Local News

စစ္တပ္ႏွင့္ AA ၾကား အျပန္အလွန္ဖမ္းဆီးမႈစိပ္လာ

စစ္တပ္ႏွင့္ AA ၾကား အျပန္အလွန္ဖမ္းဆီးမႈစိပ္လာ

ရခိုင္ျပည္နယ္တြင္ စစ္ေကာင္စီႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႔အၾကား အေျခအေနတင္းမာလာသည္ႏွင့္အမွ် ႏွစ္ဖက္အျပန္အလွန္ ဖမ္းဆီးမႈစိပ္လာၿပီး ယခုလအတြင္း အနည္းဆုံးလူ ၂၀ ေက်ာ္ အဖမ္းခံထားရသည္။

ေက်ာက္ေတာ္၊ ေျမာက္ဦးႏွင့္ ပုဏၰားကြၽန္းတို႔တြင္ ႏွစ္ဖက္အျပန္အလွန္ ဖမ္းဆီးမႈမ်ားျပဳလုပ္ေနၿပီး စစ္သား ၃ ဦးႏွင့္ ရဲ ၄ ဦးကို AA က ဖမ္းဆီးခဲ့သလို စစ္တပ္ကလည္း အရပ္သား ၁၆ ဦးထက္မနည္းကို ဖမ္းဆီးထားၿပီး စစ္ေၾကာေရး ေရာက္ေနသူ အနည္းဆုံးငါးဦးရွိသည္ဟု ေဒသခံတို႔ထံမွ သိရသည္။

ယေန႔ (ဇြန္ ၂၁) နံနက္က ျပည္နယ္ေျမာက္ပိုင္း ေက်ာက္ေတာ္ၿမိဳ႕ ျပည္ေတာ္သာရပ္ကြက္တြင္ ေနထိုင္သည့္ ဦးေဇာ္ဝင္းကို စစ္ကားႏွစ္စီးျဖင့္ အင္အားအလုံးအရင္း အသုံးျပဳကာ စစ္တပ္က ပိတ္ဆို႔ဖမ္းဆီးသြားေၾကာင္း အဖမ္းခံရသူ၏ ဇနီးျဖစ္သူ ေဒၚခိုင္ခိုင္က ေျပာသည္။

“၁၀ နာရီေလာက္က ဖမ္းသြားတာပါ။ ဘယ္ကိုဖမ္းသြားလည္း မသိဘူး။ အိမ္ေထာင္စုစာရင္းနဲ႔ အိမ္ေပၚေတြကို ပတ္ၿပီးေတာ့ ျပရတယ္။ အိမ္ေပၚမွာ ရွာလို႔ မေတြ႕လို႔ အိမ္ေနာက္ဘက္ကို တစ္ေခါက္ျပဆိုၿပီး သြားတဲ့အခ်ိန္မွာ အိမ္ရွင္ (ခင္ပြန္း) ထမင္းစားေနတာကို ျမင္တယ္” ဟု ၎က ေျပာသည္။

ထမင္းစားေနသည့္ ခင္ပြန္းျဖစ္သူကို စစ္သားမ်ားက လက္ထိတ္ခတ္ဖမ္းေခၚသြားျခင္းျဖစ္ေၾကာင္း၊ ေသနတ္ေမာင္းတင္ကာ ခ်ိန္႐ြယ္ထားသည္ဟုလည္း ဆိုသည္။​

ေက်ာက္ေတာ္ၿမိဳ႕မရဲစခန္းႏွင့္ ကပ္လ်က္ရွိ ဦးေဇာ္ဝင္းေနအိမ္မွာ စစ္ကားႏွစ္စီးျဖင့္ လက္နက္ႏွင့္ လူအင္အားသုံးကာ ပိတ္ဆို႔ဖမ္းဆီးျခင္းျဖစ္သည္ဟုလည္း သိရသည္။

“ရဲစခန္းနားေတြပါ အားလုံး ပတ္ပတ္လည္ေနရာယူၿပီးေတာ့ ဖမ္းသြားတာ။ အိမ္‌ေရွ႕မွာ အင္အား ၃၀ ၊ ၄၀ ေလာက္ရွိမယ္။ တပ္မကို ေခၚသြားတာ ထင္တယ္။ လြတ္ေအာင္ ခဏလုပ္ေပးၾကပါ။ ႐ိုက္ပုတ္ၿပီး စစ္ေဆးမွာကို ေၾကာက္ေနတာပါ” ဟု ေဒၚခိုင္ခိုင္က ဆိုသည္။

ျပည္ေတာ္သာရပ္ကြက္၏ အုပ္ခ်ဳပ္ေရးမႉးေဟာင္း ဦးေက်ာ္ေမာင္၏ ေနအိမ္ကိုလည္း ယမန္ေန႔ ညတြင္ စစ္သားႏွင့္ ရဲမ်ားက ဝင္ေရာက္ရွာေဖြခဲ့ေၾကာင္း၊ ထြက္ေျပးတိမ္းရွာင္ေနသျဖင့္ အဖမ္းမခံရေၾကာင္း သိရသည္။

ေက်ာက္ေတာ္ၿမိဳ႕အႏွံ႔ စစ္တပ္က ေနရာယူထားသည့္ျပင္ တစ္အိမ္တက္ဆင္း အိမ္ေထာင္စုစာရင္းျဖင့္ စစ္ေဆးေနသည္ဟုလည္း ၿမိဳ႕ခံတစ္ဦးက ဆိုသည္။

ယမန္ေန႔ညေနပိုင္းတြင္ ေက်ာက္ေတာ္ၿမိဳ႕မရဲစခန္းတြင္ တာဝန္ထမ္းေဆာင္ေနသည့္ ရဲသုံးဦးကို AA က ဖမ္းဆီးၿပီးေနာက္ ယေန႔တြင္ စစ္တပ္က လိုက္လံဖမ္းဆီးရင္း အစစ္အေဆးၾကမ္းေနျခင္းျဖစ္သည္။

ေျမာက္ဦးၿမိဳ႕သို႔သြားရာ လမ္းေပၚရွိ ထိုၿမိဳ႕တြင္ တာဝန္သည့္ ဒုရဲအုပ္တစ္ဦး၊ တပ္ၾကပ္ႀကီးစာေရးတစ္ဦးႏွင့္ ရဲတပ္သားတစ္ဦးကို AA တပ္ဖြဲ႕ဝင္မ်ားက ဖမ္းသြားျခင္းျဖစ္သည္ဟု မ်က္ျမင္ေတြ႕ရွိသူ ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

“ရဲသုံးေယာက္ကို ဖမ္းသြားတာ ဟုတ္ပါတယ္။ ရဲစခန္းနဲ႔ ငါးမိနစ္ေလာက္ လမ္းေလွ်ာက္ရတဲ့ ၿမိဳ႕သစ္ရပ္ကြက္ ေဘာလုံးကြင္းနားက ဖမ္းသြားတာ။ အရက္ေသာက္ေနတဲ့အခ်ိန္မွာ ဖမ္းသြားတာပါ” ဟု ၎က ေျပာသည္။

ဇြန္ ၁၇ ရက္ကလည္း ေျမာက္ဦးၿမိဳ႕နယ္ တိန္ညိဳေက်း႐ြာရဲစခန္းမွ တပ္ၾကပ္ႀကီးတစ္ဦးကို AA က ဖမ္းဆီးခဲ့သည္ဟု ေဒသခံ အမ်ိဳးသားတစ္ဦးထံမွ သိရသည္။​

“AA က ဖမ္းသြားတာ ဟုတ္ပါတယ္။ ဗမာရဲဝန္ထမ္းပါ။ ကားဂိတ္နားက ဖမ္းသြားတာ။ အဲဒါေၾကာင့္ မေန႔ကလည္း ႐ြာထဲကို ဝင္စစ္ေဆးတာေတြ လုပ္တယ္။ အိမ္ေထာင္စုစာရင္းေတြ စစ္ေဆးတယ္” ဟု ၎က ေျပာသည္။

ၿပီးခဲ့သည့္ ေမလႏွင့္ ဇြန္လအတြင္း ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ ရကၡိဳင့္တပ္ေတာ္ (ULA/AA) အဖြဲ႕ဝင္တခ်ိဳ႕ ဖမ္းဆီးခံရသည္ ဟု AA ဘက္က ထုတ္ေဖာ္ေျပာဆိုၿပီးေနာက္ ႏွစ္ဖက္အျပန္အလွန္ ဖမ္းဆီးလာၾကျခင္း ျဖစ္သည္။

ေက်ာက္ေတာ္ၿမိဳ႕၌ပင္ ယခုလ ၁၁ ရက္က လက္နက္ကိုင္စစ္သားႏွစ္ဦးကို AA က ဖမ္းဆီးခဲ့သည္။​ ထို႔ေနာက္ ၁၆ ရက္ေန႔တြင္ ပုဏၰားကြၽန္းၿမိဳ႕အေျခစိုက္ ေျချမန္တပ္ရင္း (ခမရ) ၅၅၀ မွ စစ္သားတစ္ဦးကို ေစ်းဝယ္လာခ်ိန္တြင္ AA တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးခဲ့သည္။

စစ္ေကာင္စီဘက္ကလည္း AA ႏွင့္ ဆက္စပ္သည္ သံသယျဖင့္ ေဒသခံမ်ားကို စတင္ဖမ္းဆီးခဲ့သည္။

ခမရ ၅၅၀ မွ စစ္သားအဖမ္းခံရသည့္ ေန႔၌ပင္ ေပါက္ေတာျပင္ေက်း႐ြာမွ ပုဏၰားကြၽန္းျပည္သူ႔ေဆး႐ုံသို႔ ေဆးကုသရန္ လာသည့္ လူငယ္ႏွစ္ဦးကို စစ္တပ္က ဖမ္းဆီးခဲ့သည္။ အဖမ္းခံရသူမ်ားမွာ အသက္ ၁၈ ႏွစ္အ႐ြယ္ ေမာင္ႏိုင္မ်ိဳးထြန္း ႏွင့္ ၁၇ ႏွစ္အ႐ြယ္ ေမာင္မင္းေအာင္ခိုင္ဆိုသူတို႔ျဖစ္သည္။

“ကြၽန္ေတာ့္သားပါ။ က်န္တစ္ေယာက္က ေယာက္ဖေတာ္ပါတယ္။ ဆိုင္ကယ္ေမွာက္လို႔ ၁၆ ရက္ေန႔က ေဆး႐ုံႀကီးကေန ေဆးထည့္ၿပီး အျပန္လမ္းမွာ အဖမ္းခံရတာပါ။ ဘာေၾကာင့္ဖမ္းလည္းေတာ့ မသိဘူး။ အခု သူတို႔ကို ဘယ္မွာ ထိန္းသိမ္းထားလဲဆိုတာလည္း မသိရဘူး” ဟု ေမာင္ႏိုင္မ်ိဳးထြန္း၏ ဖခင္ ဦးစိုးႏိုင္ဝင္းက ေျပာသည္။

ထိုရက္ပိုင္းက ပုဏၰားကြၽန္းတြင္ အနည္းဆုံး ၁၆ ဦးခန္႔ အဖမ္းခံရေၾကာင္း ဦးစိုးႏိုင္ဝင္းထံမွ သိရသည္။

“အဖမ္းခံရတာက ခန႔္မွန္းေျခ အားလုံး ၁၆ ေယာက္ေလာက္ရွိတယ္။ အားလုံး တစ္ရက္တည္းမွာ အဖမ္းခံရတာ မဟုတ္ပါဘူး။ ႏွစ္ရက္ ဖမ္းတာပါ”

ရေသ့ေတာင္ – ပုဏၰားကြၽန္း ကားလမ္းမေပၚတြင္ စစ္တပ္က စစ္ေဆးေရးဂိတ္ သုံးခုခ်ထားၿပီး ေပါက္ေတာျပင္႐ြာအနီးတြင္လည္း ပိႏၷဲေတာစစ္ေဆးေရးဂိတ္ရွိသည္ဟု သိရသည္။

၎တို႔တပ္ဖြဲ႕ဝင္အခ်ိဳ႕ကို ဖမ္းဆီးျခင္းေၾကာင့္ စစ္ေကာင္စီလက္ေအာက္ခံ တပ္ဖြဲ႕ဝင္မ်ားကို လက္တုံ႔ျပန္ ဖမ္းဆီးျခင္းျဖစ္ေၾကာင္း ယခုလ ၁၄ ရက္က သတင္းစာရွင္းလင္းပြဲတြင္ AA တာဝန္ရွိသူက ထုတ္ေဖာ္ေျပာဆိုသည္။

လတ္တေလာ အျပန္အလွန္ဖမ္းဆီးမႈမ်ားအေပၚ ေဒသခံမ်ား စိုးရိမ္ေနၾကသည္။ ဖမ္းဆီးမႈမ်ားႏွင့္ ပတ္သက္၍ AA ႏွင့္ စစ္ေကာင္စီတာဝန္ရွိသူမ်ားကို ဆက္သြယ္ေမးျမန္း၍ မရေသးေပ။​

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေမာင္ေတာၿမိဳ႕နယ္ သေဘၤာလွေက်း႐ြာတြင္ မူလတန္းေက်ာင္းအုပ္တစ္ဦးႏွင့္ ဆရာမတစ္ဦး ေပ်ာက္ဆုံးေနၿပီး လိုက္လံရွာေဖြေနသူမ်ားႏွင့္ ေဒသခံ မြတ္စလင္မ်ားအၾကား အေျခအေနတင္းမာလ်က္ရွိသည္။

အဆိုပါ ပညာေရးဝန္ထမ္းႏွစ္ဦးကို အာဆာ (ARSA) အဖြဲ႕က ျပန္ေပးဆြဲသည္ဆိုေသာ AA တာဝန္ရွိသူ၏ ေျပာဆိုခ်က္အေပၚ အာဆာအဖြဲ႕က ျငင္းဆန္ထားသည္။

၂၀၂၀ ေ႐ြးေကာက္ပြဲမတိုင္မီက ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ စစ္တပ္ႏွင့္ AA တို႔ တိုက္ပြဲမ်ား အျပင္းအထန္ျဖစ္ပြားကာ ယခုကဲ့သို႔ အျပန္အလွန္ဖမ္းဆီးမႈမ်ား ရွိခဲ့သည္။

အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီက AA အဖြဲ႕ကို အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ထားျခင္းမွ ပယ္ဖ်က္ေပးခဲ့သည့္ျပင္ AA သံသယျဖင့္ ဖမ္းဆီးေထာင္ခ်ထားသူမ်ားကို ျပန္လႊတ္ေပးျခင္းမ်ား ရွိခဲ့သည္။​source-ျမန္မာေနာင္း

စစ်တပ်နှင့် AA ကြား အပြန်အလှန်ဖမ်းဆီးမှုစိပ်လာ

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား အခြေအနေတင်းမာလာသည်နှင့်အမျှ နှစ်ဖက်အပြန်အလှန် ဖမ်းဆီးမှုစိပ်လာပြီး ယခုလအတွင်း အနည်းဆုံးလူ ၂၀ ကျော် အဖမ်းခံထားရသည်။

ကျောက်တော်၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းတို့တွင် နှစ်ဖက်အပြန်အလှန် ဖမ်းဆီးမှုများပြုလုပ်နေပြီး စစ်သား ၃ ဦးနှင့် ရဲ ၄ ဦးကို AA က ဖမ်းဆီးခဲ့သလို စစ်တပ်ကလည်း အရပ်သား ၁၆ ဦးထက်မနည်းကို ဖမ်းဆီးထားပြီး စစ်ကြောရေး ရောက်နေသူ အနည်းဆုံးငါးဦးရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ယနေ့ (ဇွန် ၂၁) နံနက်က ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်တွင် နေထိုင်သည့် ဦးဇော်ဝင်းကို စစ်ကားနှစ်စီးဖြင့် အင်အားအလုံးအရင်း အသုံးပြုကာ စစ်တပ်က ပိတ်ဆို့ဖမ်းဆီးသွားကြောင်း အဖမ်းခံရသူ၏ ဇနီးဖြစ်သူ ဒေါ်ခိုင်ခိုင်က ပြောသည်။

“၁၀ နာရီလောက်က ဖမ်းသွားတာပါ။ ဘယ်ကိုဖမ်းသွားလည်း မသိဘူး။ အိမ်ထောင်စုစာရင်းနဲ့ အိမ်ပေါ်တွေကို ပတ်ပြီးတော့ ပြရတယ်။ အိမ်ပေါ်မှာ ရှာလို့ မတွေ့လို့ အိမ်နောက်ဘက်ကို တစ်ခေါက်ပြဆိုပြီး သွားတဲ့အချိန်မှာ အိမ်ရှင် (ခင်ပွန်း) ထမင်းစားနေတာကို မြင်တယ်” ဟု ၎င်းက ပြောသည်။

ထမင်းစားနေသည့် ခင်ပွန်းဖြစ်သူကို စစ်သားများက လက်ထိတ်ခတ်ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း၊ သေနတ်မောင်းတင်ကာ ချိန်ရွယ်ထားသည်ဟုလည်း ဆိုသည်။

ကျောက်တော်မြို့မရဲစခန်းနှင့် ကပ်လျက်ရှိ ဦးဇော်ဝင်းနေအိမ်မှာ စစ်ကားနှစ်စီးဖြင့် လက်နက်နှင့် လူအင်အားသုံးကာ ပိတ်ဆို့ဖမ်းဆီးခြင်းဖြစ်သည်ဟုလည်း သိရသည်။

“ရဲစခန်းနားတွေပါ အားလုံး ပတ်ပတ်လည်နေရာယူပြီးတော့ ဖမ်းသွားတာ။ အိမ်‌ရှေ့မှာ အင်အား ၃၀ ၊ ၄၀ လောက်ရှိမယ်။ တပ်မကို ခေါ်သွားတာ ထင်တယ်။ လွတ်အောင် ခဏလုပ်ပေးကြပါ။ ရိုက်ပုတ်ပြီး စစ်ဆေးမှာကို ကြောက်နေတာပါ” ဟု ဒေါ်ခိုင်ခိုင်က ဆိုသည်။

ပြည်တော်သာရပ်ကွက်၏ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မောင်၏ နေအိမ်ကိုလည်း ယမန်နေ့ ညတွင် စစ်သားနှင့် ရဲများက ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ ထွက်ပြေးတိမ်းရှာင်နေသဖြင့် အဖမ်းမခံရကြောင်း သိရသည်။

ကျောက်တော်မြို့အနှံ့ စစ်တပ်က နေရာယူထားသည့်ပြင် တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်းဖြင့် စစ်ဆေးနေသည်ဟုလည်း မြို့ခံတစ်ဦးက ဆိုသည်။

ယမန်နေ့ညနေပိုင်းတွင် ကျောက်တော်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲသုံးဦးကို AA က ဖမ်းဆီးပြီးနောက် ယနေ့တွင် စစ်တပ်က လိုက်လံဖမ်းဆီးရင်း အစစ်အဆေးကြမ်းနေခြင်းဖြစ်သည်။

မြောက်ဦးမြို့သို့သွားရာ လမ်းပေါ်ရှိ ထိုမြို့တွင် တာဝန်သည့် ဒုရဲအုပ်တစ်ဦး၊ တပ်ကြပ်ကြီးစာရေးတစ်ဦးနှင့် ရဲတပ်သားတစ်ဦးကို AA တပ်ဖွဲ့ဝင်များက ဖမ်းသွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူ မြို့ခံတစ်ဦးက ပြောသည်။

“ရဲသုံးယောက်ကို ဖမ်းသွားတာ ဟုတ်ပါတယ်။ ရဲစခန်းနဲ့ ငါးမိနစ်လောက် လမ်းလျှောက်ရတဲ့ မြို့သစ်ရပ်ကွက် ဘောလုံးကွင်းနားက ဖမ်းသွားတာ။ အရက်သောက်နေတဲ့အချိန်မှာ ဖမ်းသွားတာပါ” ဟု ၎င်းက ပြောသည်။

ဇွန် ၁၇ ရက်ကလည်း မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာရဲစခန်းမှ တပ်ကြပ်ကြီးတစ်ဦးကို AA က ဖမ်းဆီးခဲ့သည်ဟု ဒေသခံ အမျိုးသားတစ်ဦးထံမှ သိရသည်။

“AA က ဖမ်းသွားတာ ဟုတ်ပါတယ်။ ဗမာရဲဝန်ထမ်းပါ။ ကားဂိတ်နားက ဖမ်းသွားတာ။ အဲဒါကြောင့် မနေ့ကလည်း ရွာထဲကို ဝင်စစ်ဆေးတာတွေ လုပ်တယ်။ အိမ်ထောင်စုစာရင်းတွေ စစ်ဆေးတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မေလနှင့် ဇွန်လအတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) အဖွဲ့ဝင်တချို့ ဖမ်းဆီးခံရသည် ဟု AA ဘက်က ထုတ်ဖော်ပြောဆိုပြီးနောက် နှစ်ဖက်အပြန်အလှန် ဖမ်းဆီးလာကြခြင်း ဖြစ်သည်။

ကျောက်တော်မြို့၌ပင် ယခုလ ၁၁ ရက်က လက်နက်ကိုင်စစ်သားနှစ်ဦးကို AA က ဖမ်းဆီးခဲ့သည်။ ထို့နောက် ၁၆ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၅၅၀ မှ စစ်သားတစ်ဦးကို ဈေးဝယ်လာချိန်တွင် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီဘက်ကလည်း AA နှင့် ဆက်စပ်သည် သံသယဖြင့် ဒေသခံများကို စတင်ဖမ်းဆီးခဲ့သည်။

ခမရ ၅၅၀ မှ စစ်သားအဖမ်းခံရသည့် နေ့၌ပင် ပေါက်တောပြင်ကျေးရွာမှ ပုဏ္ဏားကျွန်းပြည်သူ့ဆေးရုံသို့ ဆေးကုသရန် လာသည့် လူငယ်နှစ်ဦးကို စစ်တပ်က ဖမ်းဆီးခဲ့သည်။ အဖမ်းခံရသူများမှာ အသက် ၁၈ နှစ်အရွယ် မောင်နိုင်မျိုးထွန်း နှင့် ၁၇ နှစ်အရွယ် မောင်မင်းအောင်ခိုင်ဆိုသူတို့ဖြစ်သည်။

“ကျွန်တော့်သားပါ။ ကျန်တစ်ယောက်က ယောက်ဖတော်ပါတယ်။ ဆိုင်ကယ်မှောက်လို့ ၁၆ ရက်နေ့က ဆေးရုံကြီးကနေ ဆေးထည့်ပြီး အပြန်လမ်းမှာ အဖမ်းခံရတာပါ။ ဘာကြောင့်ဖမ်းလည်းတော့ မသိဘူး။ အခု သူတို့ကို ဘယ်မှာ ထိန်းသိမ်းထားလဲဆိုတာလည်း မသိရဘူး” ဟု မောင်နိုင်မျိုးထွန်း၏ ဖခင် ဦးစိုးနိုင်ဝင်းက ပြောသည်။

ထိုရက်ပိုင်းက ပုဏ္ဏားကျွန်းတွင် အနည်းဆုံး ၁၆ ဦးခန့် အဖမ်းခံရကြောင်း ဦးစိုးနိုင်ဝင်းထံမှ သိရသည်။

“အဖမ်းခံရတာက ခန့်မှန်းခြေ အားလုံး ၁၆ ယောက်လောက်ရှိတယ်။ အားလုံး တစ်ရက်တည်းမှာ အဖမ်းခံရတာ မဟုတ်ပါဘူး။ နှစ်ရက် ဖမ်းတာပါ”

ရသေ့တောင် – ပုဏ္ဏားကျွန်း ကားလမ်းမပေါ်တွင် စစ်တပ်က စစ်ဆေးရေးဂိတ် သုံးခုချထားပြီး ပေါက်တောပြင်ရွာအနီးတွင်လည်း ပိန္နဲတောစစ်ဆေးရေးဂိတ်ရှိသည်ဟု သိရသည်။

၎င်းတို့တပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးခြင်းကြောင့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များကို လက်တုံ့ပြန် ဖမ်းဆီးခြင်းဖြစ်ကြောင်း ယခုလ ၁၄ ရက်က သတင်းစာရှင်းလင်းပွဲတွင် AA တာဝန်ရှိသူက ထုတ်ဖော်ပြောဆိုသည်။

လတ်တလော အပြန်အလှန်ဖမ်းဆီးမှုများအပေါ် ဒေသခံများ စိုးရိမ်နေကြသည်။ ဖမ်းဆီးမှုများနှင့် ပတ်သက်၍ AA နှင့် စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း၍ မရသေးပေ။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် သင်္ဘောလှကျေးရွာတွင် မူလတန်းကျောင်းအုပ်တစ်ဦးနှင့် ဆရာမတစ်ဦး ပျောက်ဆုံးနေပြီး လိုက်လံရှာဖွေနေသူများနှင့် ဒေသခံ မွတ်စလင်များအကြား အခြေအနေတင်းမာလျက်ရှိသည်။

အဆိုပါ ပညာရေးဝန်ထမ်းနှစ်ဦးကို အာဆာ (ARSA) အဖွဲ့က ပြန်ပေးဆွဲသည်ဆိုသော AA တာဝန်ရှိသူ၏ ပြောဆိုချက်အပေါ် အာဆာအဖွဲ့က ငြင်းဆန်ထားသည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားကာ ယခုကဲ့သို့ အပြန်အလှန်ဖမ်းဆီးမှုများ ရှိခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ပေးခဲ့သည့်ပြင် AA သံသယဖြင့် ဖမ်းဆီးထောင်ချထားသူများကို ပြန်လွှတ်ပေးခြင်းများ ရှိခဲ့သည်။source-မြန်မာနောင်း