Local News

႐ုံးဖြင့္ရန္လာသည့္ ရာအိမ္မႉး

႐ုံးဖြင့္ရန္လာသည့္ ရာအိမ္မႉး

ေတာင္ဒဂုံၿမိဳ႕နယ္ ၂၅ ရပ္ကြက္မွာ ဒီကေန႔ ညေနပိုင္းက ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈး႐ုံးဖြင့္ဖို႔လာတဲ့ ရာအိမ္မႈးတဦး ေသနတ္နဲ႔ ပစ္ခတ္ခံခဲ့ရတယ္လို႔ ရပ္ကြက္ေနသူေတြက ေျပာပါတယ္။

ေတာင္ဒဂုံၿမိဳ႕နယ္ ၂၅ ရပ္ကြက္ ဇီဇဝါလမ္းနဲ႔ဇီဇဝါ ၂ လမ္းေထာင့္မွာ ရာအိမ္မႉး ဦးေက်ာ္ေက်ာ္ႏိုင္ကို ပစ္ခတ္ခဲ့တာလို႔ ရပ္ကြက္ေနသူတဦးက ဒီဗြီဘီကို ေျပာပါတယ္။

“ေသနတ္သံေလးခ်က္ေလာက္ ၾကားရတယ္၊ သူက ေဘးတြဲဆိုင္ကားေမာင္းလာတာ၊ ဇီဇဝါ ၂ လမ္းမွာ အပစ္ခံရတာ၊ အခုေတာ့ ရဲေတြေရာ စစ္တပ္ေရာ ေရာက္ေနၿပီ။”

ေဘးတြဲဆိုင္ကယ္ ေမာင္းႏွင္လာတဲ့ ရာအိမ္မႉးျဖစ္သူကို ဆိုင္ကယ္စီးလာသူ အမည္မသိအမ်ိဳးသားႏွစ္ဦးက အေနာက္ကေန ပစ္ခတ္ခဲ့တာလို႔ အုပ္ခ်ဳပ္ေရးနဲ႔ နီးစပ္သူတဦးက DVB ကို ေျပာပါတယ္။

“ေသနတ္နဲ႔ ေလးခ်က္ပစ္တာ ႏွစ္ခ်က္ထိတယ္။ ရင္ဘတ္ေတြခ်ည္းပဲ စိုးရိမ္ရတယ္၊ အခုေဆး႐ုံမွာ” လို႔ ေျပာပါတယ္။

လက္တေလာမွာ ေတာင္ဒဂုံၿမိဳ႕နယ္ ၂၅ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႈး႐ုံးနဲ႔ ဇီဇဝါလမ္းဆုံမွာ စစ္သား နဲ႔ ရဲေတြက လမ္းသြားလမ္းလာေတြကို စစ္ေဆးမႈေတြ လုပ္ေနတယ္လို႔ ရပ္ကြက္ေနသူေတြက ေျပာပါတယ္။

မေန႔ကလည္း ေတာင္ဒဂုံၿမိဳ႕နယ္ ၁၇ ရပ္ကြက္ နတ္စင္မွတ္တိုင္မွာ ဗုံးေပါက္ကြဲမႈျဖစ္ခဲ့ရာ YBS ကားေစာင့္ေနသူခရီးသည္ေလးဦး ထိခိုက္ဒဏ္ရာရရွိခဲ့ပါေသးတယ္။

ၿပီးခဲ့တဲ့ ေမလ ၆ ရက္ကလည္း ေတာင္ဒဂုံၿမိဳ႕နယ္ ၂၅ ရပ္ကြက္မွာ သတင္းေပးဒလန္လို႔ နာမည္ႀကီးေနသူ သန႔္ဇင္ဦး ဆိုသူနဲ႔ တပည့္ျဖစ္သူ ေသနတ္နဲ႔ ပစ္ခတ္ခံခဲ့ရပါေသးတယ္။

ရုံးဖွင့်ရန်လာသည့် ရာအိမ်မှူး

တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက်မှာ ဒီကနေ့ ညနေပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးဖွင့်ဖို့လာတဲ့ ရာအိမ်မှုးတဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက် ဇီဇဝါလမ်းနဲ့ဇီဇဝါ ၂ လမ်းထောင့်မှာ ရာအိမ်မှူး ဦးကျော်ကျော်နိုင်ကို ပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သေနတ်သံလေးချက်လောက် ကြားရတယ်၊ သူက ဘေးတွဲဆိုင်ကားမောင်းလာတာ၊ ဇီဇဝါ ၂ လမ်းမှာ အပစ်ခံရတာ၊ အခုတော့ ရဲတွေရော စစ်တပ်ရော ရောက်နေပြီ။”

ဘေးတွဲဆိုင်ကယ် မောင်းနှင်လာတဲ့ ရာအိမ်မှူးဖြစ်သူကို ဆိုင်ကယ်စီးလာသူ အမည်မသိအမျိုးသားနှစ်ဦးက အနောက်ကနေ ပစ်ခတ်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“သေနတ်နဲ့ လေးချက်ပစ်တာ နှစ်ချက်ထိတယ်။ ရင်ဘတ်တွေချည်းပဲ စိုးရိမ်ရတယ်၊ အခုဆေးရုံမှာ” လို့ ပြောပါတယ်။

လက်တလောမှာ တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးနဲ့ ဇီဇဝါလမ်းဆုံမှာ စစ်သား နဲ့ ရဲတွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

မနေ့ကလည်း တောင်ဒဂုံမြို့နယ် ၁၇ ရပ်ကွက် နတ်စင်မှတ်တိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ YBS ကားစောင့်နေသူခရီးသည်လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ မေလ ၆ ရက်ကလည်း တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက်မှာ သတင်းပေးဒလန်လို့ နာမည်ကြီးနေသူ သန့်ဇင်ဦး ဆိုသူနဲ့ တပည့်ဖြစ်သူ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါသေးတယ်။