Local News

ပုံတူ ပန္းခ်ီကား ျမန္မာေငြသိန္းေျခာက္ဆယ္ေက်ာ္ ေလလံေအာင္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး ဗိုလ္နဂါး ေျပာ

ပုံတူ ပန္းခ်ီကား ျမန္မာေငြသိန္းေျခာက္ဆယ္ေက်ာ္ ေလလံေအာင္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး ဗိုလ္နဂါး ေျပာ

ပုံတူ ပန္းခ်ီကား ျမန္မာေငြသိန္းေျခာက္ဆယ္ေက်ာ္ ေလလံေအာင္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး ဗိုလ္နဂါး ေျပာ

ယမန္ေန႔ ဇြန္လ ၁၉ ရက္ ၊ ေန႔က က်င္းပခဲ့တဲ့ ႏိုင္ငံတကာေရာက္ျမန္မာအလႉရွင္အဖြဲ႕က စစ္ကိုင္းတိုင္း အတြက္ သီးသန႔္ရန္ပုံေငြရွာတဲ့ပြဲမွာ String Art လို႔ေခၚတဲ့

ခ်ည္မွ်င္ေတြနဲ႔ ယက္လုပ္ၿပီး ပုံေဖၚထားတဲ့ ဗိုလ္နဂါးရဲ႕ ပုံတူကို အေမရိကန္ေရာက္ ျမန္မာတဦးက ျမန္မာေငြ သိန္း၆၀ ေက်ာ္တန္ဖိုးရွိတဲ့ ေဒၚလာ ၃၅၀၀ နဲ႔ ေလလံေအာင္သြားတယ္လို႔ ပြဲဦးေဆာင္သူတဦးက ကိုေျပာပါသည္။

“ထင္ထားတာထက္ ေအာင္ျမင္ပါတယ္ ။ အခ်ိန္အနည္းအငယ္အတြင္းမွာ စီစဥ္လိုက္ရေပမယ့္ အမာခံအလႉရွင္ေတြ တက္တာမ်ားေတာ့ အရင္ပြဲကို မီပါတယ္ ။

ေျမျပင္ကရဲေဘာ္ေတြကလည္း ရန္ပုံေငြရဖို႔ထက္ စာရင္ ၊ ျပည္ပက ေထာက္ပို႔ေတြက သူတို႔နဲ႔တသားတည္းရွိေနတယ္ဆိုတာ ခံစားရေတာ့ အားရွိတယ္လို႔ ေျပာၾကပါတယ္လို႔ “ ေျပာပါသည္။

ဒီပြဲကို ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္ရဲ႕ ဦးစီးဗိုလ္နဂါး ကိုယ္တိုင္တက္ေရာက္ခဲ့ၿပီး ေလလံစြဲလို႔ ရတဲ့ ေငြေတြကို ပြဲစီစဥ္သူေတြက ဗိုလ္နဂါးကို ေတာ္လွန္ေရးအတြက္ အသုံးျပဳဖို႔ လႉတန္းခဲ့ပါသည္။

အခုလို သူ႔ပုံတူ ပန္းခ်ီကားကို ဖန္တီးတဲ့သူက ဖန္တီးခဲ့သလို ေလလံစြဲရာမွာ ထင္ထားတာထက္ အလႉေငြ ပိုရရွိခဲ့တာနဲ႔ ပတ္သက္ၿပီး

ဗိုလ္နဂါးက “ ျပည္သူတဦးတေရာက္ခ်င္းစီရဲ႕ တန္ဖိုးထားေလးစားမႈနဲ႔ ထိုက္တန္ေအာင္ ဒီထက္ပိုတဲ့ ႀကိဳးစားအားထုတ္မႈေတြနဲ႔ ေပးဆပ္ရ အဲ.. ၊ ေပးဆပ္တယ္ဆိုတာထက္ အေႂကြးဆပ္ရပါလိမ့္ဦးမယ္။

လူထုေတြရဲ႕ ေလးစားမႈ ၊ လူထုေတြရဲ႕ တန္ဖိုးထားမႈ ယုံၾကည္အားကိုးမႈေတြက ကြၽန္ေတာ့္အေပၚမွာ အေႂကြးတင္သြားၿပီ ။ကြၽန္ေတာ္လုပ္ႏိုင္တာထက္ သူတို႔က

ပိုၿပီးေလးစား တန္ဖိုးထားေနၾကတာ ျဖစ္တဲ့အတြက္ အဲဒါေတြနဲ႔ ထိုက္တန္ေအာင္ ကြၽန္ေတာ္ပိုၿပီး ႀကိဳးစားအားထုတ္ရလိမ့္ဦးမယ္လို႔” ကိုေျပာပါသည္။

ဒီပန္းခ်ီကားကို String Art ပညာရွင္ ကိုလင္းေမာင္က ဖန္တီးခဲ့တာျဖစ္ပါတယ္။

သူက ေႏြဦးေတာ္လွန္ေရးမွာ ထင္ရွားတဲ့ ေခါင္းေဆာင္ေတြရဲ႕ ပုံကို ခ်ည္မွ်င္ေတြနဲ႔ ဖန္တီးၿပီး ေရာင္းရေငြကို ေတာ္လွန္ေရးအတြက္ လႉဒါန္းေနသူ တစ္ဦးျဖစ္ပါသည္။

Crd

ပုံတူ ပန်းချီကား မြန်မာငွေသိန်းခြောက်ဆယ်ကျော် လေလံအောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်နဂါး ပြော

ပုံတူ ပန်းချီကား မြန်မာငွေသိန်းခြောက်ဆယ်ကျော် လေလံအောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်နဂါး ပြော

ယမန်နေ့ ဇွန်လ ၁၉ ရက် ၊ နေ့က ကျင်းပခဲ့တဲ့ နိုင်ငံတကာရောက်မြန်မာအလှူရှင်အဖွဲ့က စစ်ကိုင်းတိုင်း အတွက် သီးသန့်ရန်ပုံငွေရှာတဲ့ပွဲမှာ String Art လို့ခေါ်တဲ့

ချည်မျှင်တွေနဲ့ ယက်လုပ်ပြီး ပုံဖေါ်ထားတဲ့ ဗိုလ်နဂါးရဲ့ ပုံတူကို အမေရိကန်ရောက် မြန်မာတဦးက မြန်မာငွေ သိန်း၆၀ ကျော်တန်ဖိုးရှိတဲ့ ဒေါ်လာ ၃၅၀၀ နဲ့ လေလံအောင်သွားတယ်လို့ ပွဲဦးဆောင်သူတဦးက ကိုပြောပါသည်။

“ထင်ထားတာထက် အောင်မြင်ပါတယ် ။ အချိန်အနည်းအငယ်အတွင်းမှာ စီစဉ်လိုက်ရပေမယ့် အမာခံအလှူရှင်တွေ တက်တာများတော့ အရင်ပွဲကို မီပါတယ် ။

မြေပြင်ကရဲဘော်တွေကလည်း ရန်ပုံငွေရဖို့ထက် စာရင် ၊ ပြည်ပက ထောက်ပို့တွေက သူတို့နဲ့တသားတည်းရှိနေတယ်ဆိုတာ ခံစားရတော့ အားရှိတယ်လို့ ပြောကြပါတယ်လို့ “ ပြောပါသည်။

ဒီပွဲကို မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ ဦးစီးဗိုလ်နဂါး ကိုယ်တိုင်တက်ရောက်ခဲ့ပြီး လေလံစွဲလို့ ရတဲ့ ငွေတွေကို ပွဲစီစဉ်သူတွေက ဗိုလ်နဂါးကို တော်လှန်ရေးအတွက် အသုံးပြုဖို့ လှူတန်းခဲ့ပါသည်။

အခုလို သူ့ပုံတူ ပန်းချီကားကို ဖန်တီးတဲ့သူက ဖန်တီးခဲ့သလို လေလံစွဲရာမှာ ထင်ထားတာထက် အလှူငွေ ပိုရရှိခဲ့တာနဲ့ ပတ်သက်ပြီး

ဗိုလ်နဂါးက “ ပြည်သူတဦးတရောက်ချင်းစီရဲ့ တန်ဖိုးထားလေးစားမှုနဲ့ ထိုက်တန်အောင် ဒီထက်ပိုတဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ပေးဆပ်ရ အဲ.. ၊ ပေးဆပ်တယ်ဆိုတာထက် အကြွေးဆပ်ရပါလိမ့်ဦးမယ်။

လူထုတွေရဲ့ လေးစားမှု ၊ လူထုတွေရဲ့ တန်ဖိုးထားမှု ယုံကြည်အားကိုးမှုတွေက ကျွန်တော့်အပေါ်မှာ အကြွေးတင်သွားပြီ ။ကျွန်တော်လုပ်နိုင်တာထက် သူတို့က

ပိုပြီးလေးစား တန်ဖိုးထားနေကြတာ ဖြစ်တဲ့အတွက် အဲဒါတွေနဲ့ ထိုက်တန်အောင် ကျွန်တော်ပိုပြီး ကြိုးစားအားထုတ်ရလိမ့်ဦးမယ်လို့” ကိုပြောပါသည်။

ဒီပန်းချီကားကို String Art ပညာရှင် ကိုလင်းမောင်က ဖန်တီးခဲ့တာဖြစ်ပါတယ်။

သူက နွေဦးတော်လှန်ရေးမှာ ထင်ရှားတဲ့ ခေါင်းဆောင်တွေရဲ့ ပုံကို ချည်မျှင်တွေနဲ့ ဖန်တီးပြီး ရောင်းရငွေကို တော်လှန်ရေးအတွက် လှူဒါန်းနေသူ တစ်ဦးဖြစ်ပါသည်။

Crd