Local News

ေျမာက္ဦးႏွင့္ေက်ာက္ေတာ္တြင္ စစ္ေရးတင္းမာမႈ အျမင့္ဆုံးေရာက္လာ

ေျမာက္ဦးႏွင့္ေက်ာက္ေတာ္တြင္ စစ္ေရးတင္းမာမႈ အျမင့္ဆုံးေရာက္လာ

ရန္ကုန္၊ ဇြန္ ၂၂

စစ္ေကာင္စီ၏ စစ္ဖက္ေရးရာ လုံၿခဳံေရးတပ္ဖြဲ႕(စရဖ)သုံးဦးကို ဇြန္ ၂၁ ရက္ေန႔ ည ၆ နာရီ ဝန္းက်င္ေလာက္တြင္ ရကၡိဳင့္တပ္ေတာ္ AA တပ္ဖြဲ႕ဝင္မ်ားက ဖမ္း ဆီး သြားခဲ့ေၾကာင္း ေျမာက္ဦးေဒသခံမ်ားက Western News ကိုေျပာသည္။

ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕ ေညာင္ပင္ေစ်းရပ္ကြက္တြင္ ဖြင့္လွစ္ထားသည့္ ေျမာက္ဦး စရဖတာဝန္ခံ သမီးျဖစ္သူ ထမင္းဆိုင္တြင္ စရဖ တပ္ဖြဲ႕ဝင္သုံးဦး ထမင္းစားေနစဥ္ ရကၡိဳင့္တပ္ေတာ္ AA တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားခဲ့ေၾကာင္း လုံၿခဳံေရးအရ အမည္မေဖာ္လိုသည့္ ေျမာက္ဦးေဒသခံတစ္ဦးက ေျပာသည္။

“ေျမာက္ဦးက စရဖ တာဝန္ခံ ဆရာႀကီးကို ဖမ္းေခၚသြားတယ္။ ေနာက္ထပ္ စရဖက ႏွစ္ေယာက္ကိုလည္း ဖမ္းသြားတာပါ။ ထမင္းဆိုင္မွာ ထမင္းစား ေနတဲ့အခ်ိန္မွာ ဝင္ဖမ္းသြားတာ။ ထမင္းက စားေနတုန္း။ မၿပီးေသးဘူး။ အဲ့ဒီမွာ ဖမ္းေခၚသြားတာ။ ႐ုန္းရင္းဆန္ခတ္ေတာ့ မျဖစ္ဘူး။ ဖမ္းေခၚသြားေတာ့ သူတို႔လည္းေအးေဆးလိုက္သြားတယ္” ဟုေျပာသည္။

စစ္ေကာင္စီ၏ စစ္ဖက္ေရးရာ လုံၿခဳံေရးတပ္ဖြဲ႕(စရဖ)သုံးဦးကို AA က ဖမ္းဆီး ၿပီးေနာက္ပိုင္းတြင္ စစ္ေကာင္စီ တပ္သားမ်ား စစ္ကား ၄ စီးျဖင့္ ေျမာက္ဦး ၿမိဳ႕အတြင္းက ရပ္ကြက္အခ်ိဳ႕ကို ဝင္ေရာက္ၿပီး ေဒသခံမ်ားကို ဖမ္းဆီးခဲ့သည္။

ယင္းအထဲတြင္ ေညာင္ပင္ေဈးရပ္ကြက္ရွိ ထမင္းဆိုင္မွ မိသားစုဝင္ ၃ ဦးကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားသလို ယေန႔ ဇြန္လ ၂၂ ေန႔ နံနက္ ပိုင္း က ေက်ာင္းသားအပါအဝင္ေဒသခံ ၃၀ ဦးထက္မနည္း ထပ္မံ ဖမ္းဆီး ထားၿပီး ညေနပိုင္းအထိ ျပန္လည္လြတ္ေျမာက္လာျခင္းမရွိေသးေၾကာင္း ေျမာက္ဦးၿမိဳ႕ခံမ်ားက ေျပာသည္။

ေျမာက္ဦးၿမိဳ႕က ရပ္ကြက္အခ်ိဳ႕ လမ္းဆုံ၊ လမ္းခြမ်ားတြင္ စစ္ေကာင္စီက ေနရာထားမႈ ရွိသလို ၿမိဳ႕အဝင္အထြက္ႏွင့္ ဘုရား၊ ပုထိုးေစတီတည္ရွိရာ ေတာင္ကုန္းမ်ားတြင္ ေနရာထားၿပီး ၿမိဳ႕ခံမ်ားကို ေနအိမ္သို႔ ဝင္ေရာက္ ဖမ္းဆီးမႈမ်ားရွိေနကာ ယေန႔ ညေနပိုင္းအထိ ဖမ္းဆီးခံရသည္ ၿမိဳ႕ခံ ဦးေရ ၄၀ ထက္မနည္းရွိေၾကာင္း သိရသည္။

အမည္မေဖာ္လိုသည့္ ေျမာက္ဦး ၿမိဳ႕ခံတစ္ဦးက”စစ္ေကာင္စီတပ္သားေတြက ေျမာက္ဦးၿမိဳ႕ေပၚက လမ္းဆုံ၊ လမ္းခြရယ္၊ ၿပီးေတာ့ ဘုရားပုထိုး ေစတီေတြရဲ႕ ေတာင္ကုန္းေပၚေတြမွာ ေနရာယူထားတယ္။ ဖမ္းဆီးစစ္ေဆးတာေတြ လုပ္ေန တယ္။ မေန႔ညနဲ႔ ဒီကေန႔ မနက္ပိုင္းရယ္ ညပိုင္းအထိ ဆိုရင္ေတာ့ ဖမ္းဆီး ခံရတာ ၄၀ ထက္မနည္းဘူးရယ္။ ဖမ္းဆီးခံရတဲ့သူေတြလည္း ျပန္လည္ လြတ္လာတာမရွိေသးဘူး”ဟုေျပာသည္။

ဇြန္လ ၂၀ ရက္ေန႔ ညေန ၆ နာရီခန္႔က ဘီယာေသာက္ေန႔သည့္ ေက်ာက္ ေတာ္ၿမိဳ႕မ ရဲစခန္းမွ ရဲတပ္သား ၃ ဦးကို ရကၡိဳင့္တပ္ေတာ္က AA တပ္ဖြဲ႕ ဝင္မ်ားက ဖမ္းဆီးခဲ့ၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ေက်ာက္ ေတာ္ၿမိဳ႕ တြင္းသို႔ ဝင္ေရာက္လာၿပီး ၿမိဳ႕ခံမ်ားကို ဖမ္းဆီးမႈမ်ား ျပဳလုပ္ခဲ့သည္။ ယင္းအျပင္ ၿပီးခဲ့သည့္ ဇြန္လ ၁၁ ရက္ေန႔ကလည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂ ဦးအား ရကၡိဳင့္တပ္ေတာ္က ဖမ္းဆီးခဲ့သည္။

ယင္းျဖစ္စဥ္မ်ားၿပီးေနာက္ပိုင္းတြင္ ယေန႔ ဇြန္လ ၂၂ ရက္ေန႔ နံနက္ ၇ နာရီ ၁၀ မိနစ္ခန္႔က စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အင္အား ၂၀ ခန္႔သည္ ေက်ာက္ေတာ္ၿမိဳ႕အတြင္းသို႔ ေသနတ္ေဖာက္ဝင္ေရာက္လာၿပီး ရပ္ကြက္မ်ားတြင္ စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနသည္ကို ေတြ႕ရသည္။ဇြန္လ ၁၁ ရက္ေန႔စ၍ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ရဲႏွင့္ စစ္သား ၇ ဦးထက္မနည္းကို ရကၡိဳင့္တပ္ေတာ္က ဖမ္းဆီးခဲ့ၿပီး စစ္ေကာင္စီတပ္ကလည္း ေက်ာက္ေတာ္၊ ပုဏၰားကြၽန္း၊ ေျမာက္ဦးၿမိဳ႕မ်ားမွ ေဒသခံမ်ားကို စစ္ေဆးဖမ္းဆီးမႈမ်ား ဆက္တိုက္ ျပဳလုပ္လ်က္ရွိသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို ဖမ္းရျခင္းမွာ စစ္ေကာင္စီတပ္သည္ ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ ၊ရကၡိဳင့္တပ္ေတာ္ တပ္ဖြဲ႕ဝင္မ်ား၏ ေနအိမ္မ်ားကို ညအခ်ိန္မ်ားတြင္ ဝင္ေရာက္ဖမ္းဆီးျခင္းမ်ား ရွိေနသည့္အတြက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို ျပန္လည္ဖမ္းဆီးရျခင္းျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ဇြန္လ ၁၄ ရက္ေန႔ သတင္းစာရွင္းလင္းပြဲတြင္ ဦးခိုင္သုခ ကေျပာသည္။

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕တြင္းသို႔ ယေန႔ ဇြန္လ ၂၂ရက္ေန႔ နံနက္ ၇ နာရီ ၁၀ မိနစ္ခန္႔က စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အင္အား ၂၀ ခန္႔ သည္ ေသနတ္ေဖာက္ဝင္ေရာက္လာၿပီး ရပ္ကြက္မ်ားတြင္ စစ္ေဆးမ်ား တင္းက်ပ္လွ်က္ရွိေနေၾကာင္း ၿမိဳ႕ခံမ်ားက ေျပာသည္။

အင္အား ၂၀ ေလာက္ရွိသည့္ ေရွ႕ေျပး စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ေက်ာက္ေတာ္ၿမိဳ႕အတြင္းသို႔ ေသနတ္ေဖာက္ဝင္ေရာက္လာ ေနာက္ထပ္ စစ္ကား ၄ စီးသည္ ထက္ၾကပ္မကြာ လိုက္လာၿပီး ေသနတ္ေဖာက္ဝင္ေရာက္လာကာ ရပ္ကြက္တစ္ခ်ိဳ႕က ေနရာမ်ားတြင္ စစ္ေဆးမႈမ်ားျပဳလုပ္ေနေၾကာင္း ၿမိဳ႕ခံမ်ားက ေျပာသည္။

လုံၿခဳံေရးအရ အမည္မေဖာ္လိုသည့္ ၿမိဳ႕ခံတစ္ဦးက”ေက်ာက္ေတာ္ၿမိဳ႕ အေျခအေနက ေန႔တိုင္းထက္ ပိုဆိုးပါတယ္။ ဒီေန႔ ဝင္လာတာက ေသနတ္ပစ္ေဖာက္ၿပီး ဝင္လာတယ္။ စစ္သားအင္အား ၂၀ ခန္႔ရွိတယ္။ ေသနတ္ ၆ ခ်က္ ၇ ခ်က္ ေလာက္ပစ္ၿပီးေတာ့ ဝင္လာၾကတယ္။ ေနာက္ထပ္စစ္ကား ၄ စီးနဲ႔ အင္အားထပ္ျဖည့္တယ္။ ၿမိဳ႕အႏွံ႔တပ္ျဖန္႔ထားၿပီး စနစ္တက် ဖမ္းဆီးစစ္ေဆးဖို႔ လုပ္ေဆာင္ေနတာလို႔ ထင္တယ္” ဟု ေျပာသည္။

ေက်ာက္ေတာ္ၿမိဳ႕ေပၚ ျပည္ေတာ္သာ၊ ၿမိဳ႕သစ္၊ ရွမ္း႐ြာ၊ေက်ာက္ေတာရပ္ကြက္စသည့္ေနရာအခ်ိဳ႕တြင္ စစ္ေကာင္စီက စစ္ေဆးမႈ ဖမ္းဆီးမ်ားလုပ္ေဆာင္ေနၿပီး ၿမိဳ႕အတြင္း ေဈးဆိုင္မ်ားႏွင့္ စာသင္ေက်ာင္းမ်ားကိုလည္း ပိတ္ထားရသည္။ ၿမိဳ႕ခံအမ်ားစုမွာ စစ္ေကာင္စီတပ္၏ ဖမ္းဆီးႏွိပ္စက္မႈဒဏ္ကို ေၾကာက္၍ လြတ္ေျမာက္ရာသို႔ ထြက္ေျပးတိမ္းေရွာင္သူမ်ားလည္းရွိေၾကာင္း ေနာက္ထပ္ ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

“အခုကေတာ့ ၿမိဳ႕တြင္းမွာလည္း လူေတြမရွိေတာ့ဘူး။ စစ္ေကာင္စီတပ္ဖြဲ႕ေတြက လူေတြကို အိမ္ထဲထိ တိုက္႐ိုက္ဝင္ဖမ္းတာဆိုေတာ့ ေၾကာက္လန္႔ၿပီး တိမ္းေရွာင္ေနၾကတယ္။ ဖမ္းရတဲ့သူေတြကိုလည္း AA ႏွင့္ဆက္စပ္တယ္ဆိုၿပီး ဖမ္းတာဆိုေတာ့ အေၾကာက္တရားမ်ားစြာနဲ႔ ဒုကၡမ်ားစြာနဲ႔ တိမ္းေရွာင္ေနၾကရပါတယ္” ဟု ၿမိဳ႕ခံဆိုသည္။

ယမန္ေန႔ ဇြန္လ ၂၁ ရက္ေန႔က စစ္ေကာင္စီက ဖမ္းဆီးခဲ့သည့္ အမ်ိဳးသမီး အမ်ိဳးသား ၃၀ ေက်ာ္ ၄၀ ခန္႔ကိုလည္း ျပန္လည္လႊတ္ေပးလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။ သို႔ေသာ္လည္း ကိုေဇာ္ဝင္း (လူထုေဇာ္ဝင္း) ကိုမူ မလႊတ္ေသးဘဲ ဆက္လက္ ဖမ္းဆီးထားေၾကာင္း မိသားစု ေျပာၾကားခ်က္အရ သိရသည္။

ဇြန္လ ၂၀ ရက္ေန႔ ညေန ၆ နာရီခန္႔က ဘီယာေသာက္ေန႔သည့္ ေက်ာက္ေတာ္ၿမိဳ႕မ ရဲစခန္းမွ ရဲတပ္သား ၃ ဦးကို ရကၡိဳင့္တပ္ေတာ္က ဖမ္းဆီးခဲ့ၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ေက်ာက္ေတာ္ၿမိဳ႕တြင္းသို႔ ဝင္ေရာက္လာၿပီး ၿမိဳ႕ခံမ်ားကို ဖမ္းဆီးမႈမ်ား ျပဳလုပ္ခဲ့သည္။ ယင္းအျပင္ ဇြန္လ ၁၁ ရက္ေန႔ကလည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂ ဦးအား ရကၡိဳင့္တပ္ေတာ္က ဖမ္းဆီးခဲ့သည္။

ဇြန္လအတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ရဲႏွင့္ စစ္သား ၇ ဦးထက္မနည္းကို ရကၡိဳင့္တပ္ေတာ္က ဖမ္းဆီးခဲ့ၿပီး စစ္ေကာင္စီတပ္ကလည္း ေက်ာက္ေတာ္ၿမိဳ႕၊ ပုဏၰားကြၽန္းၿမိဳ႕၊ ေျမာက္ဦးၿမိဳ႕မ်ားမွ ေဒသခံမ်ားကို စစ္ေဆးဖမ္းဆီးမႈမ်ား ဆက္တိုက္ ျပဳလုပ္လ်က္ရွိသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို ဖမ္းရျခင္းမွာ စစ္ေကာင္စီတပ္သည္ ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ ၊ရကၡိဳင့္တပ္ေတာ္ တပ္ဖြဲ႕ဝင္မ်ား၏ ေနအိမ္မ်ားကို ညအခ်ိန္မ်ားတြင္ ဝင္ေရာက္ဖမ္းဆီးျခင္းမ်ား ရွိေနသည့္အတြက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို ျပန္လည္ဖမ္းဆီးရျခင္းျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ဇြန္လ ၁၄ ရက္ေန႔ က ဦးခိုင္သုခ ကေျပာသည္။

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕တြင္ ယမန္ေန႔ ဇြန္လ ၂၁ရက္ေန႔မွစကာ စစ္ ေကာင္ စီတပ္သားမ်ားက ၿမိဳ႕တြင္းစစ္ေဆးမႈတင္းၾကပ္ထားၿပီး ေက်ာင္းသား ၃ ဦး အပါအဝင္ ေဒသခံ ၃၀ နီးပါးခန႔္ကို ဖမ္းဆီးထားသည္ဟု ၿမိဳ႕ခံမ်ားက ေျပာသည္။

ဇြန္လ ၂၁ ညအခ်ိန္တြင္ စစ္ေကာင္စီ တပ္သားမ်ား စစ္ကား ၄ စီးျဖင့္ ၿမိဳ႕ပတ္ ကာ သြားလာလႈပ္ရွားမႈမ်ားရွိခဲ့ၿပီး ေညာင္ပင္ေဈးရပ္ကြက္ရွိ ထမင္းဆိုင္မွ မိသားစုဝင္ ၃ ဦးကိုဖမ္းဆီးထားသလို ယေန႔ ဇြန္လ ၂၂ ေန႔ နံနက္ပိုင္းတြင္ ေက်ာင္းသားအပါအဝင္ေဒသခံ ၃၀ ဦးထက္မနည္း ကိုထပ္မံ ဖမ္းဆီး ထားသည္ဟုသိရသည္။
ယေန႔နံနက္ပိုင္း စစ္ေကာင္စီတပ္သားမ်ား ၆၀ ဝန္းက်င္ခန႔္က အ.ထ.က (၁)အနီးရွိ မင္းသားကြၽန္းနားတြင္ ေဒသခံအမ်ားအျပားကို စစ္ေဆးခဲ့ၿပီး ယင္းထဲတြင္ ေက်ာင္းလာတက္သည့္ေက်ာင္းသားအပါအဝင္ၿမိဳ႕ခံ ၅ ဦး ဖမ္းဆီးခဲ့သည္။

ယင္းေနာက္ နံနက္ ၁၀ နာရီေက်ာ္ခန႔္မွစကာ အခ်ဳပ္ကားျဖင့္ လွည့္လည္ကာ ၿမိဳ႕တြင္းရပ္ကြက္တစ္ခ်ိဳ႕ႏွင့္ ၿမိဳ႕ပတ္လမ္းတစ္ေလွ်ာက္မွ ၿမိဳ႕ခံ ၃၀ ဦး ထက္ မနည္း ဖမ္းဆီးသြားသည္ဟု ေျမာက္ဦးၿမိဳ႕ခံ တစ္ဦးကေျပာသည္။

“မနက္က မင္းသားကြၽန္း နားမွာ ၅ဦးဖမ္းတယ္။ မေန႔ကလည္း ေညာင္ပင္ ေဈးက မိသားစု ၃ ဦးဖမ္းထားတယ္။ မနက္ ပိုင္း ၁ နာရီေက်ာ္ေလာက္က အခ်ဳပ္ကားနဲ႔ ၿမိဳ႕ပတ္လမ္းတစ္ေလွ်ာက္မွာေတြ႕တဲ့ ၿမိဳ႕ခံ ၃၀နီးပါးေလာက္ အခ်ဳပ္ကားထဲ ထည့္သြားတယ္တဲ့။ အဲ့ဒီအထဲ ေက်ာင္းသား ၃ဦးလည္း ပါတယ္ေျပာၾကတယ္။အမ်ိဳးသားေကာ အမ်ိဳးသမီးေကာ ပါတယ္ေျပာတယ္။ အတိအက်ေတာ့ မသိရေသးပါဘူး”ေျပာသည္။

အဆိုပါ အခ်ဳပ္ကားမွာ ၁၂ ေက်ာ္ဝန္းက်င္က ေညာင္ပင္ေဈးဖက္ တြင္ရွိခဲ့ ေၾကာင္း လက္ရွိမည့္သည့္ေနရာတြင္ရွိေနသည္ကို မသိရွိရေသးေၾကာင္း ၎ကဆက္ေျပာသည္။လက္ရွိ ေျမာက္ဦးတြင္ ၿမိဳ႕ခံမ်ားကို စစ္တပ္က ဖမ္းဆီးစစ္ေဆးမႈမ်ားရွိေနသလို အ.ထ.က(၁)အနီး ၊ေညာင္ပင္ေဈးရပ္ကြက္အနီးႏွင့္ ၅၄၀တပ္ရင္း စသည့္ေနရာမ်ားတြင္ စစ္ေဆးမႈမ်ား တင္းၾကပ္ေနသည္ဟုသိရသည္။

ၿပီးခဲ့သည့္ ဇြန္လ ၁၇ရက္ေန႔ကလည္း ေျမာက္ဦးၿမိဳ႕နယ္တိမ္ညိဳေက်း႐ြာ ရဲစခန္းမွ တပ္ၾကပ္အဆင့္ရွိသူ တစ္ဦးကို AAဖက္က ဖမ္းဆီးခဲ့ၿပီး ေက်း႐ြာအတြင္းရွိ ေဒသခံမ်ားကို စစ္တပ္က စစ္ေဆးမႈမ်ားရွိခဲ့သည္။

ယင္းျပင္ ဇြန္လ ၁၁ရက္ ၁၅၊၂၀ ရက္ေန႔မ်ားတြင္ ေက်ာက္ေတာ္၊ ေျမာက္ဦးႏွင့္ပုဏၰားကြၽန္းၿမိဳ႕နယ္မွ စစ္ေကာင္စီတပ္သားအပါအဝင္ ရဲတပ္ဖြဲ႕ဝင္ တစ္ခ်ိဳ႕ကို AAဖက္ က ဖမ္းဆီးထားသလို စစ္တပ္ဖက္ကလည္း ပုဏၰားကြၽန္း၊ေက်ာက္ေတာ္၊ ေျမာက္ဦးၿမိဳ႕မ်ားမွ အျပစ္မဲ့ျပည္သူ တစ္ခ်ိဳ႕ကိုဖမ္းဆီးထားသည္။စစ္တပ္ႏွင့္AAႏွစ္ဖက္စစ္ေရး တင္းမာမႈၾကားတြင္ ျမန္မာစစ္တပ္ဖက္က ရခိုင္ျပည္သူမ်ားကို အဓိကပစ္မွတ္ထား ဖမ္းဆီးစစ္ေဆးေနမႈအေပၚ ျပည္သူမ်ားစိုးရိမ္မႈျမင့္တက္လ်က္ရွိေနသည္။

​ၿပီးခဲ့သည့္ ေမလႏွင့္ ယခုေမလအတြင္း ျမန္မာစစ္တပ္က ရကၡိဳင့္တပ္ေတာ္​၏ တပ္ဖြဲ႕ဝင္မ်ားကို ဖမ္းဆီးေနသည့္အတြက္ AAဖက္ကလည္း စစ္တပ္ တပ္ဖြဲ႕ ဝင္မ်ားကို ျပန္လည္ဖမ္းထားထားသည္ဟု ဇြန္လ ၁၄ရက္ သတင္း ရွင္းလင္းပြဲတြင္ULA/AA​၏ ေျပာေရးဆိုခြင့္ရွိသူ ဦးခိုင္သုခကေျပာဆိုခဲ့သည္။

စစ္တပ္က AAတပ္ဖြဲ႕ဝင္မ်ားကို ျပန္လႊတ္ေပးလွ်င္ စစ္တပ္တပ္ဖြဲ႕ဝင္မ်ားကို လည္း AAဖက္ျပန္လႊတ္ေပးမည္ျဖစ္ေၾကာင္းႏွင့္ စစ္တပ္က ေရွ႕ဆက္တိုး လာလွ်င္ ၎အေနျဖင့္လည္း လက္တုံ႔ျပန္သြားမည္ဟုလည္း ေျပာဆိုခဲ့သည္။source-khit thit

မြောက်ဦးနှင့်ကျောက်တော်တွင် စစ်ရေးတင်းမာမှု အမြင့်ဆုံးရောက်လာ

ရန်ကုန်၊ ဇွန် ၂၂

စစ်ကောင်စီ၏ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)သုံးဦးကို ဇွန် ၂၁ ရက်နေ့ ည ၆ နာရီ ဝန်းကျင်လောက်တွင် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များက ဖမ်း ဆီး သွားခဲ့ကြောင်း မြောက်ဦးဒေသခံများက Western News ကိုပြောသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ညောင်ပင်ဈေးရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် မြောက်ဦး စရဖတာဝန်ခံ သမီးဖြစ်သူ ထမင်းဆိုင်တွင် စရဖ တပ်ဖွဲ့ဝင်သုံးဦး ထမင်းစားနေစဉ် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။

“မြောက်ဦးက စရဖ တာဝန်ခံ ဆရာကြီးကို ဖမ်းခေါ်သွားတယ်။ နောက်ထပ် စရဖက နှစ်ယောက်ကိုလည်း ဖမ်းသွားတာပါ။ ထမင်းဆိုင်မှာ ထမင်းစား နေတဲ့အချိန်မှာ ဝင်ဖမ်းသွားတာ။ ထမင်းက စားနေတုန်း။ မပြီးသေးဘူး။ အဲ့ဒီမှာ ဖမ်းခေါ်သွားတာ။ ရုန်းရင်းဆန်ခတ်တော့ မဖြစ်ဘူး။ ဖမ်းခေါ်သွားတော့ သူတို့လည်းအေးဆေးလိုက်သွားတယ်” ဟုပြောသည်။

စစ်ကောင်စီ၏ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)သုံးဦးကို AA က ဖမ်းဆီး ပြီးနောက်ပိုင်းတွင် စစ်ကောင်စီ တပ်သားများ စစ်ကား ၄ စီးဖြင့် မြောက်ဦး မြို့အတွင်းက ရပ်ကွက်အချို့ကို ဝင်ရောက်ပြီး ဒေသခံများကို ဖမ်းဆီးခဲ့သည်။

ယင်းအထဲတွင် ညောင်ပင်ဈေးရပ်ကွက်ရှိ ထမင်းဆိုင်မှ မိသားစုဝင် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသလို ယနေ့ ဇွန်လ ၂၂ နေ့ နံနက် ပိုင်း က ကျောင်းသားအပါအဝင်ဒေသခံ ၃၀ ဦးထက်မနည်း ထပ်မံ ဖမ်းဆီး ထားပြီး ညနေပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း မြောက်ဦးမြို့ခံများက ပြောသည်။

မြောက်ဦးမြို့က ရပ်ကွက်အချို့ လမ်းဆုံ၊ လမ်းခွများတွင် စစ်ကောင်စီက နေရာထားမှု ရှိသလို မြို့အဝင်အထွက်နှင့် ဘုရား၊ ပုထိုးစေတီတည်ရှိရာ တောင်ကုန်းများတွင် နေရာထားပြီး မြို့ခံများကို နေအိမ်သို့ ဝင်ရောက် ဖမ်းဆီးမှုများရှိနေကာ ယနေ့ ညနေပိုင်းအထိ ဖမ်းဆီးခံရသည် မြို့ခံ ဦးရေ ၄၀ ထက်မနည်းရှိကြောင်း သိရသည်။

အမည်မဖော်လိုသည့် မြောက်ဦး မြို့ခံတစ်ဦးက”စစ်ကောင်စီတပ်သားတွေက မြောက်ဦးမြို့ပေါ်က လမ်းဆုံ၊ လမ်းခွရယ်၊ ပြီးတော့ ဘုရားပုထိုး စေတီတွေရဲ့ တောင်ကုန်းပေါ်တွေမှာ နေရာယူထားတယ်။ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေ တယ်။ မနေ့ညနဲ့ ဒီကနေ့ မနက်ပိုင်းရယ် ညပိုင်းအထိ ဆိုရင်တော့ ဖမ်းဆီး ခံရတာ ၄၀ ထက်မနည်းဘူးရယ်။ ဖမ်းဆီးခံရတဲ့သူတွေလည်း ပြန်လည် လွတ်လာတာမရှိသေးဘူး”ဟုပြောသည်။

ဇွန်လ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်က ဘီယာသောက်နေ့သည့် ကျောက် တော်မြို့မ ရဲစခန်းမှ ရဲတပ်သား ၃ ဦးကို ရက္ခိုင့်တပ်တော်က AA တပ်ဖွဲ့ ဝင်များက ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျောက် တော်မြို့ တွင်းသို့ ဝင်ရောက်လာပြီး မြို့ခံများကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ ယင်းအပြင် ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးအား ရက္ခိုင့်တပ်တော်က ဖမ်းဆီးခဲ့သည်။

ယင်းဖြစ်စဉ်များပြီးနောက်ပိုင်းတွင် ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်သည် ကျောက်တော်မြို့အတွင်းသို့ သေနတ်ဖောက်ဝင်ရောက်လာပြီး ရပ်ကွက်များတွင် စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။ဇွန်လ ၁၁ ရက်နေ့စ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် စစ်သား ၇ ဦးထက်မနည်းကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့များမှ ဒေသခံများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းရခြင်းမှာ စစ်ကောင်စီတပ်သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ၊ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ၏ နေအိမ်များကို ညအချိန်များတွင် ဝင်ရောက်ဖမ်းဆီးခြင်းများ ရှိနေသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်ဖမ်းဆီးရခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခ ကပြောသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင်းသို့ ယနေ့ ဇွန်လ ၂၂ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့် သည် သေနတ်ဖောက်ဝင်ရောက်လာပြီး ရပ်ကွက်များတွင် စစ်ဆေးများ တင်းကျပ်လျှက်ရှိနေကြောင်း မြို့ခံများက ပြောသည်။

အင်အား ၂၀ လောက်ရှိသည့် ရှေ့ပြေး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောက်တော်မြို့အတွင်းသို့ သေနတ်ဖောက်ဝင်ရောက်လာ နောက်ထပ် စစ်ကား ၄ စီးသည် ထက်ကြပ်မကွာ လိုက်လာပြီး သေနတ်ဖောက်ဝင်ရောက်လာကာ ရပ်ကွက်တစ်ချို့က နေရာများတွင် စစ်ဆေးမှုများပြုလုပ်နေကြောင်း မြို့ခံများက ပြောသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက”ကျောက်တော်မြို့ အခြေအနေက နေ့တိုင်းထက် ပိုဆိုးပါတယ်။ ဒီနေ့ ဝင်လာတာက သေနတ်ပစ်ဖောက်ပြီး ဝင်လာတယ်။ စစ်သားအင်အား ၂၀ ခန့်ရှိတယ်။ သေနတ် ၆ ချက် ၇ ချက် လောက်ပစ်ပြီးတော့ ဝင်လာကြတယ်။ နောက်ထပ်စစ်ကား ၄ စီးနဲ့ အင်အားထပ်ဖြည့်တယ်။ မြို့အနှံ့တပ်ဖြန့်ထားပြီး စနစ်တကျ ဖမ်းဆီးစစ်ဆေးဖို့ လုပ်ဆောင်နေတာလို့ ထင်တယ်” ဟု ပြောသည်။

ကျောက်တော်မြို့ပေါ် ပြည်တော်သာ၊ မြို့သစ်၊ ရှမ်းရွာ၊ကျောက်တောရပ်ကွက်စသည့်နေရာအချို့တွင် စစ်ကောင်စီက စစ်ဆေးမှု ဖမ်းဆီးများလုပ်ဆောင်နေပြီး မြို့အတွင်း ဈေးဆိုင်များနှင့် စာသင်ကျောင်းများကိုလည်း ပိတ်ထားရသည်။ မြို့ခံအများစုမှာ စစ်ကောင်စီတပ်၏ ဖမ်းဆီးနှိပ်စက်မှုဒဏ်ကို ကြောက်၍ လွတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်သူများလည်းရှိကြောင်း နောက်ထပ် မြို့ခံတစ်ဦးက ပြောသည်။

“အခုကတော့ မြို့တွင်းမှာလည်း လူတွေမရှိတော့ဘူး။ စစ်ကောင်စီတပ်ဖွဲ့တွေက လူတွေကို အိမ်ထဲထိ တိုက်ရိုက်ဝင်ဖမ်းတာဆိုတော့ ကြောက်လန့်ပြီး တိမ်းရှောင်နေကြတယ်။ ဖမ်းရတဲ့သူတွေကိုလည်း AA နှင့်ဆက်စပ်တယ်ဆိုပြီး ဖမ်းတာဆိုတော့ အကြောက်တရားများစွာနဲ့ ဒုက္ခများစွာနဲ့ တိမ်းရှောင်နေကြရပါတယ်” ဟု မြို့ခံဆိုသည်။

ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့က စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် အမျိုးသမီး အမျိုးသား ၃၀ ကျော် ၄၀ ခန့်ကိုလည်း ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ကိုဇော်ဝင်း (လူထုဇော်ဝင်း) ကိုမူ မလွှတ်သေးဘဲ ဆက်လက် ဖမ်းဆီးထားကြောင်း မိသားစု ပြောကြားချက်အရ သိရသည်။

ဇွန်လ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်က ဘီယာသောက်နေ့သည့် ကျောက်တော်မြို့မ ရဲစခန်းမှ ရဲတပ်သား ၃ ဦးကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျောက်တော်မြို့တွင်းသို့ ဝင်ရောက်လာပြီး မြို့ခံများကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ ယင်းအပြင် ဇွန်လ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးအား ရက္ခိုင့်တပ်တော်က ဖမ်းဆီးခဲ့သည်။

ဇွန်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် စစ်သား ၇ ဦးထက်မနည်းကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ကျောက်တော်မြို့၊ ပုဏ္ဏားကျွန်းမြို့၊ မြောက်ဦးမြို့များမှ ဒေသခံများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းရခြင်းမှာ စစ်ကောင်စီတပ်သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ၊ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ၏ နေအိမ်များကို ညအချိန်များတွင် ဝင်ရောက်ဖမ်းဆီးခြင်းများ ရှိနေသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်ဖမ်းဆီးရခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ က ဦးခိုင်သုခ ကပြောသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ယမန်နေ့ ဇွန်လ ၂၁ရက်နေ့မှစကာ စစ် ကောင် စီတပ်သားများက မြို့တွင်းစစ်ဆေးမှုတင်းကြပ်ထားပြီး ကျောင်းသား ၃ ဦး အပါအဝင် ဒေသခံ ၃၀ နီးပါးခန့်ကို ဖမ်းဆီးထားသည်ဟု မြို့ခံများက ပြောသည်။

ဇွန်လ ၂၁ ညအချိန်တွင် စစ်ကောင်စီ တပ်သားများ စစ်ကား ၄ စီးဖြင့် မြို့ပတ် ကာ သွားလာလှုပ်ရှားမှုများရှိခဲ့ပြီး ညောင်ပင်ဈေးရပ်ကွက်ရှိ ထမင်းဆိုင်မှ မိသားစုဝင် ၃ ဦးကိုဖမ်းဆီးထားသလို ယနေ့ ဇွန်လ ၂၂ နေ့ နံနက်ပိုင်းတွင် ကျောင်းသားအပါအဝင်ဒေသခံ ၃၀ ဦးထက်မနည်း ကိုထပ်မံ ဖမ်းဆီး ထားသည်ဟုသိရသည်။
ယနေ့နံနက်ပိုင်း စစ်ကောင်စီတပ်သားများ ၆၀ ဝန်းကျင်ခန့်က အ.ထ.က (၁)အနီးရှိ မင်းသားကျွန်းနားတွင် ဒေသခံအများအပြားကို စစ်ဆေးခဲ့ပြီး ယင်းထဲတွင် ကျောင်းလာတက်သည့်ကျောင်းသားအပါအဝင်မြို့ခံ ၅ ဦး ဖမ်းဆီးခဲ့သည်။

ယင်းနောက် နံနက် ၁၀ နာရီကျော်ခန့်မှစကာ အချုပ်ကားဖြင့် လှည့်လည်ကာ မြို့တွင်းရပ်ကွက်တစ်ချို့နှင့် မြို့ပတ်လမ်းတစ်လျှောက်မှ မြို့ခံ ၃၀ ဦး ထက် မနည်း ဖမ်းဆီးသွားသည်ဟု မြောက်ဦးမြို့ခံ တစ်ဦးကပြောသည်။

“မနက်က မင်းသားကျွန်း နားမှာ ၅ဦးဖမ်းတယ်။ မနေ့ကလည်း ညောင်ပင် ဈေးက မိသားစု ၃ ဦးဖမ်းထားတယ်။ မနက် ပိုင်း ၁ နာရီကျော်လောက်က အချုပ်ကားနဲ့ မြို့ပတ်လမ်းတစ်လျှောက်မှာတွေ့တဲ့ မြို့ခံ ၃၀နီးပါးလောက် အချုပ်ကားထဲ ထည့်သွားတယ်တဲ့။ အဲ့ဒီအထဲ ကျောင်းသား ၃ဦးလည်း ပါတယ်ပြောကြတယ်။အမျိုးသားကော အမျိုးသမီးကော ပါတယ်ပြောတယ်။ အတိအကျတော့ မသိရသေးပါဘူး”ပြောသည်။

အဆိုပါ အချုပ်ကားမှာ ၁၂ ကျော်ဝန်းကျင်က ညောင်ပင်ဈေးဖက် တွင်ရှိခဲ့ ကြောင်း လက်ရှိမည့်သည့်နေရာတွင်ရှိနေသည်ကို မသိရှိရသေးကြောင်း ၎င်းကဆက်ပြောသည်။လက်ရှိ မြောက်ဦးတွင် မြို့ခံများကို စစ်တပ်က ဖမ်းဆီးစစ်ဆေးမှုများရှိနေသလို အ.ထ.က(၁)အနီး ၊ညောင်ပင်ဈေးရပ်ကွက်အနီးနှင့် ၅၄၀တပ်ရင်း စသည့်နေရာများတွင် စစ်ဆေးမှုများ တင်းကြပ်နေသည်ဟုသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ရက်နေ့ကလည်း မြောက်ဦးမြို့နယ်တိမ်ညိုကျေးရွာ ရဲစခန်းမှ တပ်ကြပ်အဆင့်ရှိသူ တစ်ဦးကို AAဖက်က ဖမ်းဆီးခဲ့ပြီး ကျေးရွာအတွင်းရှိ ဒေသခံများကို စစ်တပ်က စစ်ဆေးမှုများရှိခဲ့သည်။

ယင်းပြင် ဇွန်လ ၁၁ရက် ၁၅၊၂၀ ရက်နေ့များတွင် ကျောက်တော်၊ မြောက်ဦးနှင့်ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ကောင်စီတပ်သားအပါအဝင် ရဲတပ်ဖွဲ့ဝင် တစ်ချို့ကို AAဖက် က ဖမ်းဆီးထားသလို စစ်တပ်ဖက်ကလည်း ပုဏ္ဏားကျွန်း၊ကျောက်တော်၊ မြောက်ဦးမြို့များမှ အပြစ်မဲ့ပြည်သူ တစ်ချို့ကိုဖမ်းဆီးထားသည်။စစ်တပ်နှင့်AAနှစ်ဖက်စစ်ရေး တင်းမာမှုကြားတွင် မြန်မာစစ်တပ်ဖက်က ရခိုင်ပြည်သူများကို အဓိကပစ်မှတ်ထား ဖမ်းဆီးစစ်ဆေးနေမှုအပေါ် ပြည်သူများစိုးရိမ်မှုမြင့်တက်လျက်ရှိနေသည်။

ပြီးခဲ့သည့် မေလနှင့် ယခုမေလအတွင်း မြန်မာစစ်တပ်က ရက္ခိုင့်တပ်တော်၏ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးနေသည့်အတွက် AAဖက်ကလည်း စစ်တပ် တပ်ဖွဲ့ ဝင်များကို ပြန်လည်ဖမ်းထားထားသည်ဟု ဇွန်လ ၁၄ရက် သတင်း ရှင်းလင်းပွဲတွင်ULA/AA၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောဆိုခဲ့သည်။

စစ်တပ်က AAတပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးလျှင် စစ်တပ်တပ်ဖွဲ့ဝင်များကို လည်း AAဖက်ပြန်လွှတ်ပေးမည်ဖြစ်ကြောင်းနှင့် စစ်တပ်က ရှေ့ဆက်တိုး လာလျှင် ၎င်းအနေဖြင့်လည်း လက်တုံ့ပြန်သွားမည်ဟုလည်း ပြောဆိုခဲ့သည်။source-khit thit