Local News

PDF ေထာင္ထားတဲ့ မိုင္းေတြကိုေဖာ္ရင္း

PDF ေထာင္ထားတဲ့ မိုင္းေတြကိုေဖာ္ရင္း ေပါက္ကြဲမႈျဖစ္ၿပီး စစ္သား ၂ ဦးေသဆုံး

ပခုကၠဴ၊ ဇြန္ ၂၁၊ ၂၀၂၂။

မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕နယ္မွာ ဇြန္လ ၂၀ ရက္မေန႔က PDF ေတြ ေထာင္ထားတဲ့ မိုင္းေတြကို ရွာေဖြရာကေန ေပါက္ကြဲမႈျဖစ္ၿပီး စစ္သား ၂ ဦးေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါ စစ္သားေတြဟာ မေန႔က ညေန ၄ နာရီခြဲေလာက္က ပခုကၠဴၿမိဳ႕နယ္၊ ဘုန္းကန္႐ြာအနီး မိုင္းရွာေနစဥ္ ေထာင္ထားတဲ့ မိုင္း ၁၅ လုံးအနက္ ၃ လုံးက ေပါက္ကြဲခဲ့တာလို႔ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္-ၿမိဳင္ၿမိဳ႕နယ္ မွ ဗိုလ္လက္ယာ ကေျပာပါတယ္။

“က်ေနာ္တို႔ မိုင္းကေတာ့မ်ားတယ္၊ ၁၅ လုံးေလာက္ ထားတာ၊ တိုက္မိုင္းေတြကေတာ့ မေအာင္ျမင္လိုက္ဘူး၊ သူတို႔ေဖာ္သြားတာ၊ ထိကြဲမိုင္းကေတာ့ ၃ လုံးကြဲတယ္၊ စစ္သား ၂ ေကာင္က အဲဒီနားမွာတင္ ပြဲခ်င္းၿပီး ေသသြားတယ္၊” လို႔ ေျပာပါတယ္။

ေပါက္ကြဲတဲ့ ေနရာဟာ စစ္ေကာင္စီတပ္သားေတြနဲ႔ ပ်ဴေစာထီးအဖြဲ႕ေတြ အၿမဲလိုလို တားဆီးစစ္ေဆးတာေတြ လုပ္ေနတဲ့အျပင္၊ လက္ရွိအခ်ိန္ထိလည္း တပ္စြဲေနထိုင္ေနတာေၾကာင့္ ခုလိုမိုင္းေတြေထာင္ၿပီး တိုက္ခိုက္ခဲ့တာလို႔လည္း ဗိုလ္လက္ယာက ဆက္ေျပာပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ ဇြန္လ ၁၈ ရက္ကလည္း ၿမိဳင္ၿမိဳ႕နယ္အတြင္း ကင္းလွည့္ေနတဲ့ စစ္သား ၆ ဦးကို ၿမိဳင္ PDF နဲ႔ မဟာမိတ္အဖြဲ႕ေတြက ေပပင္ထိုက္ေက်းရာလမ္းဆုံ နဲ႔ ေက်ာက္တိုင္ေက်း႐ြာလမ္းအနီးမွာ ၾကားျဖတ္တိုက္ခိုက္ခဲ့တာေၾကာင့္ စစ္သား ၅ ဦး ေသဆုံးခဲ့တယ္လို႔လည္း သိရပါတယ္။

#ေျမလတ္အသံ

PDF ထောင်ထားတဲ့ မိုင်းတွေကိုဖော်ရင်း ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး

ပခုက္ကူ၊ ဇွန် ၂၁၊ ၂၀၂၂။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဇွန်လ ၂၀ ရက်မနေ့က PDF တွေ ထောင်ထားတဲ့ မိုင်းတွေကို ရှာဖွေရာကနေ ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်သားတွေဟာ မနေ့က ညနေ ၄ နာရီခွဲလောက်က ပခုက္ကူမြို့နယ်၊ ဘုန်းကန်ရွာအနီး မိုင်းရှာနေစဉ် ထောင်ထားတဲ့ မိုင်း ၁၅ လုံးအနက် ၃ လုံးက ပေါက်ကွဲခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ် မှ ဗိုလ်လက်ယာ ကပြောပါတယ်။

“ကျနော်တို့ မိုင်းကတော့များတယ်၊ ၁၅ လုံးလောက် ထားတာ၊ တိုက်မိုင်းတွေကတော့ မအောင်မြင်လိုက်ဘူး၊ သူတို့ဖော်သွားတာ၊ ထိကွဲမိုင်းကတော့ ၃ လုံးကွဲတယ်၊ စစ်သား ၂ ကောင်က အဲဒီနားမှာတင် ပွဲချင်းပြီး သေသွားတယ်၊” လို့ ပြောပါတယ်။

ပေါက်ကွဲတဲ့ နေရာဟာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေ အမြဲလိုလို တားဆီးစစ်ဆေးတာတွေ လုပ်နေတဲ့အပြင်၊ လက်ရှိအချိန်ထိလည်း တပ်စွဲနေထိုင်နေတာကြောင့် ခုလိုမိုင်းတွေထောင်ပြီး တိုက်ခိုက်ခဲ့တာလို့လည်း ဗိုလ်လက်ယာက ဆက်ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်ကလည်း မြိုင်မြို့နယ်အတွင်း ကင်းလှည့်နေတဲ့ စစ်သား ၆ ဦးကို မြိုင် PDF နဲ့ မဟာမိတ်အဖွဲ့တွေက ပေပင်ထိုက်ကျေးရာလမ်းဆုံ နဲ့ ကျောက်တိုင်ကျေးရွာလမ်းအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

#မြေလတ်အသံ