ပြင့္ျဖဴတြင္ PDF မ်ားကို ပစ္ခတ္တိုက္ခိုက္သတ္ျဖတ္ရာတြင္ ဦးေဆာင္သူ ဗိုလ္ မႉး မင္းပိုင္စိုး ၏ မိဘေဆြမ်ိဳးမ်ား ေၾကာက္လန႔္ၿပီး ေနရာေျပာင္း ေ႐ႊ႕မႈ မ်ားရွိ၊ အစ္ကို ျဖစ္သူ ဒုတိယ ဗိုလ္မႉးႀကီး ေက်ာ္စြာေသာင္း ျပင္ဦးလြင္ DSA တြင္ ကထိက အျဖစ္ လုပ္ေန
ရန္ကုန္၊ ဇြန္ ၂၄
မေကြးတိုင္း၊ ပြင့္ျဖဴၿမိဳ႕နယ္တြင္ PDF မ်ားလိုက္ပါေသာ ေဖာကားကို ဇြန္လ ၂၂ ရက္ ေန႔ နံနက္ပိုင္း စစ္တပ္က ပစ္ခတ္တိုက္ခိုက္ၿပီး PDF မ်ားကို သတ္ျဖတ္ ခဲ့ရာ တြင္ ဦးေဆာင္ပါဝင္သူ ဝါစိုက္ပ်ိဳးေရး တပ္မွ ဗိုလ္မႉး မင္းပိုင္စိုး ၏ မိသား စု ေဆြမ်ိဳးမ်ား စိုးရိမ္ထိတ္လန႔္လာသျဖင့္ ေနရာ ေျပာင္းေ႐ႊ႕မႈမ်ားရွိေၾကာင္း သိရွိရသည္။
PDF မ်ားကို သတ္ျဖတ္ရာတြင္ ဦးေဆာင္သူ ပြင့္ျဖဴၿမိဳ႕နယ္၊ဝါစိုက္ပ်ိဳးေရးတပ္မွ ဗိုလ္မႉးမင္းပိုင္စိုး၏ ကိုယ္ေရးရာဇဝင္မ်ား၊ မိသားစု ႏွင့္ေဆြမ်ိဳးမ်ားအေၾကာင္း သတင္းဌာနမ်ားက ဆက္တိုက္ေဖာ္ျပၿပီးေနာက္ ရွမ္းျပည္နယ္၊ ေတာင္ပိုင္း ရပ္ ေစာက္ ၿမိဳ႕နယ္တြင္ ေနထိုင္ေသာ ဗိုလ္မႉး မင္းပိုင္စိုး၏ မိဘ၊ ေဆြမ်ိဳးမ်ားမွာ အသက္အႏၲရာယ္ စိုးရိမ္လာ၍ ေနရာ ေ႐ႊ႕ ေျပာင္း မႈမ်ားရွိေနျခင္းျဖစ္သည္ဟု သိရွိရသည္။
“သူ႔မိဘက ရပ္ေစာက္ ၿမိဳ႕အထြက္ သမတိုက္တန္းက အိုေကဆန္း ကြမ္းယာ ဆိုင္ရဲ႕ အဆက္အစပ္ အမ်ိဳးအႏြယ္ေတြပါ။ ရပ္ေစာက္ၿမိဳ႕အထြက္မွာ သူ႔အစ္မ က ကုန္စုံဆိုင္ ဖြင့္ထားတယ္။သူ႔ညီမကလည္း ဆိုင္ဖြင့္တယ္။ ဆိုင္နာမည္ ေတာ့ ေသခ်ာမသိဘူး။
ရပ္ေစာက္အမ်ိဳးအႏြယ္ေတြ။ သူ႔အကိုက ေလတပ္ ဒုတိယ ဗိုလ္မႉးႀကီးလို႔ သိရတယ္။ နာမည္ေတာ့ ေသခ်ာမသိဘူး။ အခု ဗိုလ္မႉး မင္းပိုင္စိုးအေၾကာင္း လိုင္းေပၚ အကုန္တက္လာေတာ့ ေဆြမ်ိဳးေတြ မိဘေတြ လည္း ေနရာ ေျပာင္းၾကတယ္လို႔ ၾကားပါတယ္။ တစ္ေဆြလုံး တစ္မ်ိဳးလုံး ေနရာ ေ႐ႊ႕ တယ္ေျပာတယ္” ဟု ေဒသခံတစ္ဦးက ရန္ကုန္ေခတ္သစ္ သတင္း ဌာန ထံသို႔ ေျပာဆိုသည္။
ပြင့္ျဖဴတြင္ တာဝန္က်ေနေသာ ဗိုလ္မႉးမင္းပိုင္စိုးကိုယ္တိုင္လည္း တပ္ျပင္ မထြက္ ေတာ့ဘဲ တပ္တြင္းမွာသာ ေနထိုင္လ်က္ရွိေၾကာင္း သိရွိရသည္။ဗိုလ္မႉးမင္းပိုင္စိုး၏ အစ္ကိုျဖစ္သူသည္ ဒုတိယဗိုလ္မႉးႀကီး ေက်ာ္စြာေသာင္း ေလတပ္မွျဖစ္ေၾကာင္း စုံစမ္းသိရွိရသည္။
“ေက်ာ္စြာေသာင္းက လက္ရွိ ျပင္ဦးလြင္ DSA မွာ ရွိတယ္။ ေလတပ္ကပဲ DSA မွာ နည္းျပ တာဝန္လုပ္ေနတာ။ သူတို႔အေဖကလည္း စစ္သားျဖစ္မယ္။ သူ႔ တပ္ ဝင္တဲ့လိပ္စာက တင့္ကားတပ္က” ဟု ေလတပ္သတင္းရင္းျမစ္ Operation Spitfire က ေျပာသည္။
ဒုဗိုလ္မႉးႀကီးေက်ာ္စြာေသာင္းသည္ စစ္တကၠသိုလ္ အပတ္စဥ္ ၄၂ ေက်ာင္း ဆင္း ျဖစ္ေၾကာင္း သိရွိရသည္။source-khit thit
ပွင့်ဖြူတွင် PDF များကို ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်ရာတွင် ဦးဆောင်သူ ဗိုလ် မှူး မင်းပိုင်စိုး ၏ မိဘဆွေမျိုးများ ကြောက်လန့်ပြီး နေရာပြောင်း ရွှေ့မှု များရှိ၊ အစ်ကို ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး ကျော်စွာသောင်း ပြင်ဦးလွင် DSA တွင် ကထိက အဖြစ် လုပ်နေ
ရန်ကုန်၊ ဇွန် ၂၄
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် PDF များလိုက်ပါသော ဖောကားကို ဇွန်လ ၂၂ ရက် နေ့ နံနက်ပိုင်း စစ်တပ်က ပစ်ခတ်တိုက်ခိုက်ပြီး PDF များကို သတ်ဖြတ် ခဲ့ရာ တွင် ဦးဆောင်ပါဝင်သူ ဝါစိုက်ပျိုးရေး တပ်မှ ဗိုလ်မှူး မင်းပိုင်စိုး ၏ မိသား စု ဆွေမျိုးများ စိုးရိမ်ထိတ်လန့်လာသဖြင့် နေရာ ပြောင်းရွှေ့မှုများရှိကြောင်း သိရှိရသည်။
PDF များကို သတ်ဖြတ်ရာတွင် ဦးဆောင်သူ ပွင့်ဖြူမြို့နယ်၊ဝါစိုက်ပျိုးရေးတပ်မှ ဗိုလ်မှူးမင်းပိုင်စိုး၏ ကိုယ်ရေးရာဇဝင်များ၊ မိသားစု နှင့်ဆွေမျိုးများအကြောင်း သတင်းဌာနများက ဆက်တိုက်ဖော်ပြပြီးနောက် ရှမ်းပြည်နယ်၊ တောင်ပိုင်း ရပ် စောက် မြို့နယ်တွင် နေထိုင်သော ဗိုလ်မှူး မင်းပိုင်စိုး၏ မိဘ၊ ဆွေမျိုးများမှာ အသက်အန္တရာယ် စိုးရိမ်လာ၍ နေရာ ရွှေ့ ပြောင်း မှုများရှိနေခြင်းဖြစ်သည်ဟု သိရှိရသည်။
“သူ့မိဘက ရပ်စောက် မြို့အထွက် သမတိုက်တန်းက အိုကေဆန်း ကွမ်းယာ ဆိုင်ရဲ့ အဆက်အစပ် အမျိုးအနွယ်တွေပါ။ ရပ်စောက်မြို့အထွက်မှာ သူ့အစ်မ က ကုန်စုံဆိုင် ဖွင့်ထားတယ်။သူ့ညီမကလည်း ဆိုင်ဖွင့်တယ်။ ဆိုင်နာမည် တော့ သေချာမသိဘူး။
ရပ်စောက်အမျိုးအနွယ်တွေ။ သူ့အကိုက လေတပ် ဒုတိယ ဗိုလ်မှူးကြီးလို့ သိရတယ်။ နာမည်တော့ သေချာမသိဘူး။ အခု ဗိုလ်မှူး မင်းပိုင်စိုးအကြောင်း လိုင်းပေါ် အကုန်တက်လာတော့ ဆွေမျိုးတွေ မိဘတွေ လည်း နေရာ ပြောင်းကြတယ်လို့ ကြားပါတယ်။ တစ်ဆွေလုံး တစ်မျိုးလုံး နေရာ ရွှေ့ တယ်ပြောတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။
ပွင့်ဖြူတွင် တာဝန်ကျနေသော ဗိုလ်မှူးမင်းပိုင်စိုးကိုယ်တိုင်လည်း တပ်ပြင် မထွက် တော့ဘဲ တပ်တွင်းမှာသာ နေထိုင်လျက်ရှိကြောင်း သိရှိရသည်။ဗိုလ်မှူးမင်းပိုင်စိုး၏ အစ်ကိုဖြစ်သူသည် ဒုတိယဗိုလ်မှူးကြီး ကျော်စွာသောင်း လေတပ်မှဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
“ကျော်စွာသောင်းက လက်ရှိ ပြင်ဦးလွင် DSA မှာ ရှိတယ်။ လေတပ်ကပဲ DSA မှာ နည်းပြ တာဝန်လုပ်နေတာ။ သူတို့အဖေကလည်း စစ်သားဖြစ်မယ်။ သူ့ တပ် ဝင်တဲ့လိပ်စာက တင့်ကားတပ်က” ဟု လေတပ်သတင်းရင်းမြစ် Operation Spitfire က ပြောသည်။
ဒုဗိုလ်မှူးကြီးကျော်စွာသောင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၄၂ ကျောင်း ဆင်း ဖြစ်ကြောင်း သိရှိရသည်။source-khit thit