မီတာခေကာက္ၿပီး ျပန္လာတဲ့ ဒုလက္ေထာက္ႀကီးၾကပ္ေရးမႉး ဦးတင္ကို နဲ႔ ဦးမ်ိဳးေဇာ္ဝင္း ေသနတ္နဲ႔ ပစ္သတ္ခံရလို႔ ေသဆုံး
C8 News
ရန္ကုန္၊ဇြန္ (၂၂)
မီတာခေကာက္ၿပီး ျပန္လာတဲ့ ျမင္းၿခံၿမိဳ႕နယ္ EPC ႐ုံး က ဒုတိယလက္ေထာက္ႀကီးၾကပ္ေရးမႉး ဦးတင္ကို နဲ႔ ဦးမ်ိဳးေဇာ္ဝင္း ေသနတ္နဲ႔ ပစ္သတ္ခံရလို႔ ေသဆုံးသြားတယ္လို႔ ၿမိဳ႕ခံေတြဆီက သိရပါတယ္။
မေန႔ ညေနပိုင္းက မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕နယ္၊ ႏွပ္ခ်ိဳေတာေက်း႐ြာအနီးမွာ မီတာခမ်ားေကာက္ခံၿပီး ျပန္လာတဲ့ ဒုလက္ေထာက္ႀကီးၾကပ္ေရးမႉး ႏွစ္ဦးကို အမည္မသိ ေသနတ္ကိုင္ေဆာင္ထားသူေတြက ေသနတ္နဲ႔ ပစ္သတ္ခဲ့လို႔ ေသဆုံးခဲ့တာပါ။
“EPC ႐ုံးက အႀကီးတန္းေတြေလ သူတို႔ကိုယ္တိုင္ ႐ြာေတြကို ပါဝါလာျပတာ မေဆာင္မျဖစ္ ေဆာင္ၾကရတယ္ တခ်ိဳ႕ကလည္း စစ္တပ္ကို ေခၚလာမွာစိုးလို႔ ေၾကာက္ၿပီးေဆာင္တာ”လို႔ ၿမိဳ႕ခံတစ္ဦးက C8News ကို ေျပာျပပါတယ္။
ဒုလက္ေထာက္ႀကီးၾကပ္ေရးမႉး ဦးတင္ကို နဲ႔ ဦးမ်ိဳးေဇာ္ဝင္း တို႔ဟာ မီတာေၾကးခေတြ ေကာက္ခံၿပီးအျပန္ လမ္းမွာ ေသနတ္နဲ႔ ပစ္သတ္ခံခဲ့ရတာ ျဖစ္တယ္လို႔ အုပ္ခ်ဳပ္ေရးနဲ႔ နီးစပ္သူတစ္ဦးက C8 News ကို အတည္ျပဳေျဖၾကားပါတယ္။
“ေသနတ္နဲ႔ ပစ္ထားတာ ၁၇ ခ်က္ေလာက္ရွိတယ္။မီတာစာ႐ြက္ေတြ ျပန႔္က်ဲေနလို႔ လိုက္ေကာက္ကေသးရတယ္။ ပြဲခ်င္းၿပီးပါပဲ။ သြားေကာက္တဲ့ မီတာခေတြပါ ေသနတ္သမားေတြက ယူသြားတယ္။ ေသလဲေသ ပိုက္ဆံလည္းဆုံး။” လို႔ သူက ေျပာပါတယ္။
ဇြန္လ (၁၅) ရက္ ညေနပိုင္းက စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕နယ္၊ စက္မႈဇုန္ထဲမွာ မီတာမေဆာင္လို႔ မီတာပုံးေတြလိုက္ျဖဳတ္တဲ့ EPC ႐ုံးလက္ေထာက္ႀကီးၾကပ္ေရးမႉး သုံးဦး ေသနတ္နဲ႔ ပစ္ခံရလို႔ ေဆး႐ုံတင္ခဲ့ရတဲ့ ျဖစ္စဥ္လည္း ရွိခဲ့ပါတယ္။
မီတာခကောက်ပြီး ပြန်လာတဲ့ ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးတင်ကို နဲ့ ဦးမျိုးဇော်ဝင်း သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံး
C8 News
ရန်ကုန်၊ဇွန် (၂၂)
မီတာခကောက်ပြီး ပြန်လာတဲ့ မြင်းခြံမြို့နယ် EPC ရုံး က ဒုတိယလက်ထောက်ကြီးကြပ်ရေးမှူး ဦးတင်ကို နဲ့ ဦးမျိုးဇော်ဝင်း သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ နှပ်ချိုတောကျေးရွာအနီးမှာ မီတာခများကောက်ခံပြီး ပြန်လာတဲ့ ဒုလက်ထောက်ကြီးကြပ်ရေးမှူး နှစ်ဦးကို အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက သေနတ်နဲ့ ပစ်သတ်ခဲ့လို့ သေဆုံးခဲ့တာပါ။
“EPC ရုံးက အကြီးတန်းတွေလေ သူတို့ကိုယ်တိုင် ရွာတွေကို ပါဝါလာပြတာ မဆောင်မဖြစ် ဆောင်ကြရတယ် တချို့ကလည်း စစ်တပ်ကို ခေါ်လာမှာစိုးလို့ ကြောက်ပြီးဆောင်တာ”လို့ မြို့ခံတစ်ဦးက C8News ကို ပြောပြပါတယ်။
ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးတင်ကို နဲ့ ဦးမျိုးဇော်ဝင်း တို့ဟာ မီတာကြေးခတွေ ကောက်ခံပြီးအပြန် လမ်းမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက C8 News ကို အတည်ပြုဖြေကြားပါတယ်။
“သေနတ်နဲ့ ပစ်ထားတာ ၁၇ ချက်လောက်ရှိတယ်။မီတာစာရွက်တွေ ပြန့်ကျဲနေလို့ လိုက်ကောက်ကသေးရတယ်။ ပွဲချင်းပြီးပါပဲ။ သွားကောက်တဲ့ မီတာခတွေပါ သေနတ်သမားတွေက ယူသွားတယ်။ သေလဲသေ ပိုက်ဆံလည်းဆုံး။” လို့ သူက ပြောပါတယ်။
ဇွန်လ (၁၅) ရက် ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ စက်မှုဇုန်ထဲမှာ မီတာမဆောင်လို့ မီတာပုံးတွေလိုက်ဖြုတ်တဲ့ EPC ရုံးလက်ထောက်ကြီးကြပ်ရေးမှူး သုံးဦး သေနတ်နဲ့ ပစ်ခံရလို့ ဆေးရုံတင်ခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။