ဇူလိုင် ၃၁
လူငယ့်ခေတ်
Lungekhit
ရန်ကုန်ပြည်သူတွေ ”လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” အနေနဲ့ သံပုံးတီး (ရုပ်သံ)
ဇူလိုင် ၃၁
လူငယ့်ခေတ်
ရန်ကုန်မြို့ လူစည်ကားရာ မြို့နယ်တစ်ခုက ပြည်သူတွေဟာ ဒီကနေ့ ဇူလိုင်လ ၃၁ရက်နေ့ ”လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” အပြီးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီးကာ ဆန္ဒပြခဲ့ပါတယ်။
ဒီကနေ့ ဇူလိုင်လ (၃၁) ရက်၊ နံနက် ၁၀ နာရီ ၃၇မိနှစ်အချိန်မှာ ”လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်အာဏာရှင်ကို တွန်းလှန်နေကြသည့် အင်အားစုများက တိုက်တွန်းထားကြပါတယ်။
ပြည်သူလူထုတစ်ရပ်လုံး မိမိတို့ ယုံကြည်ရာတရားအလိုက် တိုင်တည်သစ္စာအဓိဋ္ဌာန်ပြုကြမည့် “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” တွေကို နိုင်ငံအနှံ့က ပြည်သူ လူထုတွေ အနေနဲ့ မိမိတို့စုဝေးရန် အဆင်ပြေတဲ့ နေရာဒေသမှာ စုဝေးလုပ်ဆောင်ကြမှာလဲဖြစ်ပါတယ်။