Local News
မုံရွာမှ စစ်ကိုင်းသို့ ထွက်ခွာလာသော စကစ(၁၀၄)စီးယဉ်တန်းအား အညာအုန်းသီးများနှင့် ဧည့်ခံကျွေးမွေးမှု ရုပ်သံ
၂၁.၆.၂၀၂၂ ရက်နေ့တွင် မုံရွာမှစစ်ကိုင်းသို့ ထွက်ခွာလာသော စကစ (၁၀၄)စီးကားတန်းအား ကင်းပုန်းများထူထပ်နေသည့်အကြားမှ မြင်းမူမြို့နယ် အနောက်ပိုင်း Black Eagle Defence Force MMU အဖွဲ့နှင့် မြင်းမူမြို့နယ် အရှေ့ပိုင်း PeopleDefence Force Myinmu.MMUPDF အဖွဲ့တို့မှ ဦးဆောင်ပြီး မဟာမိတ်အဖွဲ့များနှင့် မိုင်းဆွဲတိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
စစ်ဆင်ရေး(၁)။ ။ (၂၁.၆.၂၀၂၂)ရက်နေ့ နံနက်တွင် မုံရွာနမခ ခွေးခြံ မှ စစ်ကိုင်း သို့ဆင်းလာသော စစ်ကောင်စီအင်အားအပြည့်ပါခွေး ကား(၁၀၄) စီးပါယာဉ်တန်းကို မြင်းမူမြို့နယ် ဘိုးမင်းကြီးကင်းကျေးရွာနှင့် ဂွေးပင်တောကျေးရွာ အကြား နေ့လည် (၁၂နာရီ၅၉မိနစ်)ခန့်တွင် တစ်ဖက်ပွင့်ပြောင်း (၅) လုံးကျွေးလိုက်ရာ (၂၅)စီးမြောက်ကား အား ထိမှန်ခဲ့ပါသည်။
စစ်ဆင်ရေး(၂)။ ။ (၂၁.၆.၂၀၂၂) ရက်နေ့ နေ့လည် (၁နာရီ၇မိနစ်)အချိန်ခန့်တွင်လည်း ၎င်းယာဉ်တန်းအား မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာ နှင့် ဘိုးမင်းကြီးကင်း ကျေးရွာအကြားတွင် အညာပိန္နဲသီး(၄)လုံးတွဲ ဖြင့် ထပ်မံ ကျွေးမွေးဧည့်ခံလိုက်ရာ(၁၃)စီးမြောက်ကားအား ထိထိမိမိ ထိမှန်ခဲ့သည်။
စစ်ဆင်ရေး(၃)။ ။ (၂၁.၆.၂၀၂၂) ရက်နေ့ နေ့လည် (၁နာရီ၁၈မိနစ်)အချိန်ခန့်တွင်လည်း ၎င်းယာဉ်တန်းအား မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာ နှင့် ဝမ်းပြည့် ကျေးရွာအကြားတွင်လည်း အညာပိန္နဲသီး(၃)လုံးတွဲ ဖြင့် ထပ်မံ ကျွေးမွေးဧည့်ခံလိုက်ရာ(၃၅)စီးမြောက်ကားအား ထိထိမိမိ ထိမှန်ခဲ့သည်။
အထက်ဖော်ပြပါ စစ်ဆင်ရေး(၃)ခုအား မြင်းမူမြို့ Black Eagle Defence Force-MMU(မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့) မှ ဦးဆောင်၍ People’s Defence Force Myinmu-MMU PDF၊Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force(မြင်းမူလျှပ်စီး ပြောက် ကျားအဖွဲ့) နှင့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOMတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
စစ်ဆင်ရေးများတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လက် နက်ကြီး လက်နက်ငယ်များဖြင့် နာရီဝက်ခန့် ပြန်လည်ပစ်ခတ်သည့် အတွက်အကြောင့် စခအကျအဆုံးနှင့် ဒဏ်ရာရစာရင်းအား အတည်မပြုနိုင်သေးပါ။ ကျွန်ုပ်တို့ပြည်သူ့ကာကွယ်ရေးရဲဘော်များအထိအခိုက်အကျအဆုံးမရှိဘဲအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါသည်။
People Defence Force Myinmu-MMUPDF အဖွဲ့မှဦးဆောင်ပြီး BLack Eagle Dfence Force. MMU,Black Hawk Force Myinmu-BHFM, People Guerilla Commado-MMU, Myinmu Civil Revolution Force- MMU အဖွဲ့တို့မှ မြင်းမူနှင့်ထီးဆောင်းအကြားတွင် တစ်ကြိမ်၊ထီးဆောင်းနှင့် ကံဖျားအကြားတွင် တစ်ကြိမ်၊
နဘဲကြူးနှင့်ပျော့ရွာအကြားတွင် တစ်ကြိမ် ပဒေသာမိုင်းများ၊ရှေ့ထွက်ပြောင်းများနှင့် သုံးကြိမ် မိုင်းဆွဲတိုက်ခဲ့တယ်လို့သိရပါတယ်။ စကစကား လေးစီးပျက်စီးပြီး၊ စခ၂၅ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ၎င်းတို့ရဲ့ Face book စာမျက်နှာမှာတင်ထားပါတယ်။
မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး