ေျမာက္ဦး စရဖ တ႐ုံးလုံး AA ဖမ္းသြား
By ဧရာဝတီ 22 June 2022
ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕ ေညာင္ပင္ေဈးရပ္ကြက္ရွိ စစ္ဘက္ေရးရာ လုံၿခဳံေရးတပ္ဖြဲ႕ (စရဖ) ႐ုံး တ႐ုံးလုံးကို ဇြန္လ ၂၁ ရက္ေန႔ ညေနပိုင္းက ရကၡိဳင့္တပ္ေတာ္ ( AA ) တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ ညေနပိုင္းက ေညာင္ပင္ေဈးရပ္ကြက္တြင္ ဖြင့္လွစ္ထားေသာ ေျမာက္ဦး စရဖ တာဝန္ခံ၏ သမီးျဖစ္သူ ထမင္းဆိုင္တြင္ စရဖတပ္ဖြဲ႕ဝင္မ်ား ၃ ဦး ထမင္းစားေနစဥ္ တာဝန္ခံျဖစ္သူ အပါအဝင္ စရဖ တပ္ဖြဲ႕ဝင္ ၄ ဦးကို AA တပ္ဖြဲ႕ဝင္မ်ားက လာေရာက္ ဖမ္းဆီးသြားျခင္း ျဖစ္ေၾကာင္း ေျမာက္ဦးၿမိဳ႕ခံမ်ားက ေျပာသည္။
ေျမာက္ဦးၿမိဳ႕ခံတဦးက ” ေျမာက္ဦးစရဖ တာဝန္ခံ သမီးက ေညာင္ပင္ေဈးရပ္ကြက္မွာ ထမင္းဆိုင္ဖြင့္ထားတယ္။ မေန႔က ညေနပိုင္းက အဲဒီထမင္းဆိုင္မွာ စရဖ တပ္ဖြဲ႕ဝင္ ၃ ဦး ထမင္းစားေနတဲ့အခ်ိန္ ဝင္ဖမ္းတာလို႔ေျပာၾကတယ္။ တာဝန္ခံဆရာႀကီးကိုပါ တခါတည္း ဖမ္းသြားတယ္လို႔ေျပာတယ္။ သူတို႔႐ုံးမွာ ရွိတာက ၄ ေယာက္ဆိုေတာ့ တ႐ုံးလုံး ပါသြားတာေပါ့ ” ဟု ဧရာဝတီသို႔ ေျပာသည္။
အဆိုပါ စစ္ဘက္ေရးရာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ဖမ္းဆီးခံရေသာေၾကာင့္ ယေန႔ မနက္ ေျမာက္ဦးၿမိဳ႕ေပၚရွိ လမ္းဆုံလမ္းခြမ်ားတြင္ စစ္ေကာင္စီတပ္သားမ်ားက ေနရာယူၿပီး လမ္းသြား လမ္းလာမ်ားကို စစ္ေဆးကာ ဖမ္းဆီးမႈမ်ားလည္း လုပ္ေၾကာင္း ၿမိဳ႕ခံမ်ားက ေျပာသည္။
လက္ရွိအေျခအေနတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ၿမိဳ႕ခံ ၂၀ နီးပါးကို ဖမ္းဆီးထားကာ ၿမိဳ႕ဝင္ၿမိဳ႕ထြက္ႏွင့္ ေစတီပုထိုးတည္ရွိရာ ေတာင္ကုန္းမ်ားတြင္ ေနရာ အျပည့္ယူထားသည့္ အတြက္ ၿမိဳ႕ခံမ်ား အေနျဖင့္ စိုးရိမ္မႈျမင့္တက္လ်က္ ရွိသည္။
ေျမာက္ဦးၿမိဳ႕ခံ အမ်ိဳးသမီးတေယာက္က “ စစ္တပ္က ေတြ႕တဲ့ လူေတြကို ဖမ္းေနတာ။ အဓိကေတာ့ သူတို႔ ဖုန္းကို စစ္တယ္။ ဖုန္းမွာ ႏိုင္ငံေရးနဲ႔ ပတ္သက္ၿပီး သတင္းဖတ္ဖို႔ ထုတ္ျပန္ခ်က္တေစာင္ ဖုန္းထဲမွာ သိမ္းထားတာေတြ႕ရင္ ဖမ္းတယ္။ ၿမိဳ႕ပတ္ၿပီး ဖမ္းေနတာ။ အခုေလေလာတယ္ေတာ့ အဖမ္းခံထားရတဲ့အထဲမွာ ေက်ာင္းသားတခ်ိဳ႕နဲ႔ ေက်ာင္းဆရာမ တခ်ိဳ႕လည္း ပါတယ္လို႔ ေျပာတယ္” ဟု ဧရာဝတီသို႔ ေျပာသည္။
လတ္တေလာ စစ္ေကာင္စီတပ္ႏွင့္ AA တို႔သည္ ထိေတြ႕တိုက္ပြဲမ်ား မျဖစ္ေသာ္လည္း စစ္ေရးတင္းမာမႈျမင့္တက္ကာ အျပန္အလွန္ လူဖမ္းပြဲမ်ား ျပဳလုပ္ေနသည့္အတြက္ ေဒသခံလူထုအၾကား စိုးရိမ္ေသာက ျဖစ္ပြားလ်က္ရွိသည္။
ေက်ာက္ေတာ္ၿမိဳ႕ေပၚတြင္လည္း ဇြန္လ ၂၀ ရက္ေန႔ ညေနပိုင္းက အရက္ထြက္ေသာက္သည့္ ရဲတပ္ဖြဲ႕ဝင္ ၃ ဦးကို AA တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားသည့္အတြက္ ေနာက္တေန႔ ဇြန္လ ၂၁ ရက္ေန႔ မနက္ပိုင္းတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ၿမိဳ႕ပတ္ပတ္လည္ကို ဝန္းရံၿပီး တအိမ္တက္ တအိမ္ဆင္းရွာေဖြကာ ေက်ာက္ေတာ္ၿမိဳ႕ခံ တက္ႂကြလႈပ္ရွားသူ လူထုေဇာ္ဝင္း ေနအိမ္ကိုလည္း စီးနင္းၿပီး ဖမ္းဆီးခဲ့သည္။
ေက်ာက္ေတာ္ၿမိဳ႕ခံ လူထုေဇာ္ဝင္းအား မည္သည့္အတြက္ ဖမ္းဆီးသည္၊ မည္သည့္ေနရာတြင္ ဖမ္းဆီးထားသည္ကို လက္ရွိ အခ်ိန္အထိ မသိရွိရေသးဘဲ မိသားစုဝင္မ်ား အေနျဖင့္ စုံစမ္းမရ ျဖစ္ေနသည္။
ၿပီးခဲ့ေသာ ဇြန္လ ၁၁ ရက္ေန႔ကလည္း ေက်ာက္ေတာ္ၿမိဳ႕ ကစၦပနဒီတံတားအနီး တပ္စြဲေနထိုင္သည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂ ဦးကို AA ဖမ္းဆီးခဲ့သလို ဇြန္လ ၁၆ ရက္ေန႔ကလည္း ပုဏၰားကြၽန္း အေျခစိုက္ ခမရ ၅၅၀ တပ္ရင္းမွ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ အရာရွိ ၁ ဦးႏွင့္ တပ္သား ၁ ဦးကို AA ဖမ္းဆီးခဲ့ရာ တပ္သားအဆင့္ျဖစ္သူ ဖမ္းဆီးခံရၿပီး အရာရွိမွ လြတ္ေျမာက္သြားခဲ့သည္။
ထိုသို႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ဖမ္းဆီးခံရမႈႏွင့္ပတ္သက္ၿပီး စစ္ေကာင္စီက ၿမိဳ႕ေပၚ ရပ္ကြက္မ်ားကို ေသနတ္ပစ္ခတ္ကာ ပုဏၰားကြၽန္းေဒသခံ အရပ္သား ၇ ဦးကို ဖမ္းဆီးခဲ့ၿပီး လက္ရွိအခ်ိန္အထိ မည္သည့္ေနရာတြင္ ဖမ္းဆီး ခ်ဳပ္ေႏွာင္ထားသည္ကို မသိရွိရဘဲ မိသားစုဝင္မ်ားႏွင့္ အဆက္အသြယ္ ျပတ္ေနေၾကာင္း သိရသည္။
ယင္းအျပင္ ဇြန္လ ၁၇ ရက္ေန႔ကလည္း ေျမာက္ဦးၿမိဳ႕နယ္ တိန္ညိဳစခန္းတြင္ တာဝန္ထမ္းေဆာင္ေနေသာ ရဲတပ္ၾကပ္ႀကီး ၁ ဦးႏွင့္ ရဲတပ္သား ၁ ဦးကို AA တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးခဲ့ရာ ရဲတပ္သားမွာ လြတ္ေျမာက္သြားခဲ့ၿပီး ရဲတပ္ၾကပ္ႀကီးမွာ AA တပ္ဖြဲ႕ဝင္မ်ားထံ ဖမ္းဆီးခဲ့ရသည္။
AA သည္ ဇြန္လ ၁၁ ရက္ေန႔မွေန ဇြန္လ ၂၂ ရက္ေန႔အထိ ၁၂ ရက္အတြင္း စစ္ေကာင္စီတပ္သား ၇ ဦးႏွင့္ ရဲတပ္ဖြဲ႕ဝင္ ၄ ဦး စုစုေပါင္း စစ္ေကာင္စီ လက္ေအာက္ခံတပ္ဖြဲ႕ဝင္ ၁၁ ဦးကို ဖမ္းဆီးခဲ့သည္။
AA ျပန္ၾကားေရးတာဝန္ခံ ဦးခိုင္သုခက ULA / AA တပ္ဖြဲ႕ဝင္မ်ားႏွင့္ တရားေရးဌာနတြင္ ဝင္ေရာက္လုပ္ ကိုင္ေနသူမ်ားကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးေနသည့္အတြက္ စစ္ ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို အျပန္အလွန္ ဖမ္းဆီးျခင္း ျဖစ္ေၾကာင္း ဇြန္လ ၁၄ ရက္ ေန႔ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။
ရခိုင္ျပည္နယ္အတြင္း စစ္ေကာင္စီတပ္ႏွင့္ AA တို႔အၾကား ထိုသို႔ အျပန္အလွန္ဖမ္းဆီးေနေသာေၾကာင့္ တင္းမာမႈမွာ တေန႔ထက္ တေန႔ ျမင့္တက္လ်က္ ရွိၿပီး အခ်ိန္မေ႐ြး တိုက္ပြဲႀကီးမ်ား ျပန္လည္ျဖစ္ပြားႏိုင္ေနသည္။
မြောက်ဦး စရဖ တရုံးလုံး AA ဖမ်းသွား
By ဧရာဝတီ 22 June 2022
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ညောင်ပင်ဈေးရပ်ကွက်ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး တရုံးလုံးကို ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းက ရက္ခိုင့်တပ်တော် ( AA ) တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ညနေပိုင်းက ညောင်ပင်ဈေးရပ်ကွက်တွင် ဖွင့်လှစ်ထားသော မြောက်ဦး စရဖ တာဝန်ခံ၏ သမီးဖြစ်သူ ထမင်းဆိုင်တွင် စရဖတပ်ဖွဲ့ဝင်များ ၃ ဦး ထမင်းစားနေစဉ် တာဝန်ခံဖြစ်သူ အပါအဝင် စရဖ တပ်ဖွဲ့ဝင် ၄ ဦးကို AA တပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း မြောက်ဦးမြို့ခံများက ပြောသည်။
မြောက်ဦးမြို့ခံတဦးက ” မြောက်ဦးစရဖ တာဝန်ခံ သမီးက ညောင်ပင်ဈေးရပ်ကွက်မှာ ထမင်းဆိုင်ဖွင့်ထားတယ်။ မနေ့က ညနေပိုင်းက အဲဒီထမင်းဆိုင်မှာ စရဖ တပ်ဖွဲ့ဝင် ၃ ဦး ထမင်းစားနေတဲ့အချိန် ဝင်ဖမ်းတာလို့ပြောကြတယ်။ တာဝန်ခံဆရာကြီးကိုပါ တခါတည်း ဖမ်းသွားတယ်လို့ပြောတယ်။ သူတို့ရုံးမှာ ရှိတာက ၄ ယောက်ဆိုတော့ တရုံးလုံး ပါသွားတာပေါ့ ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသောကြောင့် ယနေ့ မနက် မြောက်ဦးမြို့ပေါ်ရှိ လမ်းဆုံလမ်းခွများတွင် စစ်ကောင်စီတပ်သားများက နေရာယူပြီး လမ်းသွား လမ်းလာများကို စစ်ဆေးကာ ဖမ်းဆီးမှုများလည်း လုပ်ကြောင်း မြို့ခံများက ပြောသည်။
လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ခံ ၂၀ နီးပါးကို ဖမ်းဆီးထားကာ မြို့ဝင်မြို့ထွက်နှင့် စေတီပုထိုးတည်ရှိရာ တောင်ကုန်းများတွင် နေရာ အပြည့်ယူထားသည့် အတွက် မြို့ခံများ အနေဖြင့် စိုးရိမ်မှုမြင့်တက်လျက် ရှိသည်။
မြောက်ဦးမြို့ခံ အမျိုးသမီးတယောက်က “ စစ်တပ်က တွေ့တဲ့ လူတွေကို ဖမ်းနေတာ။ အဓိကတော့ သူတို့ ဖုန်းကို စစ်တယ်။ ဖုန်းမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး သတင်းဖတ်ဖို့ ထုတ်ပြန်ချက်တစောင် ဖုန်းထဲမှာ သိမ်းထားတာတွေ့ရင် ဖမ်းတယ်။ မြို့ပတ်ပြီး ဖမ်းနေတာ။ အခုလေလောတယ်တော့ အဖမ်းခံထားရတဲ့အထဲမှာ ကျောင်းသားတချို့နဲ့ ကျောင်းဆရာမ တချို့လည်း ပါတယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလော စစ်ကောင်စီတပ်နှင့် AA တို့သည် ထိတွေ့တိုက်ပွဲများ မဖြစ်သော်လည်း စစ်ရေးတင်းမာမှုမြင့်တက်ကာ အပြန်အလှန် လူဖမ်းပွဲများ ပြုလုပ်နေသည့်အတွက် ဒေသခံလူထုအကြား စိုးရိမ်သောက ဖြစ်ပွားလျက်ရှိသည်။
ကျောက်တော်မြို့ပေါ်တွင်လည်း ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းက အရက်ထွက်သောက်သည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည့်အတွက် နောက်တနေ့ ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ပတ်ပတ်လည်ကို ဝန်းရံပြီး တအိမ်တက် တအိမ်ဆင်းရှာဖွေကာ ကျောက်တော်မြို့ခံ တက်ကြွလှုပ်ရှားသူ လူထုဇော်ဝင်း နေအိမ်ကိုလည်း စီးနင်းပြီး ဖမ်းဆီးခဲ့သည်။
ကျောက်တော်မြို့ခံ လူထုဇော်ဝင်းအား မည်သည့်အတွက် ဖမ်းဆီးသည်၊ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို လက်ရှိ အချိန်အထိ မသိရှိရသေးဘဲ မိသားစုဝင်များ အနေဖြင့် စုံစမ်းမရ ဖြစ်နေသည်။
ပြီးခဲ့သော ဇွန်လ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီး တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို AA ဖမ်းဆီးခဲ့သလို ဇွန်လ ၁၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်း အခြေစိုက် ခမရ ၅၅၀ တပ်ရင်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦးကို AA ဖမ်းဆီးခဲ့ရာ တပ်သားအဆင့်ဖြစ်သူ ဖမ်းဆီးခံရပြီး အရာရှိမှ လွတ်မြောက်သွားခဲ့သည်။
ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီက မြို့ပေါ် ရပ်ကွက်များကို သေနတ်ပစ်ခတ်ကာ ပုဏ္ဏားကျွန်းဒေသခံ အရပ်သား ၇ ဦးကို ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ မည်သည့်နေရာတွင် ဖမ်းဆီး ချုပ်နှောင်ထားသည်ကို မသိရှိရဘဲ မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်နေကြောင်း သိရသည်။
ယင်းအပြင် ဇွန်လ ၁၇ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် တိန်ညိုစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ကြပ်ကြီး ၁ ဦးနှင့် ရဲတပ်သား ၁ ဦးကို AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ရာ ရဲတပ်သားမှာ လွတ်မြောက်သွားခဲ့ပြီး ရဲတပ်ကြပ်ကြီးမှာ AA တပ်ဖွဲ့ဝင်များထံ ဖမ်းဆီးခဲ့ရသည်။
AA သည် ဇွန်လ ၁၁ ရက်နေ့မှနေ ဇွန်လ ၂၂ ရက်နေ့အထိ ၁၂ ရက်အတွင်း စစ်ကောင်စီတပ်သား ၇ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး စုစုပေါင်း စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင် ၁၁ ဦးကို ဖမ်းဆီးခဲ့သည်။
AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ULA / AA တပ်ဖွဲ့ဝင်များနှင့် တရားရေးဌာနတွင် ဝင်ရောက်လုပ် ကိုင်နေသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးနေသည့်အတွက် စစ် ကောင်စီတပ်ဖွဲ့ဝင်များကို အပြန်အလှန် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဇွန်လ ၁၄ ရက် နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် AA တို့အကြား ထိုသို့ အပြန်အလှန်ဖမ်းဆီးနေသောကြောင့် တင်းမာမှုမှာ တနေ့ထက် တနေ့ မြင့်တက်လျက် ရှိပြီး အချိန်မရွေး တိုက်ပွဲကြီးများ ပြန်လည်ဖြစ်ပွားနိုင်နေသည်။