Local News



2.8.2022












မြင်းမူလက်ရှိအခြေအနေ ကတော့ စိတ်မကောင်းစရာပါ

2.8.2022

မြင်းမူလက်ရှိအခြေအနေ ကတော့ စိတ်မကောင်းစရာပါ စာသင်နေတဲ့ ကလေးလေး ၆၀လောက်လဲ မနေ့နဲ့က ပိတ်မိနေရှာတာ အခုထိပဲ။

ကလေးတွေအများဆုံးက KG တန်းတွေ ဘယ်လိုများ နေကြရှာမလဲ မသိဘူး။

ရွာသူ ရွာသားတွေလဲ ၁၀၀ လောက် ဖမ်းထားတယ် ခွေးတွေလက်ထဲမှာ အချိန်မရွေးတစ်ခုခုလုပ်ပစ်နိုင်ပါတယ်။

သူတို့သတ်ထားတာ အလောင်းက ၅ လောင်းလို့သိရတယ် အဲဒါပြည်သူတွေပါ PDF တွေတစ်ယောက်မှအထိအခိုက်မရှိပါဘူး။

မနေ့က ကွမ်းခြံထဲမှာလဲ လေယဉ်နဲ့ပစ်တော့ အလုပ်လုပ်နေတဲ့ ပြည်သူတစ်ယောက် ဗိုက်မှန်ပီး နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။ မိန်းကလေးတစ်ဦးကတော့ ကျည်ထိထားတာ အခြေအနေ အတိအကျ မသိရသေးဘူး။

ဒီမနက်မှာတော့ ကွမ်းခြံသမားတွေရဲ့ တဲတွေကို PDF စခန်းတွေထင်ပီး မီးလိုက်ရှို့နေတယ်လို့ သိရပါတယ်။အဲဘက်က တစ်ရွာလုံးကွမ်းစိုက်ကြတော့ ကွမ်းခြံတိုင်းတဲတွေရှိကြပါတယ်။

အကြောင်းမဲ့ ဝင်ပစ်ပီး ကား ၅စီးနဲ့ ဆိုင်ကယ် အစီး ၃၀ ကျော်လဲခွေးတွေက သိမ်းဆီးထားကြောင်းသိရပါတယ်။

မြင်းမူအရှေ့ခြမ်း ညောင်ပင်ဝန်းဘက်ကနေ သစ္စာဦး express ကား၂စီးနဲ့လာပီး လမ်းလျှောက်ဝင်တယ်လို့ သတင်းရထားပါတယ်။
မြောင်နယ်ပေါ်ကိုလည်း လေယဉ်နဲ့ မကြာမကြာလိုက်ပတ်နေတာ ၃ခေါက်ရှိပါပီ။

ကလေးတွေနဲ့ ပြည်သူတွေအမြန်လွတ်မြောက်ကြပါစေ။

credit:Ko Nway Oo – Myaung

#မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး