Local News

ပညာေရးဝန္ထမ္း ၂ ဦး ျပန္လြတ္လာ

BREAKING NEWS

ျပန္ေပးဆြဲ ခံရသည့္ ပညာေရးဝန္ထမ္း ၂ ဦး ျပန္လြတ္လာ

Western News- ဇြန္ ၂၃ ရက္

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္က ျပန္ေပးဆြဲခံရသည့္ ပညာေရးဝန္ထမ္း ၂ ဦး ျပန္လည္လြတ္လာေၾကာင္း ေမာင္ေတာၿမိဳ႕နယ္ပညာ‌ေရးမႉး ဦးေအာင္စံေက်ာ္မွ Western News ကို ယေန႔မနက္ပိုင္းတြင္ ေျပာသည္။

ေမာင္ေတာၿမိဳ႕နယ္ သေဘၤာေက်း႐ြာကေက်ာင္းအုပ္ဆရာႀကီး ဘိုဝင္းႏွင့္ လက္ေထာက္ဆရာမ ဥမၼာေက်ာ္တို႔အား ဇြန္လ ၁၆ ရက္ေန႔ အမည္မသိ လက္နက္ကိုင္တစ္စုက ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

ဖမ္းဆီးခဲ့သည့္ လက္နက္ကိုင္အဖြဲ႕က ၎တို႔ႏွစ္ဦးကို ဇြန္ ၂၂ ရက္ေန႔ ညေနပိုင္းက ဘဂၤလားနယ္စပ္တစ္ေနရာတြင္ ျပန္လည္လႊတ္ေပးခဲ့ေၾကာင္း ပညာရးမႉးက ဆိုသည္။

သတင္းအား ဆက္လက္ေဖာ္ျပပါမည္

Western News-WN

BREAKING NEWS

ပြန်ပေးဆွဲ ခံရသည့် ပညာရေးဝန်ထမ်း ၂ ဦး ပြန်လွတ်လာ

Western News- ဇွန် ၂၃ ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ပြန်ပေးဆွဲခံရသည့် ပညာရေးဝန်ထမ်း ၂ ဦး ပြန်လည်လွတ်လာကြောင်း မောင်တောမြို့နယ်ပညာ‌ရေးမှူး ဦးအောင်စံကျော်မှ Western News ကို ယနေ့မနက်ပိုင်းတွင် ပြောသည်။

မောင်တောမြို့နယ် သင်္ဘောကျေးရွာကကျောင်းအုပ်ဆရာကြီး ဘိုဝင်းနှင့် လက်ထောက်ဆရာမ ဥမ္မာကျော်တို့အား ဇွန်လ ၁၆ ရက်နေ့ အမည်မသိ လက်နက်ကိုင်တစ်စုက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခဲ့သည့် လက်နက်ကိုင်အဖွဲ့က ၎င်းတို့နှစ်ဦးကို ဇွန် ၂၂ ရက်နေ့ ညနေပိုင်းက ဘင်္ဂလားနယ်စပ်တစ်နေရာတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ပညာရးမှူးက ဆိုသည်။

သတင်းအား ဆက်လက်ဖော်ပြပါမည်

Western News-WN