Local News

မိုင္းဖုန္းဆရာေတာ္သြားဖူးမည့္လမ္း စစ္ေကာင္စီတို႔ စစ္ေဆးမႈၾကမ္းေန

မိုင္းဖုန္းဆရာေတာ္သြားဖူးမည့္လမ္း စစ္ေကာင္စီ ႏွင့္ ျပည္သူ႔စစ္တို႔ စစ္ေဆးမႈၾကမ္းေန

သွ်မ္းသံေတာ္ဆင့္ ၊ ဩဂုတ္ ၂

သွ်မ္းျပည္အေရွ႕ပိုင္း မိုင္းဆတ္ၿမိဳ႕နယ္ မိုင္းက်က္ဂူ မိုင္းဖုန္းဆရာေတာ္သြားဖူးမည့္လမ္းေၾကာတေလ်ာက္ စစ္ေကာင္စီ ႏွင့္ ျပည္သူ႔စစ္တို႔ စစ္ေဆးမႈရွိေနေၾကာင္း စုံစမ္းသိရွိရသည္။

မိုင္းဖုန္းဆရာေတာ္ (၃) ႏွစ္ (၃) လ (၃) ရက္ အဓိဌာန္ေအာင္ၿပီး ယမန္ေန႔ (ၾသဂုတ္ ၁)ရက္ မနက္ပိုင္း ၁၁နာရီတြင္ မိုင္းက်က္ဂူမွ ထြက္လာၿပီး၊ ေထာင္ခ်ီျပည္သူမ်ားက မိုင္းဖုန္းဆရာေတာ္ကို သြားရာက္ဖူးေျမာ္ရန္ အတြက္ မိုင္းက်က္ဂူသို႔ သြားၾကသည္။

မိုင္းက်က္ဂူ အဝင္ ျဖစ္သည့္ နားယိုင္းေက်း႐ြာ၊ နားေခၚေက်း႐ြာတို႔တြင္ စစ္ေကာင္စီတပ္ဖြဲ႕တို႔က စစ္ေဆးေနေၾကာင္း သိရသည္။

“သူတို႔ မိုင္းက်က္အဝင္ဘက္က ႐ြာေတြမွာ စစ္ေဆးေနတာ။ နားယိုင္းေက်း႐ြာေတြဘက္မွာစစ္ေဆးေနတာ။ ဘယ္ကလာလဲ။

ဘယ္သူေတြပါလဲ။ ဘယ္ႏွစ္ေယာက္ပါလဲ။ ဘယ္သြားမလဲေမးၿပီးေတာ့စစ္တာ။ ၿပီးေတာ့ မွတ္ပုံတင္ျပရတယ္။ ကားနံပါတ္ေတြ ဖုန္းနံပါတ္ေတြေကာ ေပးထားရတယ္” ဟု မိုင္းပ်ဥ္းေဒသခံ အမ်ိဳးသားတစ္ဦးက ေျပာသည္။

အဆိုပါ မိုင္းက်က္ဂူသို႔သြားရာတြင္ မိုင္းက်က္ ႏွင့္ မိုင္းပ်ဥ္းၾကားတြင္ စစ္ေကာင္စီ ႏွင့္ ျပည္သူ႔စစ္တို႔ ေဆးစစ္ေနသည့္ ေနရာ (၄) ေနရာရွိသည္။

“ က်ေနာ္တို႔ သွ်မ္းေတာင္ကေန မိုင္းပ်ဥ္းထိက စစ္ေဆးမႈရွိတယ္အရမ္းမစစ္ဘူး။ မိုင္းပ်ဥ္းကေန မိုင္းက်က္ကေတာ့ ေတာ္ေတာ္ေလးစစ္တယ္။ ၄ ေနရာေတာင္စစ္တာ။ ၂ ေနရာကေတာ့ ျပည္သူ႔စစ္အဖြဲ႕ကေနစစ္တာ။

တကယ္တမ္းဆို က်ေနာ္တို႔ အလႉလာလုပ္တာပဲေလေနာ္။ အရမ္းႀကီးစစ္ေဆးဖို႔ မလိုဘူးထင္တယ္ေနာ္။ မလြတ္လပ္သလိုခံစားရတယ္” ဟု မိုင္းက်က္ကိုလာသည့္ သွ်မ္းေတာင္ေဒသခံ အမ်ိဳးသားတစ္ဦးက ေျပာသည္။

ယမန္ေန႔ ဩဂုတ္ ၁ ရက္ေန႔တြင္ မိုင္းဖုန္းဆရာေတာ္သည္ မိုင္းက်က္ဂူမွ ထြက္လာေၾကာင္းသိရသည္။ အလားတူ မိုင္းဖုန္းဆရာေတာ္သည္ မိုင္းက်က္ဂူတြင္ ၅ ရက္ သတင္းသုံးေဆာင္မွာျဖစ္ၿပီး ထိုေနာက္တြင္ တစ္ျခားေနရာသို႔ ႂကြသြားမည္ျဖစ္ေၾကာင္းသိရသည္။

SHANNews

မိုင်းဖုန်းဆရာတော်သွားဖူးမည့်လမ်း စစ်ကောင်စီ နှင့် ပြည်သူ့စစ်တို့ စစ်ဆေးမှုကြမ်းနေ

သျှမ်းသံတော်ဆင့် ၊ ဩဂုတ် ၂

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းကျက်ဂူ မိုင်းဖုန်းဆရာတော်သွားဖူးမည့်လမ်းကြောတလျောက် စစ်ကောင်စီ နှင့် ပြည်သူ့စစ်တို့ စစ်ဆေးမှုရှိနေကြောင်း စုံစမ်းသိရှိရသည်။

မိုင်းဖုန်းဆရာတော် (၃) နှစ် (၃) လ (၃) ရက် အဓိဌာန်အောင်ပြီး ယမန်နေ့ (သြဂုတ် ၁)ရက် မနက်ပိုင်း ၁၁နာရီတွင် မိုင်းကျက်ဂူမှ ထွက်လာပြီး၊ ထောင်ချီပြည်သူများက မိုင်းဖုန်းဆရာတော်ကို သွားရာက်ဖူးမြော်ရန် အတွက် မိုင်းကျက်ဂူသို့ သွားကြသည်။

မိုင်းကျက်ဂူ အဝင် ဖြစ်သည့် နားယိုင်းကျေးရွာ၊ နားခေါ်ကျေးရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့တို့က စစ်ဆေးနေကြောင်း သိရသည်။

“သူတို့ မိုင်းကျက်အဝင်ဘက်က ရွာတွေမှာ စစ်ဆေးနေတာ။ နားယိုင်းကျေးရွာတွေဘက်မှာစစ်ဆေးနေတာ။ ဘယ်ကလာလဲ။

ဘယ်သူတွေပါလဲ။ ဘယ်နှစ်ယောက်ပါလဲ။ ဘယ်သွားမလဲမေးပြီးတော့စစ်တာ။ ပြီးတော့ မှတ်ပုံတင်ပြရတယ်။ ကားနံပါတ်တွေ ဖုန်းနံပါတ်တွေကော ပေးထားရတယ်” ဟု မိုင်းပျဉ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းကျက်ဂူသို့သွားရာတွင် မိုင်းကျက် နှင့် မိုင်းပျဉ်းကြားတွင် စစ်ကောင်စီ နှင့် ပြည်သူ့စစ်တို့ ဆေးစစ်နေသည့် နေရာ (၄) နေရာရှိသည်။

“ ကျနော်တို့ သျှမ်းတောင်ကနေ မိုင်းပျဉ်းထိက စစ်ဆေးမှုရှိတယ်အရမ်းမစစ်ဘူး။ မိုင်းပျဉ်းကနေ မိုင်းကျက်ကတော့ တော်တော်လေးစစ်တယ်။ ၄ နေရာတောင်စစ်တာ။ ၂ နေရာကတော့ ပြည်သူ့စစ်အဖွဲ့ကနေစစ်တာ။

တကယ်တမ်းဆို ကျနော်တို့ အလှူလာလုပ်တာပဲလေနော်။ အရမ်းကြီးစစ်ဆေးဖို့ မလိုဘူးထင်တယ်နော်။ မလွတ်လပ်သလိုခံစားရတယ်” ဟု မိုင်းကျက်ကိုလာသည့် သျှမ်းတောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယမန်နေ့ ဩဂုတ် ၁ ရက်နေ့တွင် မိုင်းဖုန်းဆရာတော်သည် မိုင်းကျက်ဂူမှ ထွက်လာကြောင်းသိရသည်။ အလားတူ မိုင်းဖုန်းဆရာတော်သည် မိုင်းကျက်ဂူတွင် ၅ ရက် သတင်းသုံးဆောင်မှာဖြစ်ပြီး ထိုနောက်တွင် တစ်ခြားနေရာသို့ ကြွသွားမည်ဖြစ်ကြောင်းသိရသည်။

SHANNews