နယ္ေျမသတင္းစုံစမ္းဖို႔လာတဲ့ ရဲေမ ၁ ဦး အသ-တ္ခံရၿပီး ရဲ ၁ ဦးနဲ႔အတူ အရပ္သား ၁ ဦး ေပ်ာက္ဆုံးေန
ၾသဂုတ္ ၊ ၂ ၊ ၂၀၂၂
SP(VOM)
မေကြးတိုင္း ၊ ဂန္႔ေဂါခ႐ိုင္ ၊ ဂန္႔ေဂါၿမိဳ႕ ၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွာ တာဝန္ထမ္းေဆာင္ေနရင္း ၿပီးခဲ့တဲ့ ဇူလိုင္ ၃၁ ရက္က ေပ်ာက္ဆုံးသြားတဲ့ ရဲ ၂ ဦးအနက္ ၊ ၁ ဦးမွာ အသတ္ခံရၿပီး က်န္ ၁ ဦးမွာ အမည္မသိ လက္နက္ကိုင္ အဖြဲ႕ေတြက ဖမ္းဆီးထားတာျဖစ္တယ္လို႔ ဂန္႔ေဂါၿမိဳ႕ခံေတြဆီက သိရပါတယ္။
” လကုန္ရက္က ေပ်ာက္သြားတဲ့ ရဲ ၂ ဦးက ရဲေမ မခိုင္ဇာျခည္လြင္ ဆိုသူနဲ႔ ရဲတပ္သား ၿဖိဳးသက္ေက်ာ္ တို႔ျဖစ္တယ္ ၊ အဲ့ဒီ ၂ ဦးထဲက ရဲေမ မခိုင္ဇာျခည္လြင္ က ေသနတ္နဲ႔ ပစ္သတ္ခံထားရတယ္ ၊ ရဲတပ္သား ၿဖိဳးသက္ေက်ာ္နဲ႔ သူ႔ရဲ႕ညီျဖစ္သူ ႏိုင္ဝင္းထြန္း တို႔ ၂ ေယာက္ကိုေတာ့ အမည္မသိ လက္နက္ကိုင္ အဖြဲ႕က ဖမ္းဆီး ေခၚေဆာင္သြားတာလို႔ သိရတယ္ ၊
အခုထိေတာ့ အဲ့ဒီ ေပ်ာက္ဆုံးရဲတပ္သားနဲ႔ အဆက္သြယ္ မရေသးဘူး “လို႔ ရဲတပ္သား ၿဖိဳးသက္ေက်ာ္ရဲ႕ အသိုင္းအဝိုင္းက ေျပာပါတယ္။
ၿပီးခဲ့တဲ့ ဇူလိုင္လ ၃၁ ရက္ေန႔က ဂန္႔ေဂါ ရဲစခန္းက ရဲေမ မခိုင္ဇာျခည္လြင္နဲ႔ ရဲတပ္သား ၿဖိဳးသက္ေက်ာ္ ဆိုသူအျပင္ သူ႔ရဲ႕ညီျဖစ္သူ ေမာင္ႏိုင္ဝင္းထြန္း တို႔ ၃ ဦးဟာ ဆိုင္ကယ္နဲ႔ နယ္ေျမသတင္းစုံစမ္းေနခ်ိန္ အမည္မသိ လက္နက္ကိုင္ အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားတာျဖစ္တယ္လို႔ သိရပါတယ္။
အဲ့ဒီေနာက္ သူတို႔ ၃ ဦး အဖမ္းခံရတဲ့အခ်ိန္မွာ ရဲေမ မခိုင္ဇာျခည္လြင္ ဆိုသူက ဆိုင္ကယ္စီးၿပီး ထြက္ေျပးခ်ိန္ ေသနတ္နဲ႔ ပစ္ခံရတဲ့အတြက္ ေသဆုံးသြားတာ ျဖစ္တယ္လို႔ ေဒသခံေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။
ဂန္႔ေဂါခ႐ိုင္ လုံၿခဳံေရးအဖြဲ႕က အဲ့ဒီ ေပ်ာက္ဆုံးေနတဲ့ ရဲတေယာက္ကို အျမန္ဆုံး ျပန္လည္ကယ္ဆယ္ေပးႏိုင္ဖို႔အတြက္ နယ္ေျမရွင္းလင္းေရး စစ္ေၾကာင္းအဖြဲ႕ေတြ လႊတ္ထားၿပီျဖစ္တယ္လို႔ ဂန္႔ေဂါ ရဲအသိုင္းအဝိုင္းရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။
voiceofmyanmar
နယ်မြေသတင်းစုံစမ်းဖို့လာတဲ့ ရဲမေ ၁ ဦး အသ-တ်ခံရပြီး ရဲ ၁ ဦးနဲ့အတူ အရပ်သား ၁ ဦး ပျောက်ဆုံးနေ
သြဂုတ် ၊ ၂ ၊ ၂၀၂၂
SP(VOM)
မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့ ၊ မြို့နယ်ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေရင်း ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်က ပျောက်ဆုံးသွားတဲ့ ရဲ ၂ ဦးအနက် ၊ ၁ ဦးမှာ အသတ်ခံရပြီး ကျန် ၁ ဦးမှာ အမည်မသိ လက်နက်ကိုင် အဖွဲ့တွေက ဖမ်းဆီးထားတာဖြစ်တယ်လို့ ဂန့်ဂေါမြို့ခံတွေဆီက သိရပါတယ်။
” လကုန်ရက်က ပျောက်သွားတဲ့ ရဲ ၂ ဦးက ရဲမေ မခိုင်ဇာခြည်လွင် ဆိုသူနဲ့ ရဲတပ်သား ဖြိုးသက်ကျော် တို့ဖြစ်တယ် ၊ အဲ့ဒီ ၂ ဦးထဲက ရဲမေ မခိုင်ဇာခြည်လွင် က သေနတ်နဲ့ ပစ်သတ်ခံထားရတယ် ၊ ရဲတပ်သား ဖြိုးသက်ကျော်နဲ့ သူ့ရဲ့ညီဖြစ်သူ နိုင်ဝင်းထွန်း တို့ ၂ ယောက်ကိုတော့ အမည်မသိ လက်နက်ကိုင် အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ သိရတယ် ၊
အခုထိတော့ အဲ့ဒီ ပျောက်ဆုံးရဲတပ်သားနဲ့ အဆက်သွယ် မရသေးဘူး “လို့ ရဲတပ်သား ဖြိုးသက်ကျော်ရဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က ဂန့်ဂေါ ရဲစခန်းက ရဲမေ မခိုင်ဇာခြည်လွင်နဲ့ ရဲတပ်သား ဖြိုးသက်ကျော် ဆိုသူအပြင် သူ့ရဲ့ညီဖြစ်သူ မောင်နိုင်ဝင်းထွန်း တို့ ၃ ဦးဟာ ဆိုင်ကယ်နဲ့ နယ်မြေသတင်းစုံစမ်းနေချိန် အမည်မသိ လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် သူတို့ ၃ ဦး အဖမ်းခံရတဲ့အချိန်မှာ ရဲမေ မခိုင်ဇာခြည်လွင် ဆိုသူက ဆိုင်ကယ်စီးပြီး ထွက်ပြေးချိန် သေနတ်နဲ့ ပစ်ခံရတဲ့အတွက် သေဆုံးသွားတာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဂန့်ဂေါခရိုင် လုံခြုံရေးအဖွဲ့က အဲ့ဒီ ပျောက်ဆုံးနေတဲ့ ရဲတယောက်ကို အမြန်ဆုံး ပြန်လည်ကယ်ဆယ်ပေးနိုင်ဖို့အတွက် နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေ လွှတ်ထားပြီဖြစ်တယ်လို့ ဂန့်ဂေါ ရဲအသိုင်းအဝိုင်းရဲ့ ပြောပြချက်အရ သိရပါတယ်။
voiceofmyanmar