Local News

မူဆယ္တြင္ စစ္ေကာင္စီလက္ေအာက္ခံ ျပည္သူ႔စစ္ ၂ ဦး ထပ္မံပ-စ္ခ-တ္ခံရ

မူဆယ္တြင္ စစ္ေကာင္စီလက္ေအာက္ခံ ျပည္သူ႔စစ္ ၂ ဦး ထပ္မံပစ္ခတ္ခံရ

မဲေခါင္၊ ၾသဂုတ္ ၂

ရွမ္းျပည္နယ္ ေတာင္ပိုင္းဂမူဆယ္ၿမိဳ႕ အမွတ္(၁) ေစ်းမီးပြိဳင့္အနီးတြင္ ယေန႔ ၾသဂုတ္ ၂ ရက္၊ ေန႔လည္ပိုင္းက စစ္ေကာင္စီ လက္ေအာက္ခံ ျပည္သူ႔စစ္ ၂ ဦး ထပ္မံပစ္ခတ္ခံရေၾကာင္း သိရသည္။

ေစ်းမီးပြိဳင့္အနီး ေမာ္ေတာ္ကားျဖင့္လာေသာ ျပည္သူ႔စစ္ ၂ ဦးကို ဆိုင္ကယ္စီးနင္းလာေသာ အမည္မသိ လူ ၆ ဦးက ေသနတ္ျဖင့္ ပစ္ခတ္သြားေၾကာင္း ေဒသခံသတင္းရင္းျမစ္က ေျပာသည္။

“မီးပြိဳင့္နားမွာ ပစ္ခံရတာ။ သူတို႔(ျပည္သူ႔စစ္ ၂ဦး) ကားရပ္ေနတဲ့အခ်ိန္ ပစ္ခတ္သြားတာ” ဟု ၎က ေျပာသည္။

အဆိုပါ ပစ္ခတ္ခံရေသာ ျပည္သူ႔စစ္ ၂ ဦးသည္ လည္ေခ်ာင္းႏွင့္ ပါးစပ္ ထိခိုက္ ဒဏ္ရာ ရရွိခဲ့ၿပီး ေဆး႐ုံသို႔ ေခၚေဆာင္သြားေၾကာင္း မ်က္ျမင္ေဒသခံတစ္ဦးက ေျပာသည္။

“ႏွစ္ေယာက္လုံး ဒဏ္ရာေတာ့ ရသြားတယ္။ ေသတာေတာ့ မေသသြားဘူး။ ေဆး႐ုံကို သြားလိုက္ၿပီ” ဟု ၎က ေျပာသည္။

ယမန္ေန႔ ၾသဂုတ္လ ၁ ရက္ကလည္း ၎မီးပြိဳင့္အနီးတြင္ ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေသာေၾကာင့္ အမ်ိဳးသမီး ၁ ဦးေသဆုံးခဲ့ၿပီး စစ္ေကာင္စီလက္ေအာက္ခံ ယာဥ္ထိန္းရဲႏွင့္ ျပည္သူစစ္မ်ား ထိခိုက္ဒဏ္ရာရရွိခဲ့ေသးသည္။

ထို႔အတူ မူဆယ္ၿမိဳ႕ ဟိုမြန္ရပ္ကြက္၊ သိန္းသန္းခ်ီမီးပြိဳင့္၊ အ.ထ.က(၂)‌‌ ေက်ာင္းအနီးဝန္းက်င္ႏွင့္ မူဆယ္ၿမိဳ႕မရဲစခန္းေရွ႕၊ ေကာင္းမႈတုံရပ္ကြက္၊ ဖူလီလိုက္လမ္းဆုံႏွင့္ TOP ONE KTV ဆိုင္အနီး အပါအဝင္ စြမ္ေစာ္ရပ္ကြက္၊ စြမ္ေစာ္(၆)လမ္းတို႔တြင္ ယမန္ေန႔က ေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

MeKongNews

မူဆယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၂ ဦး ထပ်မံပစ်ခတ်ခံရ

မဲခေါင်၊ သြဂုတ် ၂

ရှမ်းပြည်နယ် တောင်ပိုင်းဂမူဆယ်မြို့ အမှတ်(၁) ဈေးမီးပွိုင့်အနီးတွင် ယနေ့ သြဂုတ် ၂ ရက်၊ နေ့လည်ပိုင်းက စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် ၂ ဦး ထပ်မံပစ်ခတ်ခံရကြောင်း သိရသည်။

ဈေးမီးပွိုင့်အနီး မော်တော်ကားဖြင့်လာသော ပြည်သူ့စစ် ၂ ဦးကို ဆိုင်ကယ်စီးနင်းလာသော အမည်မသိ လူ ၆ ဦးက သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

“မီးပွိုင့်နားမှာ ပစ်ခံရတာ။ သူတို့(ပြည်သူ့စစ် ၂ဦး) ကားရပ်နေတဲ့အချိန် ပစ်ခတ်သွားတာ” ဟု ၎င်းက ပြောသည်။

အဆိုပါ ပစ်ခတ်ခံရသော ပြည်သူ့စစ် ၂ ဦးသည် လည်ချောင်းနှင့် ပါးစပ် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

“နှစ်ယောက်လုံး ဒဏ်ရာတော့ ရသွားတယ်။ သေတာတော့ မသေသွားဘူး။ ဆေးရုံကို သွားလိုက်ပြီ” ဟု ၎င်းက ပြောသည်။

ယမန်နေ့ သြဂုတ်လ ၁ ရက်ကလည်း ၎င်းမီးပွိုင့်အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲနှင့် ပြည်သူစစ်များ ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ထို့အတူ မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီမီးပွိုင့်၊ အ.ထ.က(၂)‌‌ ကျောင်းအနီးဝန်းကျင်နှင့် မူဆယ်မြို့မရဲစခန်းရှေ့၊ ကောင်းမှုတုံရပ်ကွက်၊ ဖူလီလိုက်လမ်းဆုံနှင့် TOP ONE KTV ဆိုင်အနီး အပါအဝင် စွမ်စော်ရပ်ကွက်၊ စွမ်စော်(၆)လမ်းတို့တွင် ယမန်နေ့က ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

MeKongNews