ဒီဗြီယိုဖိုင္ေလးဟာဆိုရင္ေတာ့ ယခုတစ္ေလာ အြန္လိုင္းမွာ နာမည္ႀကီးေနတဲ့ ေတာ႐ြာတစ္႐ြာက ရွိတဲ့တူရိယာနဲ႔ အေကာင္းဆုံးတီခတ္ေနတဲ့ ႐ြက္ပုံးသီးကေလးငယ္ပါ။ ဒီကေလးက နတ္ေမာက္ၿမိဳ႕နယ္ ကုလားရွင္ ေက်း႐ြာကလို႔လည္းသိရပါတယ္။
သူ႔မွာရွိတဲ့ အိုးစည္ ဗုံေလးေတြ၊ ကေလးေဆာ့တဲ့ ဒရမ္ေလး၊ ၿပီးေတာ့ ေတာ္ယုံလူ လုပ္တတ္ဖို႔ တီးတတ္ဖို႔မလြယ္တဲ့ အိုးနဲ႔လုပ္တဲ့ အိုးဗုံကိုလည္း ပိုင္ပိုင္ႏိုင္ႏိုင္တီးခတ္သြားတာျဖစ္ပါတယ္
သီခ်င္းကလည္း ျမန္မာ့ဇာတ္သဘင္ရဲ႕ ႏွစ္ပါးသြားေတးျဖစ္ပါတယ္တဲ့၊ ႏွစ္ပါးသြားေတးတီးလုံးနဲ႔ အညီ အမွီလိုက္တီးႏိုင္ဖို႔ဆိုတာ လြယ္တာမွမဟုတ္တာဗ်ာ…တစ္ကယ့္ကို ေတာက္မည့္ မီးခဲတစ္ရဲရဲဆိုသလိုပါဘဲ
ဒီလို အႏုပညာေျမာက္ပီး ခက္ခဲတဲ့ သီခ်င္းႀကီးတစ္ပုဒ္ကို ကေလးငယ္တစ္ေယာက္က စည္းဝါးက်က် တီးသြားတာဟာဆိုရင္ တစ္ကယ့္ကို ခ်ီးက်ဴးစရာေကာင္းပါတယ္။ ပညာကလည္းမေခဘူး တကယ့္ ဂီတပိုးေလးဗ်
ဒီဗြီယိုေလးဟာဆိုရင္ေတာ့ ၾကည့္ရႈ႕သူ ကိုးသိန္းေက်ာ္သြားပီျဖစ္ပါတယ္။ တစ္ကယ္ေတာ့ ကြၽန္ေတာ္တို႔ ျမန္မာ့မ်ိဳးဆက္သစ္ေတြဟာ လူေတာ္ေတြဆိုတာ ဒီဗြီယိုေလးကိုၾကည့္ျခင္းအားျဖင့္သိႏိုင္ပါတယ္
ဒါေပမယ့္ ေျမေတာင္ေျမာွက္ေပးတာမရွိတာရယ္ အရႈံးကို ရင္ဆိုင္ရမွာေၾကာက္ၿပီး စြန႔္စားရဲတဲ့ သတၱိမရွိတာရယ္ေၾကာင့္ ေတာ္တဲ့ ေခတ္လူငယ္ေတြ ဝါသနာကို စြန႔္လႊတ္သြားၾကရတာ ႏွေျမာစရာေကာင္းပါတယ္
ဒီကေလးငယ္ကေတာ့ အဖက္ဖက္က ဆင္းရဲခ်ိဳ႕တဲ့ေပမယ့္ ရွိတာေလးနဲ႔အႏုပညာကို ဖန္တီးျပသြားတာျဖစ္ပါတယ္။ အ႐ြယ္အားျဖင့္လည္း ငယ္႐ြယ္ေပမယ့္ သူရဲ႕ ဂီတဝါသနာနဲ႔ ပညာကိုေတာ့ ေလးစားစရာပါ
သံစဥ္ကို မရွိရွိတာနဲ႔ လုပ္ၿပီးလိုက္တီးဖို႔ဆိုတာ လြယ္တာမွမဟုတ္တာ တကယ္ေလးစားပါတယ္ ညီငယ္ေလးရယ္ ေျမေတာင္ေျမႇာက္ေပးမယ့္သူနဲ႔ ေတြ႕ပါေစ။ ဒီလို ႐ြက္ပုံးသီးလူငယ္ေလးေတြလည္း ဝါသနာပါရာေလွ်ာက္လွမ္းၿပီး ေအာင္ျမင္ႏိုင္ၾကပါေစ
ဒီလို ႐ြက္ပုံးသီးကေလးငယ္ေလးေတြ ဒီထက္ႀကိဳးစားခ်င္လာေအာင္ပိုၿပီး အားေပးၾကပါအုံးလို႔ ေမတၱာရပ္ခံရင္း ဒီဗြီယိုေလး လူတိုင္းသိရေအာင္ ရွဲေပးၾကပါအုံးေနာ္….
ထန္းညက္ခဲ(ပဲခူးဆား)
ဒီဗွီယိုဖိုင်လေးဟာဆိုရင်တော့ ယခုတစ်လော အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ တောရွာတစ်ရွာက ရှိတဲ့တူရိယာနဲ့ အကောင်းဆုံးတီခတ်နေတဲ့ ရွက်ပုံးသီးကလေးငယ်ပါ။ ဒီကလေးက နတ်မောက်မြို့နယ် ကုလားရှင် ကျေးရွာကလို့လည်းသိရပါတယ်။
သူ့မှာရှိတဲ့ အိုးစည် ဗုံလေးတွေ၊ ကလေးဆော့တဲ့ ဒရမ်လေး၊ ပြီးတော့ တော်ယုံလူ လုပ်တတ်ဖို့ တီးတတ်ဖို့မလွယ်တဲ့ အိုးနဲ့လုပ်တဲ့ အိုးဗုံကိုလည်း ပိုင်ပိုင်နိုင်နိုင်တီးခတ်သွားတာဖြစ်ပါတယ်
သီချင်းကလည်း မြန်မာ့ဇာတ်သဘင်ရဲ့ နှစ်ပါးသွားတေးဖြစ်ပါတယ်တဲ့၊ နှစ်ပါးသွားတေးတီးလုံးနဲ့ အညီ အမှီလိုက်တီးနိုင်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာဗျာ…တစ်ကယ့်ကို တောက်မည့် မီးခဲတစ်ရဲရဲဆိုသလိုပါဘဲ
ဒီလို အနုပညာမြောက်ပီး ခက်ခဲတဲ့ သီချင်းကြီးတစ်ပုဒ်ကို ကလေးငယ်တစ်ယောက်က စည်းဝါးကျကျ တီးသွားတာဟာဆိုရင် တစ်ကယ့်ကို ချီးကျူးစရာကောင်းပါတယ်။ ပညာကလည်းမခေဘူး တကယ့် ဂီတပိုးလေးဗျ
ဒီဗွီယိုလေးဟာဆိုရင်တော့ ကြည့်ရှု့သူ ကိုးသိန်းကျော်သွားပီဖြစ်ပါတယ်။ တစ်ကယ်တော့ ကျွန်တော်တို့ မြန်မာ့မျိုးဆက်သစ်တွေဟာ လူတော်တွေဆိုတာ ဒီဗွီယိုလေးကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်
ဒါပေမယ့် မြေတောင်မြောှက်ပေးတာမရှိတာရယ် အရှုံးကို ရင်ဆိုင်ရမှာကြောက်ပြီး စွန့်စားရဲတဲ့ သတ္တိမရှိတာရယ်ကြောင့် တော်တဲ့ ခေတ်လူငယ်တွေ ဝါသနာကို စွန့်လွှတ်သွားကြရတာ နှမြောစရာကောင်းပါတယ်
ဒီကလေးငယ်ကတော့ အဖက်ဖက်က ဆင်းရဲချို့တဲ့ပေမယ့် ရှိတာလေးနဲ့အနုပညာကို ဖန်တီးပြသွားတာဖြစ်ပါတယ်။ အရွယ်အားဖြင့်လည်း ငယ်ရွယ်ပေမယ့် သူရဲ့ ဂီတဝါသနာနဲ့ ပညာကိုတော့ လေးစားစရာပါ
သံစဉ်ကို မရှိရှိတာနဲ့ လုပ်ပြီးလိုက်တီးဖို့ဆိုတာ လွယ်တာမှမဟုတ်တာ တကယ်လေးစားပါတယ် ညီငယ်လေးရယ် မြေတောင်မြှောက်ပေးမယ့်သူနဲ့ တွေ့ပါစေ။ ဒီလို ရွက်ပုံးသီးလူငယ်လေးတွေလည်း ဝါသနာပါရာလျှောက်လှမ်းပြီး အောင်မြင်နိုင်ကြပါစေ
ဒီလို ရွက်ပုံးသီးကလေးငယ်လေးတွေ ဒီထက်ကြိုးစားချင်လာအောင်ပိုပြီး အားပေးကြပါအုံးလို့ မေတ္တာရပ်ခံရင်း ဒီဗွီယိုလေး လူတိုင်းသိရအောင် ရှဲပေးကြပါအုံးနော်….
ထန်းညက်ခဲ(ပဲခူးဆား)