Articles

ခင္ဦးတြင္ ေရဦးစခန္းမွ ဒုရဲမႉး စိုးထြဋ္ခိုင္ အပါအဝင္ ရဲတပ္ဖြဲ႕ႏွင့္ PDF တပ္ေပါင္းစု

ခင္ဦးတြင္ ေရဦးစခန္းမွ ဒုရဲမႉး စိုးထြဋ္ခိုင္ အပါအဝင္ ရဲတပ္ဖြဲ႕ႏွင့္ PDF တပ္ေပါင္းစု တိုက္ပြဲျဖစ္ပြားခ်ိန္ ဒ႐ုန္းျဖင့္လည္း ပါဝင္တိုက္ခိုက္၊ ရဲ ၁၁ ဦး ေသဆုံးခဲ့(႐ုပ္/သံ)

ရန္ကုန္၊ ဇြန္ ၂၂

စစ္ကိုင္းတိုင္း၊ ခင္ဦးတြင္ ေရဦးစခန္းမွ ဒုရဲမႉး စိုးထြဋ္ခိုင္ အပါအဝင္ ရဲတပ္ဖြဲ႕ႏွင့္ PDF တပ္ေပါင္းစု ယေန႔ တိုက္ပြဲျဖစ္ပြားခ်ိန္ ဒ႐ုန္းျဖင့္လည္း Royal Tiger Guerrilla Force က ပါဝင္တိုက္ခိုက္ခဲ့ေၾကာင္း၊ေျမျပင္ PDF ပူးေပါင္းတပ္မ်ားတြင္လည္း ပါဝင္တိုက္ခိုက္ေၾကာင္း အဆိုပါအဖြဲ႕မွ ရဲေဘာ္တစ္ဦးက ေျပာသည္။

စစ္ကိုင္းတိုင္း ခင္ဦးၿမိဳ႕နယ္ ကံသစ္႐ြာ အေနာက္ဘက္ မူးေခ်ာင္း တံတား အနီး တြင္ ခင္ဦးၿမိဳ႕မွ ထြက္လာေသာ ေရဦးရဲစခန္းမွ ဒုရဲမႉး စိုးထြဋ္ခိုင္ အပါအဝင္ ရဲ ၁၁ ဦးလိုက္ပါလာေသာ ေဖာကား ယေန႔ နံနက္ပိုင္း ၉ နာရီ ၃၀ မိနစ္အခ်ိန္ တြင္ ပစ္ခတ္ တိုက္ ခိုက္ခံရၿပီး ကားေပၚပါသူ ရဲ ၁၁ ဦးလုံး အားလုံး ေသဆုံး သြား ေၾကာင္း ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕ မ်ားထံမွ သိရသည္။

စစ္ကိုင္းတိုင္းေဒသႀကီး ေ႐ႊဘိုခ႐ိုင္ ခင္ဦးၿမိဳ႕နယ္ ခင္ဦး-ေရဦးလမ္း ျမင္းေဒါင္း ေက်း႐ြာတြင္ လမ္း ေၾကးေကာက္ ၿပီး ခင္ဦးဘက္သို႔ ေျမသယ္ စကပ္ကားျဖင့္ ျပန္လာေသာ ဒုရဲမႉး စိုးထြဋ္ခိုင္အပါဝင္ ရဲ ၁၁ ဦးကို ခင္ဦးကံသစ္ တံတား အနီးတြင္

ခင္ဦး ပကဖႏွင့္ ခင္ဦး နယ္ေျမခံ ကာကြယ္ ေရးအဖြဲ႕မ်ားက တိုက္ခိုက္ရာ အားလုံး ေသဆုံးၿပီး လက္နက္ ၁၁ လက္ကို သိမ္းပိုက္ ရရွိျခင္းျဖစ္ေၾကာင္း၊ အေသးစိတ္ ဆက္လက္ ထုတ္ျပန္ မည္ျဖစ္ ေၾကာင္း သိရွိရသည္။

အဆိုပါ တိုက္ခိုက္မႈကို ငွက္ႀကီးေတာင္အဖြဲ႕၊ N.L.G.R.F အဖြဲ႕ ၊ေရာင္နီ ေပ်ာက္ ၾကားအဖြဲ႕၊ခင္ဦးၿမိဳ႕နယ္ ပ.က.ဖ အဖြဲ႕ႏွင့္ အျခား Local ကာကြယ္ေရး တပ္ဖြဲ႕ အားလုံးက ဝိုင္းဝန္း ပစ္ခတ္ တိုက္ခိုက္ ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။source-khit thit

ခင်ဦးတွင် ရေဦးစခန်းမှ ဒုရဲမှူး စိုးထွဋ်ခိုင် အပါအဝင် ရဲတပ်ဖွဲ့နှင့် PDF တပ်ပေါင်းစု တိုက်ပွဲဖြစ်ပွားချိန် ဒရုန်းဖြင့်လည်း ပါဝင်တိုက်ခိုက်၊ ရဲ ၁၁ ဦး သေဆုံးခဲ့(ရုပ်/သံ)

ရန်ကုန်၊ ဇွန် ၂၂

စစ်ကိုင်းတိုင်း၊ ခင်ဦးတွင် ရေဦးစခန်းမှ ဒုရဲမှူး စိုးထွဋ်ခိုင် အပါအဝင် ရဲတပ်ဖွဲ့နှင့် PDF တပ်ပေါင်းစု ယနေ့ တိုက်ပွဲဖြစ်ပွားချိန် ဒရုန်းဖြင့်လည်း Royal Tiger Guerrilla Force က ပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊မြေပြင် PDF ပူးပေါင်းတပ်များတွင်လည်း ပါဝင်တိုက်ခိုက်ကြောင်း အဆိုပါအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကံသစ်ရွာ အနောက်ဘက် မူးချောင်း တံတား အနီး တွင် ခင်ဦးမြို့မှ ထွက်လာသော ရေဦးရဲစခန်းမှ ဒုရဲမှူး စိုးထွဋ်ခိုင် အပါအဝင် ရဲ ၁၁ ဦးလိုက်ပါလာသော ဖောကား ယနေ့ နံနက်ပိုင်း ၉ နာရီ ၃၀ မိနစ်အချိန် တွင် ပစ်ခတ် တိုက် ခိုက်ခံရပြီး ကားပေါ်ပါသူ ရဲ ၁၁ ဦးလုံး အားလုံး သေဆုံး သွား ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ များထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ခင်ဦး-ရေဦးလမ်း မြင်းဒေါင်း ကျေးရွာတွင် လမ်း ကြေးကောက် ပြီး ခင်ဦးဘက်သို့ မြေသယ် စကပ်ကားဖြင့် ပြန်လာသော ဒုရဲမှူး စိုးထွဋ်ခိုင်အပါဝင် ရဲ ၁၁ ဦးကို ခင်ဦးကံသစ် တံတား အနီးတွင်

ခင်ဦး ပကဖနှင့် ခင်ဦး နယ်မြေခံ ကာကွယ် ရေးအဖွဲ့များက တိုက်ခိုက်ရာ အားလုံး သေဆုံးပြီး လက်နက် ၁၁ လက်ကို သိမ်းပိုက် ရရှိခြင်းဖြစ်ကြောင်း၊ အသေးစိတ် ဆက်လက် ထုတ်ပြန် မည်ဖြစ် ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ငှက်ကြီးတောင်အဖွဲ့၊ N.L.G.R.F အဖွဲ့ ၊ရောင်နီ ပျောက် ကြားအဖွဲ့၊ခင်ဦးမြို့နယ် ပ.က.ဖ အဖွဲ့နှင့် အခြား Local ကာကွယ်ရေး တပ်ဖွဲ့ အားလုံးက ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။source-khit thit