Local News
တော်လှန်ရေးကာလမှာ ကြီးမားတဲ့ဆုံးရှုံးမှုကြီးပါဘဲ
ပွင့်ဖြူ – ဇွန် (၂၂)
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေစစ်လက်နက်သယ်ဆောင်ပြီးအပြန် စစ်ကောင်စီရဲ့ကြားဖြတ် တိုက်ခိုက်ခံရ
ပွင့်ဖြူ – ဇွန် (၂၂)
မကွေးတိုင်း ပွင့်ဖြူမြို့နယ်ပုသိမ်-မုံရွာလမ်းမဲဇလီတံတားမှာ ဒီနေ့ဇွန်လ(၂၂) ရက်နေ့ မနက်ပိုင်း ကဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်လက်နက်ပစ္စည်းကား ကို
စစ်ကောင်စီကကြားဖြတ်တိုက် ခိုက်ခဲ့တဲ့အတွက်အသေအပျောက်ရှိနိုင်တယ်လို့ ပွင့်ဖြူမြို့နယ်ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက သံလွင်တိုင်းမ်ကို အတည်ပြု ပြောဆိုပါတယ်။
သရက်နဲ့ ကံမမြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ လက်နက်သယ်ဆောင်ပြီး အပြန်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး မနက် (၆) နာရီလောက်အထိ အပြန်အလှန်ပစ်ခတ်တာတွေရှိခဲ့ ပါတယ်။
“ကျွန်တော်တို့လည်းအခြေနေတိတိကျကျမသိရသေးဘူး။အသေပျောက်တွေရှိတယ်လို့ပဲသိ ရတယ်။ သရက်၊ကံမဘက်ကအဖွဲ့တွေပစ္စည်းသယ်ရင်း တံတားပေါ်မှာ စခတွေပစ်တာ ခံရတယ်ပြောတယ်။
ထိခိုက်သေဆုံးမှုအခြေအနေကို အတည်မပြုနိုင်သေးဘူး အသေးစိတ် မပြောနိုင်သေးဘူ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပွင့်ဖြူမြို့နယ်တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်မ်းကို ပြောပါတယ်။
အဲ့ဒီပစ်ခတ်မှုကြောင့် ကားဟာ တံတားပေါ်မှာ မီးလောင်နေသလို မိုင်းကွဲတဲ့ အသံတွေလည်း ကြား နေရပြီး လက်နက်ကြီးသံ(၂) ချက်လောက်ကြားရတဲ့အတွက် အပြင်ထွက်မရဲ သေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အဲ့ဒီဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်သားတွေဟာ မနက်(၇) နာရီအထိ မဲဇလီတံတားကို ဖြတ်သန်းခွင့်မပြုသေးသလို စလင်းကံပြားဘက်က စစ်ကောင်စီရဲ့ စစ်ကူ တပ်သားတွေရောက် ရှိလာတယ်လို့ သိရပါတယ်။
ဒီကြားဖြတ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ထိခိုက်ဆုံးရှုံးမှုအခြေအနေနဲ့ လူအသေအပျောက်အခြေအနေတွေကို သံလွင်တိုင်းမ် အနေနဲ့ စုံစမ်းနေပါတယ်။ သတင်း – သံလွင်တိုင်းမ်
ယနေ့ နံနက် PDF များ လိုက်ပါသော ဖောကားကို စစ်တပ်မှ ဗိုလ်မှူး မင်းပိုင်စိုးအဖွဲ့က စစ်ဆေးစဉ် ပစ်ခတ်မှုဖြစ်ပြီး အပြန်အလှန် ပစ်ခတ်ကြကြောင်း
ယာဉ်မှာ ပေါက်ကွဲပျက်စီးသွားပြီး ကားပေါ်ပါ PDF ၁၂ ဦးကျဆုံးကြောင်း၊ ၃ ဦး အရှင်ဖမ်းမိသော်လည်း ၂ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရ သည့်ဒဏ်ရာများရရှိကာ အခြေအနေစိုးရိမ်ရကြောင်း၊ ပွင့်ဖြူမြို့နယ်ရဲမှူး ဝင်းဦးအဖွဲ့က လာရောက်စစ်ဆေးကြောင်း သိရှိရသည်။