Local News


မုံရွာ၊ သြဂုတ် (၂)

လူငယ်ခေတ်






Lungekhit

မန္တလေး – မုံရွာလမ်းမ ပေါ်မှာ စစ်သား(၃၀)ကျော်ပါတဲ့ Mini Bus ကို မိုင်းဆွဲတိုက်ခိုက် (ရုပ်သံ)

မုံရွာ၊ သြဂုတ် (၂)

လူငယ်ခေတ်

မန္တလေး – မုံရွာလမ်းမကြီးအတိုင်း စစ်ကိုင်းကနေ မုံရွာကိုထွက်လာတဲ့ စစ်သား(၃၀)ကျော်ပါတဲ့ Mini Bus ကို ဒီနေ့ မနက် ၁၀နာရီခွဲက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြောင်မြို့နယ် တော်လှန်ရေးတပ် – Myaung Revolution Army က သိရပါတယ်။

“အများအပြားထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ် ။ အသေစာရင်းတော့မသိရသေးဘူး။ ကားပေါက်ကွဲတဲ့နေရာကနေ မီတာ ၃၀၀ လောက်မှာ ကားရပ်တန့်သွားတယ်”လို့ MRA တပ်ဖွဲ့ဝင်တစ်ယောက်က လူငယ့်ခေတ်ကိုပြောပါတယ်။

မုံရွာ-မန္တလေး အဝေးပြေး လမ်းမကြီး၊ ရေပိုးစားကန်နဲ့ နတ်ရေကန်ကြားအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းဆွဲ တိုက်ခိုက်မှု အပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲတွေရောက်လာပြီး ဒဏ်ရာရသူတွေကိုတော့ ဆေးရုံပိုလိုက်တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၃၀ရက်နေ့ မနက်ပိုင်းကလည်း စစ်ကိုင်းမြို့နယ်အမှတ်(၃) ရဲသင်တန်းကျောင်းကနေ မုံရွာမြို့ကို မောင်းနှင်လာတဲ့ ရဲသင်တန်းဆင်း(၆၀) လောက်ပါတဲ့ကားကို မြောင်မြို့နယ် တော်လှန်ရေးတပ်က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါသေးတယ်။