Cele

ဒီရက္ထဲ ေတြးမိေနတဲ့ အေတြးအပိုင္းအစေလးေတြကို စိတ္မေကာင္းစြာေျပာလာတဲ့ပန္ဆယ္လို

ဒီရက္ထဲ ေတြးမိေနတဲ့ အေတြးအပိုင္းအစေလးေတြကို စိတ္မေကာင္းစြာေျပာလာတဲ့ပန္ဆယ္လို

ဒီရက္ထဲ ေတြးမိေနတဲ့ အေတြးတစပါ။ မႏွစ္က ဒီအခ်ိန္ အေမစုေမြးေန႔ပြဲ New York မွာ တက္ခဲ့တဲ့အခ်ိန္က ကိုယ္ အေမရိကားေရာက္သြားလို႔ ေတာ္လွန္ေရးကိုသစၥာေဖာက္သူ၊

စစ္တပ္ရဲ႕ဒလန္ျဖစ္ႏိုင္တယ္ စသျဖင့္ စြတ္စြဲခ်က္ေတြ၊ စကားအတင္းဆိုမႈေတြ၊ အျမင္လြဲမႈေတြ အေတာ္မ်ားမ်ား ရင္ဆိုင္ခဲ့ရတယ္။

အသက္ေဘးက လြတ္ေျမာက္လာလို႔ ဝမ္းသာေပးၾကသူေတြရွိသလို စစ္ေခြးေတြလက္မွာ မေသခဲ့တာပဲ တာဝန္မေက်တဲ့လူလိုလို ဆက္ဆံခံရတယ္။

ကိုယ့္ကို ဖိတ္ၾကားသူေတြကိုကအစ တိုက္ခိုက္တာမ်ိဳး မေကာင္းေျပာတာမ်ိဳးေတြ ႀကဳံရတယ္။ မယုံဘူးဆိုသူေတြကလည္း တမ်ိဳးတဖုံေပါ့။

ေျပးရေကာင္းလားလို႔ ေလွာင္ၾကသူေတြ၊ သေရာ္ၾကတဲ့ဒဏ္ေတြကို လွိမ့္ေနေအာင္ ခံခဲ့ရတယ္။

ကိုယ္ကေတာ့ အဲ့အခ်ိန္ကတည္းက ထုံေပေပ ပါပဲ။ ကိုယ္ ဘယ္လိုျဖတ္သန္းခဲ့ရလဲ ကိုယ့္ကိုယ္ကိုယ္ သိခဲ့တာပဲ။

နာၾကင္ေၾကမြရလြန္းလို႔ ထုံခဲေနတဲ့ ခံစားခ်က္မ်ိဳးနဲ႔ ဘာကိုမွ ထူးေထြမနာက်င္မိေတာ့သလိုမ်ိဳး။

တစ္ႏွစ္တာကာလမွာ ကိုယ္ဟာ လုံးဝရပ္တန္႔မေနခဲ့ဘူး။ ကိုယ္ ခရီးေတြ ဆက္တိုက္သြားတယ္။ ေတာ္လွန္ေရးအတြက္ ေထာက္ပို႔အလုပ္ေတြ တစိုက္မတ္မတ္ လုပ္တယ္။

NUG အတြက္ ဘြန္းေရာင္းေငြရွာပို႔တယ္။ Online Campaign ေတြ ဆက္တိုက္လုပ္တယ္။ တစ္ႏွစ္တာကာလလုံး ကိုယ့္ခြန္ကိုယ့္အား အားလုံးဟာ ဒီေတာ္လွန္ေရးကေန ကင္းလြတ္မေနေအာင္ ေနခဲ့တယ္။

ဒါဟာ ဘယ္သူ႔ရဲ႕လက္ခုတ္သံအတြက္မွ ေမွ်ာ္လင့္လုပ္ခဲ့တာ မဟုတ္ဘူး။ ဒါေပမယ့္ တစ္ႏွစ္တာကာလအတြင္းမွာ ကိုယ္ဟာ ေတာ္လွန္ေရးကေန

ေရွာင္ေျပးခ်င္လို႔ ထြက္ေျပးခဲ့သူမဟုတ္ေၾကာင္း၊ ေတာ္လွန္ေရးကို စြန္႔ခြါသစၥာေဖာက္ခဲ့သူ မဟုတ္ေၾကာင္းေတာ့ ျပသႏိုင္ခဲ့တယ္ ထင္ပါရဲ႕။

လူေတြရဲ႕ ကဲ့ရဲ႕ျခင္း၊ ခ်ီးက်ဴးျခင္းေတြဟာ တကယ့္တကယ္တမ္းေတာ့ အေရးပါလွတယ္ မဟုတ္ပါဘူး။ ကိုယ္ေလွ်ာက္တဲ့လမ္းကို ကိုယ္ယုံၾကည္ဖို႔ပါပဲ။

ကဲ့ရဲ႕ျခင္းေလာကဓံကို ထုံေပေပ ရင္ဆိုင္ခဲ့ၿပီးေနာက္မွာ ခ်ီးက်ဴးျခင္းေလာကဓံကိုလည္း ဘဝင္မေတြ႕ဘဲ ထုံေပေပရင္ဆိုင္ႏိုင္ဖို႔ ဆက္ႀကိဳးစားရမွာပါပဲ။

မၿမဲတဲ့သေဘာေတြပါ။ၿပီးေတာ့လည္း ၿပီးသြားတာပါပဲ။

မင္းေအာင္လႈိင္စစ္တပ္ မၿမဲဘဲ ၿပီးသြားဖို႔က အေရးအႀကီးဆုံးပဲ မဟုတ္လား။

ဒီရက်ထဲ တွေးမိနေတဲ့ အတွေးအပိုင်းအစလေးတွေကို စိတ်မကောင်းစွာပြောလာတဲ့ပန်ဆယ်လို

ဒီရက်ထဲ တွေးမိနေတဲ့ အတွေးတစပါ။ မနှစ်က ဒီအချိန် အမေစုမွေးနေ့ပွဲ New York မှာ တက်ခဲ့တဲ့အချိန်က ကိုယ် အမေရိကားရောက်သွားလို့ တော်လှန်ရေးကိုသစ္စာဖောက်သူ၊

စစ်တပ်ရဲ့ဒလန်ဖြစ်နိုင်တယ် စသဖြင့် စွတ်စွဲချက်တွေ၊ စကားအတင်းဆိုမှုတွေ၊ အမြင်လွဲမှုတွေ အတော်များများ ရင်ဆိုင်ခဲ့ရတယ်။

အသက်ဘေးက လွတ်မြောက်လာလို့ ဝမ်းသာပေးကြသူတွေရှိသလို စစ်ခွေးတွေလက်မှာ မသေခဲ့တာပဲ တာဝန်မကျေတဲ့လူလိုလို ဆက်ဆံခံရတယ်။

ကိုယ့်ကို ဖိတ်ကြားသူတွေကိုကအစ တိုက်ခိုက်တာမျိုး မကောင်းပြောတာမျိုးတွေ ကြုံရတယ်။ မယုံဘူးဆိုသူတွေကလည်း တမျိုးတဖုံပေါ့။

ပြေးရကောင်းလားလို့ လှောင်ကြသူတွေ၊ သရော်ကြတဲ့ဒဏ်တွေကို လှိမ့်နေအောင် ခံခဲ့ရတယ်။

ကိုယ်ကတော့ အဲ့အချိန်ကတည်းက ထုံပေပေ ပါပဲ။ ကိုယ် ဘယ်လိုဖြတ်သန်းခဲ့ရလဲ ကိုယ့်ကိုယ်ကိုယ် သိခဲ့တာပဲ။

နာကြင်ကြေမွရလွန်းလို့ ထုံခဲနေတဲ့ ခံစားချက်မျိုးနဲ့ ဘာကိုမှ ထူးထွေမနာကျင်မိတော့သလိုမျိုး။

တစ်နှစ်တာကာလမှာ ကိုယ်ဟာ လုံးဝရပ်တန့်မနေခဲ့ဘူး။ ကိုယ် ခရီးတွေ ဆက်တိုက်သွားတယ်။ တော်လှန်ရေးအတွက် ထောက်ပို့အလုပ်တွေ တစိုက်မတ်မတ် လုပ်တယ်။

NUG အတွက် ဘွန်းရောင်းငွေရှာပို့တယ်။ Online Campaign တွေ ဆက်တိုက်လုပ်တယ်။ တစ်နှစ်တာကာလလုံး ကိုယ့်ခွန်ကိုယ့်အား အားလုံးဟာ ဒီတော်လှန်ရေးကနေ ကင်းလွတ်မနေအောင် နေခဲ့တယ်။

ဒါဟာ ဘယ်သူ့ရဲ့လက်ခုတ်သံအတွက်မှ မျှော်လင့်လုပ်ခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် တစ်နှစ်တာကာလအတွင်းမှာ ကိုယ်ဟာ တော်လှန်ရေးကနေ

ရှောင်ပြေးချင်လို့ ထွက်ပြေးခဲ့သူမဟုတ်ကြောင်း၊ တော်လှန်ရေးကို စွန့်ခွါသစ္စာဖောက်ခဲ့သူ မဟုတ်ကြောင်းတော့ ပြသနိုင်ခဲ့တယ် ထင်ပါရဲ့။

လူတွေရဲ့ ကဲ့ရဲ့ခြင်း၊ ချီးကျူးခြင်းတွေဟာ တကယ့်တကယ်တမ်းတော့ အရေးပါလှတယ် မဟုတ်ပါဘူး။ ကိုယ်လျှောက်တဲ့လမ်းကို ကိုယ်ယုံကြည်ဖို့ပါပဲ။

ကဲ့ရဲ့ခြင်းလောကဓံကို ထုံပေပေ ရင်ဆိုင်ခဲ့ပြီးနောက်မှာ ချီးကျူးခြင်းလောကဓံကိုလည်း ဘဝင်မတွေ့ဘဲ ထုံပေပေရင်ဆိုင်နိုင်ဖို့ ဆက်ကြိုးစားရမှာပါပဲ။

မမြဲတဲ့သဘောတွေပါ။ပြီးတော့လည်း ပြီးသွားတာပါပဲ။

မင်းအောင်လှိုင်စစ်တပ် မမြဲဘဲ ပြီးသွားဖို့က အရေးအကြီးဆုံးပဲ မဟုတ်လား။