Local News

သတင်းပေါက်ကြားလို့ ကျဆုံးခဲ့တဲ့ ပြည်သူ့ရဲဘော်တွေရဲ့ နာရေး ကျင်းပ


ရန်ကုန်၊ဇွန်(၂၂)







သတင်းပေါက်ကြားလို့ ကျဆုံးခဲ့တဲ့ ပြည်သူ့ရဲဘော် (၆)ဦးရဲ့ နာရေး ကျင်းပ

ရန်ကုန်၊ဇွန်(၂၂)

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်မှာ စစ်ဆင်ရေးသွားရောက်ချိန်

သတင်းပေါက်ကြားပြီး ကြားဖက်တိုက်ခိုက်ခံခဲ့ရလို့ ကျဆုံးခဲ့တရတဲ့ ရဲဘော်(၆)ဦးရဲ့ နာရေးကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ဥဒေါင်းမင်း ပြောက်ကျားတော်လှန်ရေး တပ်ဖွဲ့ဆီက သိရပါတယ်။

ဥဒေါင်းမင်းပြောက်ကျားတပ်ဖွဲ့က ခေါင်းဆောင် ရဲဘော်ဝါကြီးနဲ့ ရဲဘော်တစ်ဦး၊

မဟာမိတ် တော်လှန်ရေး ရဲဘော်လေးဦး စုစုပေါင်း ပြည်သူ့ရဲဘော် (၆)ဦးဟာ စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာကို

စစ်ကောင်စီ သတင်းပေးဒလန်ကိုသုတ်သင်ရှင်းလင်းဖို့ သွားရောက်ချိန်မှာ

သတင်းပေါက်ကြားသွားတဲ့အတွက် ကြားဖြတ်တိုက်ခိုက်တာကို ခံရပြီး ဇွန်လ(၁၅) ရက်နေ့မှာ ကျဆုံးခဲ့ရတာဖြစ်ပါတယ်။