Local News

စစ္ကိုင္းေထြအုပ္႐ုံးႏွင့္ စည္ပင္႐ုံး ဒ႐ုန္းျဖင့္ဗုံးႀကဲတိုက္ခိုက္ခံရၿပီး ကားႏွစ္စီး မီးေလာင္ပ်က္စီး

စစ္ကိုင္းေထြအုပ္႐ုံးႏွင့္ စည္ပင္႐ုံး ဒ႐ုန္းျဖင့္ဗုံးႀကဲတိုက္ခိုက္ခံရၿပီး ကားႏွစ္စီး မီးေလာင္ပ်က္စီး

●PDRF ႏွင့္ DNDF (ဝက္လက္)တို႔ပူး​ေပါင္းတိုက္ခိုက္ခဲ့ၿပီးစစ္​ေကာင္စီတပ္သား၄ဦးခန္႔​ေသဟုPDFထုတ္ျပန္

-ေအာင္ေဇယ်/People’s Spring

စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန႐ုံးႏွင့္ စည္ပင္သာယာ႐ုံးအတြင္း ယေန႔မြန္းလြဲပိုင္းက ဒ႐ုန္းျဖင့္ ဗုံးႀကဲတိုက္ခိုက္ ခံရေၾကာင္း ေဒသတြင္းသတင္းရင္းျမစ္မ်ားက ေျပာသည္။

ယေန႔ (ၾသဂုတ္၁ရက္) မြန္းလြဲ ၂နာရီ၁၅မိနစ္ခန္႔က စစ္ကိုင္းၿမိဳ႕ရွိ အေထြေထြ အုပ္ခ်ဳပ္ေရးဦး စီးဌာန႐ုံးႏွင့္ စည္ပင္သာယာ႐ုံးမ်ားအား ဒ႐ုန္းျဖင့္ ဗုံးႀကဲတိုက္ခိုက္ခံရျခင္းျဖစ္ၿပီး ေထြအုပ္႐ုံးဝင္း ဂိုေထာင္၌ ရပ္ထားေသာ ကား ၂ စီး မီးေလာင္သြားေၾကာင္း စစ္ကိုင္းၿမိဳ႕နယ္သတင္းမွန္ျပန္ၾကား ေရးက အသိေပးသည္။

စစ္ကိုင္းေထြအုပ္႐ုံးႏွင့္စည္ပင္႐ုံးသည္ မ်က္ႏွာခ်င္းဆိုင္အေနအထားျဖင့္ တည္ရွိသည္။” ႐ုံးေပၚကိုက်ခဲ့ကာ တစ္ဆင့္ ဂိုေထာင္ဘက္က်ၿပီးေပါက္ကြဲ မီးေလာင္ခဲ့တာလို႔ သိရပါတယ္။ မီးမ်ားတယ္လို႔သိရပါတယ္။ စည္ပင္႐ုံးဝင္းထိခိုက္မႈနည္းတယ္လို႔ ကနဦးသတင္းရရွိပါတယ္။”ဟု စစ္ကိုင္းၿမိဳ႕နယ္ သတင္းမွန္ျပန္ၾကားေရးက ေရးသားထားသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ မည္သည့္အဖြဲ႕က လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္ကို လက္တေလာ မသိရေသးေပ။”အသံကေတာ္ေတာ္က်ယ္တယ္။ ၿမိဳ႕ထဲကေနေကာင္းေကာင္းၾကားလိုက္ရတယ္။”ဟု စစ္ကိုင္းၿမိဳ႕ခံတစ္ဦးက ေျပာသည္။

ေထြအုပ္႐ုံးႏွင့္ စည္ပင္႐ုံးအား People’s Dictatorship Revolutionary Force-PDRFအဖြဲ႕ ႏွင့္အတူ မဟာမိတ္ Doung Ni Defence Force (DNDF-Wetlet)အဖြဲ႕တို႔ ကပူးေပါင္းတိုက္ခဲ့သည္ဟု PDRF (SGG-UG) အဖြဲ႕က ယ​ေန႔ထုတ္ျပန္ထားသည္။ အၾကမ္းဖက္စစ္သားေလးဦးခန္႔ေသဆုံးသည္ဟု PDRF (SGG-UG)အဖြဲ႕ကဆိုၿပီး ထပ္မံအတည္ျပဳႏိုင္ျခင္းမရွိေသးပါ။

စစ္ကိုင္းၿမိဳ႕တြင္ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းက ၿမိဳ႕ခံဓါတ္ပုံဆရာတစ္ဦးအား အၾကမ္းဖက္ စစ္ေကာင္စီတပ္က ဖမ္းဆီးသတ္ျဖတ္ခဲ့ၿပီး အေလာင္းအား လမ္းေဘးတြင္စြန္႔ပစ္ခဲ့ေသးသည္။

(တိုက္ခိုက္ခံရမႈေၾကာင့္ စစ္ေကာင္စီ၏ ယာဥ္ ၂ႏွစ္စီး မီးေလာင္ထားသည္ကို စစ္​ေကာင္စီ၏ ဝါဒျဖန္႔FIFTY TWO တယ္လီဂရန္ခ်န္နယ္တြင္ ေဖာ္ျပထားစဥ္)

စစ်ကိုင်းထွေအုပ်ရုံးနှင့် စည်ပင်ရုံး ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရပြီး ကားနှစ်စီး မီးလောင်ပျက်စီး

●PDRF နှင့် DNDF (ဝက်လက်)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်သား၄ဦးခန့်သေဟုPDFထုတ်ပြန်

-အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် စည်ပင်သာယာရုံးအတွင်း ယနေ့မွန်းလွဲပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် ခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (သြဂုတ်၁ရက်) မွန်းလွဲ ၂နာရီ၁၅မိနစ်ခန့်က စစ်ကိုင်းမြို့ရှိ အထွေထွေ အုပ်ချုပ်ရေးဦး စီးဌာနရုံးနှင့် စည်ပင်သာယာရုံးများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ထွေအုပ်ရုံးဝင်း ဂိုထောင်၌ ရပ်ထားသော ကား ၂ စီး မီးလောင်သွားကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြား ရေးက အသိပေးသည်။

စစ်ကိုင်းထွေအုပ်ရုံးနှင့်စည်ပင်ရုံးသည် မျက်နှာချင်းဆိုင်အနေအထားဖြင့် တည်ရှိသည်။” ရုံးပေါ်ကိုကျခဲ့ကာ တစ်ဆင့် ဂိုထောင်ဘက်ကျပြီးပေါက်ကွဲ မီးလောင်ခဲ့တာလို့ သိရပါတယ်။ မီးများတယ်လို့သိရပါတယ်။ စည်ပင်ရုံးဝင်းထိခိုက်မှုနည်းတယ်လို့ ကနဦးသတင်းရရှိပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ရေးသားထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို လက်တလော မသိရသေးပေ။”အသံကတော်တော်ကျယ်တယ်။ မြို့ထဲကနေကောင်းကောင်းကြားလိုက်ရတယ်။”ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။

ထွေအုပ်ရုံးနှင့် စည်ပင်ရုံးအား People’s Dictatorship Revolutionary Force-PDRFအဖွဲ့ နှင့်အတူ မဟာမိတ် Doung Ni Defence Force (DNDF-Wetlet)အဖွဲ့တို့ ကပူးပေါင်းတိုက်ခဲ့သည်ဟု PDRF (SGG-UG) အဖွဲ့က ယနေ့ထုတ်ပြန်ထားသည်။ အကြမ်းဖက်စစ်သားလေးဦးခန့်သေဆုံးသည်ဟု PDRF (SGG-UG)အဖွဲ့ကဆိုပြီး ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပါ။

စစ်ကိုင်းမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြို့ခံဓါတ်ပုံဆရာတစ်ဦးအား အကြမ်းဖက် စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အလောင်းအား လမ်းဘေးတွင်စွန့်ပစ်ခဲ့သေးသည်။

(တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ၏ ယာဉ် ၂နှစ်စီး မီးလောင်ထားသည်ကို စစ်ကောင်စီ၏ ဝါဒဖြန့်FIFTY TWO တယ်လီဂရန်ချန်နယ်တွင် ဖော်ပြထားစဉ်)