္ျပန္သည္။

မဟာေအာင္ေျမၿမိဳ႕နယ္၊ သံလ်က္ေမွာ္အေနာက္ ေအာင္ခ်မ္းသာရပ္ကြက္တြင္ေနထိုင္ေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္မွ တပ္ၾကပ္ႀကီး မ်ိဳးေထြးဆိုသူကို ယေန႔နံနက္ ၇နာရီခြဲခန္႔တြင္ ေသနတ္ျဖင့္ ငါးခ်က္ပစ္ခတ္ခဲ့ေၾကာင္း ေဖာ္ျပသည္။

ပစ္ခတ္ရွင္းလင္းခံရေသာ စစ္ေကာင္စီတပ္သား တပ္ၾကပ္ႀကီးမ်ိဳးေထြးသည္ ရန္ကုန္ၿမိဳ႕ဘက္မွျပန္လာၿပီး မဟာေအာင္ေျမရွိ ၎၏ မိခင္ထံဝင္ေတြ႕စဥ္ ယခုကဲ့သို႔ ပစ္ခတ္ခံရျခင္းျဖစ္ၿပီး ေနရာတင္ပြဲခ်င္းၿပီးေသဆုံးသြားေၾကာင္း GZP ထံမွ သိရသည္။

“ျပည္သူေတြ ေသြးေအးမသြားၾကဖို႔နဲ႔ ဒီေတာ္ လွန္ေရးက ႏိုင္ကိုႏိုင္မွာ ျဖစ္ေၾကာင္း ေျပာၾကားခ်င္ပါတယ္”ဟု GZP မွ ေတာ္လွန္ေရးရဲေဘာ္တစ္ဦးက သတင္းစကားပါးသည္။

ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕မ်ားႏွင့္ ေတာ္လွန္ေရးရဲေဘာ္မ်ားက စစ္ေရးပစ္မွတ္မ်ားအား တိုက္ခိုက္ၿဖိဳဖ်က္လ်က္ရွိသကဲ့သို႔ ျပည္သူမ်ားအေနျဖင့္လည္း ေထာက္ပို႔တပ္သားမ်ားအျဖစ္ ေနအိမ္တြင္ေနထိုင္းရင္း Click ေပးၾကရန္ GZPက တိုက္တြန္းသည္။

မန္တလေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ကျော်ဇော/People’s Spring

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Generation Z Power(GZP)က ယနေ့(ဇွန် ၂၁) ထုတ်ပြန်သည်။

မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက် အောင်ချမ်းသာရပ်ကွက်တွင်နေထိုင်သော အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး မျိုးထွေးဆိုသူကို ယနေ့နံနက် ၇နာရီခွဲခန့်တွင် သေနတ်ဖြင့် ငါးချက်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

ပစ်ခတ်ရှင်းလင်းခံရသော စစ်ကောင်စီတပ်သား တပ်ကြပ်ကြီးမျိုးထွေးသည် ရန်ကုန်မြို့ဘက်မှပြန်လာပြီး မဟာအောင်မြေရှိ ၎င်း၏ မိခင်ထံဝင်တွေ့စဉ် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်းဖြစ်ပြီး နေရာတင်ပွဲချင်းပြီးသေဆုံးသွားကြောင်း GZP ထံမှ သိရသည်။

“ပြည်သူတွေ သွေးအေးမသွားကြဖို့နဲ့ ဒီတော် လှန်ရေးက နိုင်ကိုနိုင်မှာ ဖြစ်ကြောင်း ပြောကြားချင်ပါတယ်”ဟု GZP မှ တော်လှန်ရေးရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

မြို့ပြပြောက်ကျားတပ်ဖွဲ့များနှင့် တော်လှန်ရေးရဲဘော်များက စစ်ရေးပစ်မှတ်များအား တိုက်ခိုက်ဖြိုဖျက်လျက်ရှိသကဲ့သို့ ပြည်သူများအနေဖြင့်လည်း ထောက်ပို့တပ်သားများအဖြစ် နေအိမ်တွင်နေထိုင်းရင်း Click ပေးကြရန် GZPက တိုက်တွန်းသည်။