Local News

EPC ဝန္ထမ္း ေယာင္ေဆာင္ၿပီး လွ်ပ္စစ္မီးႀကိဳး‌ေတြ ျဖဳတ္ယူသြား

EPC ဝန္ထမ္း ေယာင္ေဆာင္ၿပီး လွ်ပ္စစ္မီးႀကိဳး‌ေတြ ျဖဳတ္ယူသြား

ကခ်င္ျပည္နယ္၊ တႏိုင္းၿမိဳ႕တြင္ EPC ဝန္ထမ္းေတြ ျဖစ္တယ္လို႔ အိမ္ရွင္ေတြကိုေျပာၿပီး ပင္မမီးႀကိဳးနဲ႔ ခ်ိတ္ယူရတဲ့ Service မီးႀကိဳးေတြကို လူတခ်ိဳ႕က ျဖဳတ္ယူမႈေတြ ျဖစ္ေနေၾကာင္း ၿမိဳ႕လွ်ပ္စစ္ဦးစီးမႉး ဦးရွဲႏိုင္က ေျပာပါတယ္။

“EPC ကလို႔ေျပာၿပီး ယူတယ္၊ အခုတေလာ အျဖစ္မ်ားေနတယ္။ အတိအက်ေတာ့ မသိေသးဘူး။ လိုက္လံစုံစမ္းေနပါတယ္။ ဘယ္သူ ခိုးတယ္ဆိုတာေတာ့ မသိေသးဘူး” လို႔ ၎ကေျပာပါတယ္။

တႏိုင္းၿမိဳ႕က လူေနအိမ္ ၃အိမ္မွာ အခုလို မီးႀကိဳးျဖဳတ္ယူခံရမႈ ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။ ဘာလုပ္ဖို႔အတြက္ ျဖဳတ္ယူတာကို အတိအက် မသိရေပမဲ့ တႏိုင္းၿမိဳ႕နယ္ရွိ ေမွာ္‌ေတြမွာ သြားေရာင္းစားဖို႔ ျဖစ္ႏိုင္တယ္လို႔ လွ်ပ္စစ္ဦးစီးမႉးက ေျပာပါတယ္။

၎လွ်ပ္စစ္မီးႀကိဳးေတြကို EPC ကသာ ျဖဳတ္ယူပိုင္ခြင့္ရွိၿပီး အိမ္ရွင္ေတြပင္ မိမိသေဘာနဲ႔ ျဖဳတ္ယူခြင့္ မရွိဘူးလို႔ ၎က ဆက္ေျပာပါတယ္။

“မျဖစ္မေနလုပ္ရမယ့္ လုပ္ငန္းကိစၥ ဒါမွမဟုတ္ အိမ္ရွင္ကႀကိဳးလဲခ်င္တယ္ဆိုမွ EPC က ႀကိဳးကို ကိုင္ခြင့္ရွိတာပါ”လို႔ ေျပာပါတယ္။

ကခ်င္ျပည္နယ္က အျခားၿမိဳ႕ေတြမွာလည္း ေနအိမ္ျပင္ပ လမ္းေပၚက လွ်ပ္စစ္မီးႀကိဳး‌ေတြ ခိုးခံရတဲ့အမႈ‌ေတြ ရွိခဲ့ေပမဲ့ အခုလို ‌လူေနအိမ္အတြင္းထိ ေပၚေပၚတင္တင္ ျဖဳတ္ယူခံရတဲ့အမႈမ်ိဳးကို မၾကားခဲ့ရပါ။

တႏိုင္းၿမိဳ႕ရွိ လွ်ပ္စစ္မီးမွာ စက္ေမာင္းလွ်ပ္စစ္ေပး မီးသာျဖစ္ၿပီး ည ၆ နာရီမွ ၁၀ နာရီ အထိသာ မီးရရွိ‌တဲ့ ၿမိဳ႕ ျဖစ္ပါတယ္။

Kachinwaves

EPC ဝန်ထမ်း ယောင်ဆောင်ပြီး လျှပ်စစ်မီးကြိုး‌တွေ ဖြုတ်ယူသွား

ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် EPC ဝန်ထမ်းတွေ ဖြစ်တယ်လို့ အိမ်ရှင်တွေကိုပြောပြီး ပင်မမီးကြိုးနဲ့ ချိတ်ယူရတဲ့ Service မီးကြိုးတွေကို လူတချို့က ဖြုတ်ယူမှုတွေ ဖြစ်နေကြောင်း မြို့လျှပ်စစ်ဦးစီးမှူး ဦးရှဲနိုင်က ပြောပါတယ်။

“EPC ကလို့ပြောပြီး ယူတယ်၊ အခုတလော အဖြစ်များနေတယ်။ အတိအကျတော့ မသိသေးဘူး။ လိုက်လံစုံစမ်းနေပါတယ်။ ဘယ်သူ ခိုးတယ်ဆိုတာတော့ မသိသေးဘူး” လို့ ၎င်းကပြောပါတယ်။

တနိုင်းမြို့က လူနေအိမ် ၃အိမ်မှာ အခုလို မီးကြိုးဖြုတ်ယူခံရမှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဘာလုပ်ဖို့အတွက် ဖြုတ်ယူတာကို အတိအကျ မသိရပေမဲ့ တနိုင်းမြို့နယ်ရှိ မှော်‌တွေမှာ သွားရောင်းစားဖို့ ဖြစ်နိုင်တယ်လို့ လျှပ်စစ်ဦးစီးမှူးက ပြောပါတယ်။

၎င်းလျှပ်စစ်မီးကြိုးတွေကို EPC ကသာ ဖြုတ်ယူပိုင်ခွင့်ရှိပြီး အိမ်ရှင်တွေပင် မိမိသဘောနဲ့ ဖြုတ်ယူခွင့် မရှိဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

“မဖြစ်မနေလုပ်ရမယ့် လုပ်ငန်းကိစ္စ ဒါမှမဟုတ် အိမ်ရှင်ကကြိုးလဲချင်တယ်ဆိုမှ EPC က ကြိုးကို ကိုင်ခွင့်ရှိတာပါ”လို့ ပြောပါတယ်။

ကချင်ပြည်နယ်က အခြားမြို့တွေမှာလည်း နေအိမ်ပြင်ပ လမ်းပေါ်က လျှပ်စစ်မီးကြိုး‌တွေ ခိုးခံရတဲ့အမှု‌တွေ ရှိခဲ့ပေမဲ့ အခုလို ‌လူနေအိမ်အတွင်းထိ ပေါ်ပေါ်တင်တင် ဖြုတ်ယူခံရတဲ့အမှုမျိုးကို မကြားခဲ့ရပါ။

တနိုင်းမြို့ရှိ လျှပ်စစ်မီးမှာ စက်မောင်းလျှပ်စစ်ပေး မီးသာဖြစ်ပြီး ည ၆ နာရီမှ ၁၀ နာရီ အထိသာ မီးရရှိ‌တဲ့ မြို့ ဖြစ်ပါတယ်။

Kachinwaves