Local News

ေဒၚေအာင္ဆန္းစုၾကည္ကို ထားရွိေသာ ေနျပည္ေတာ္အခ်ဳပ္ေထာင္အတြင္းက တကိုယ္တည္းေနရတဲ့ အိမ္

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို ထားရွိေသာ ေနျပည္ေတာ္အခ်ဳပ္ေထာင္အတြင္းက အေဆာက္အအုံ

မဇၩိမ

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေနျပည္ေတာ္အခ်ဳပ္ေထာင္အတြင္း ထားရွိေသာ အေဆာက္အအုံဟုဆိုေသာဓာတ္ပုံကို မဇၩိမက လက္ခံရရွိထားခဲ့သည္။

ဇြန္လ ၂၂ရက္ေန႔လယ္က ေဒၚေအာင္ဆန္းစုၾကည္ကို ေနျပည္ေတာ္ရွိ စစ္ေကာင္စီတပ္ထိန္းခ်ဳပ္ရာလ်ိဳ႕ဝွက္ေနရာမွသည္ အခ်ဳပ္ေထာင္အတြင္း သီးသန႔္အေဆာက္အအုံသို႔ လုံၿခဳံေရးထူထပ္စြာျဖင့္ ပို႔ေဆာင္ခဲ့ျခင္းျဖစ္သည္။

စစ္ေကာင္စီက အဆိုပါအေဆာက္အအုံကို လြန္ခဲ့ေသာလအနည္းငယ္ကစ၍ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရၿပီး ေဖေဖာ္ဝါရီလ ၁ ရက္၊ ၂၀၂၁ ခုႏွစ္ေနာက္ပိုင္း အသက္ ၇၇ ႏွစ္အ႐ြယ္ ​ေဒၚေအာင္ဆန္းစုၾကည္ကို ခ်ဳပ္ေႏွာင္ထားရာေနႏွင့္ပတ္သက္၍ ေ႐ႊ႕ေျပာင္းမႈတြင္ ယခုအႀကိမ္သည္ တတိယအႀကိမ္ျဖစ္သည္။

ေ႐ြးေကာက္ခံအစိုးရေခါင္းေဆာင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကို အာဏာသိမ္းစစ္ေကာင္စီဘက္က အမႈ ၁၉ မႈစြဲဆိုထားၿပီး လက္ရွိတြင္ ေျခာက္မႈအတြက္ အသားတင္ေထာင္ဒဏ္ ၁၁ ႏွစ္ခ်မွတ္ထားၿပီးျဖစ္ကာ က်န္ရွိေသာအမႈမ်ားအတြက္ ေထာင္တြင္းတရား႐ုံးတြင္ပင္ ရင္ဆိုင္ရေတာ့မွာျဖစ္သည္။ Crd- Mizzama

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထားရှိသော နေပြည်တော်အချုပ်ထောင်အတွင်းက အဆောက်အအုံ

မဇ္ဈိမ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်အတွင်း ထားရှိသော အဆောက်အအုံဟုဆိုသောဓာတ်ပုံကို မဇ္ဈိမက လက်ခံရရှိထားခဲ့သည်။

ဇွန်လ ၂၂ရက်နေ့လယ်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ စစ်ကောင်စီတပ်ထိန်းချုပ်ရာလျို့ဝှက်နေရာမှသည် အချုပ်ထောင်အတွင်း သီးသန့်အဆောက်အအုံသို့ လုံခြုံရေးထူထပ်စွာဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက အဆိုပါအဆောက်အအုံကို လွန်ခဲ့သောလအနည်းငယ်ကစ၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း အသက် ၇၇ နှစ်အရွယ် ​ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားရာနေနှင့်ပတ်သက်၍ ရွှေ့ပြောင်းမှုတွင် ယခုအကြိမ်သည် တတိယအကြိမ်ဖြစ်သည်။

ရွေးကောက်ခံအစိုးရခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အာဏာသိမ်းစစ်ကောင်စီဘက်က အမှု ၁၉ မှုစွဲဆိုထားပြီး လက်ရှိတွင် ခြောက်မှုအတွက် အသားတင်ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားပြီးဖြစ်ကာ ကျန်ရှိသောအမှုများအတွက် ထောင်တွင်းတရားရုံးတွင်ပင် ရင်ဆိုင်ရတော့မှာဖြစ်သည်။ Crd- Mizzama