Local News

မောင်တောမြောင်ပိုင်းရှိ အကြမ်းဖက်စစ်တပ်စခန်းတစ်ခုကို အေအေတိုက်ခိုက်သိမ်းပိုက်

မောင်တောမြောင်ပိုင်းရှိ အကြမ်းဖက်စစ်တပ်စခန်းတစ်ခုကို အေအေတိုက်ခိုက်သိမ်းပိုက်

2 Aug 2022 By MPA

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ မိုင်တိုင်အမှတ် ၄၀ အနီးရှိ အကြမ်းဖက်စစ်တပ်၏ နယ်ခြားစောင့်စခန်းတစ်ခုကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ရက္ခိုင်တပ်တော်(AA)က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း သတင်းရရှိသည်။

”မိုင်တိုင် ၄၀ အနီးက နယ်ခြားစောင့်စခန်းကို အေအေကဝင်တိုက်တာပါ။ အဲဒီမှာရှိတဲ့ နယ်ခြားစောင့်တွေကျသွားသလို စခန်းလည်းကျသွားတယ်လို့ကြားပါတယ် ” ဟု တောင်ပြိုလက်ဝဲရှိ ဌာနဆိုင်ရာအရာရှိတစ်ဦးက MPA သို့ပြောသည်။

အဆိုပါစခန်းရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်အရာရှိအပါအဝင် တပ်ဖွဲ့ဝင်အများအပြား သေဆုံးကြောင်း ထိုအရာရှိကဆိုသော်လည်း အရေအတွက်အတိအကျကို MPA က သီးခြားအတည်မပြုနိုင်သေးပေ။

” စက်သေနတ်ပစ်သံ၊ လက်နက်ကြီးပစ်သံတချို့တော့ ကြားလိုက်ရပါတယ်။ အချိန်အကြာကြီးတော့မဟုတ်ပါဘူး။ ဘယ်အဖွဲ့တွေဖြစ်ကြတာလဲတော့ သေချာမသိပါဘူး ” ဟု ဒေသခံတစ်ဦးကMPA သို့ပြောသည်။

ထိုပစ်ခတ်သံများကြားရသည့်နေရာမှာ လက်ပံတောင်ကြော၏ အရှေ့မြောက်ဖက် နယ်စပ်မိုင်တိုင် ၄၀ အနီးအနားဖြစ်ပြီး ထိုအနီးတွင် အကြမ်းဖက်စစ်တပ်၏ နယ်ခြားစောင့်စခန်းတစ်ခုရှိကြောင်း ဒေသခံများက အတည်ပြုပြောကြသည်။

” ပြီးခဲ့တဲ့တိုက်ပွဲဖြစ်ပြီးကတည်းက စစ်တပ်ကတော့ အင်အားတိုးထားပါတယ်။ တချို့စခန်းတောင်ကုန်းတွေပေါ်မှာ လက်နက်ကြီးတွေ တည်ထားတာတွေ့ရပါတယ် ” ဟု မောင်တောဒေသခံတစ်ဦးက MPA သို့ပြောသည်။

ထိုမောင်တောမြောက်ပိုင်းတွင် ပြီးခဲ့သည့်ဇူလိုင်လ ၁၈ ရက်နေ့က ရက္ခိုင့်တပ်တော်(AA)နှင့် အကြမ်းဖက်စစ်တို့ကြား ထိတွေ့တိုက်ပွဲနှစ်နေရာဖြစ်ပွားခဲ့ပြီး အရာရှိတစ်ဦးအပါအဝင် အကြမ်းဖက်တပ်ဖွဲ့ဝင် ၁၄ ဦးကို အေအေဖက်က ဖမ်းဆီးရမိခဲ့သည်။

ထိုထိတွေ့တိုက်ပွဲအတွင်း အရာရှိအပါအဝင် အကြမ်းဖက်တပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံးခဲ့ပြီး နောက်တစ်နေ့ ဇူလိုင်လ ၁၉ ရက်နေ့မှစတင်ပြီး အကြမ်းဖက်စစ်တပ်မှ တပ်မ ၂၂ အပါအဝင် အင်အား၂၀၀ နီးပါး ထပ်တိုးချထားခဲ့သည်။

ထို့အပြင် ရသေ့တောင်မြို့နယ်၊ အငူမော်ဆိပ်ကမ်းမှတဆင့် အကြမ်းဖက်စစ်တပ်၏ ကမ်းထိုးရေယာဥ်နှစ်စီးဖြင့် ဇူလိုင် လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ အကြမ်းဖက်စစ်သား ၃၀၀ ခန့်နှင့် လက်နက်ရိက္ခာများပါ ဖြည့်တင်းထားကြောင်းလည်း မြင်တွေ့ရသူများက ဆိုသည်။

Photo-MPA

ပုံစာ-မောင်တောမြောက်ပိုင်းကြိမ်ချောင်းအကျော်သုံးလမ်းဆုံရှိ နယ်ခြားစောင့်တပ်၏စခန်းတစ်ခု

ေမာင္ေတာေျမာင္ပိုင္းရွိ အၾကမ္းဖက္စစ္တပ္စခန္းတစ္ခုကို ေအေအတိုက္ခိုက္သိမ္းပိုက္

2 Aug 2022 By MPA

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္ေျမာက္ပိုင္း၊ မိုင္တိုင္အမွတ္ ၄၀ အနီးရွိ အၾကမ္းဖက္စစ္တပ္၏ နယ္ျခားေစာင့္စခန္းတစ္ခုကို ယေန႔နံနက္ ၉ နာရီအခ်ိန္ခန္႔က ရကၡိဳင္တပ္ေတာ္(AA)က ဝင္ေရာက္တိုက္ခိုက္ သိမ္းပိုက္လိုက္ေၾကာင္း သတင္းရရွိသည္။

”မိုင္တိုင္ ၄၀ အနီးက နယ္ျခားေစာင့္စခန္းကို ေအေအကဝင္တိုက္တာပါ။ အဲဒီမွာရွိတဲ့ နယ္ျခားေစာင့္ေတြက်သြားသလို စခန္းလည္းက်သြားတယ္လို႔ၾကားပါတယ္ ” ဟု ေတာင္ၿပိဳလက္ဝဲရွိ ဌာနဆိုင္ရာအရာရွိတစ္ဦးက MPA သို႔ေျပာသည္။

အဆိုပါစခန္းရွိ အၾကမ္းဖက္စစ္တပ္လက္ေအာက္ခံ နယ္ျခားေစာင့္အရာရွိအပါအဝင္ တပ္ဖြဲ႕ဝင္အမ်ားအျပား ေသဆုံးေၾကာင္း ထိုအရာရွိကဆိုေသာ္လည္း အေရအတြက္အတိအက်ကို MPA က သီးျခားအတည္မျပဳႏိုင္ေသးေပ။

” စက္ေသနတ္ပစ္သံ၊ လက္နက္ႀကီးပစ္သံတခ်ိဳ႕ေတာ့ ၾကားလိုက္ရပါတယ္။ အခ်ိန္အၾကာႀကီးေတာ့မဟုတ္ပါဘူး။ ဘယ္အဖြဲ႕ေတြျဖစ္ၾကတာလဲေတာ့ ေသခ်ာမသိပါဘူး ” ဟု ေဒသခံတစ္ဦးကMPA သို႔ေျပာသည္။

ထိုပစ္ခတ္သံမ်ားၾကားရသည့္ေနရာမွာ လက္ပံေတာင္ေၾကာ၏ အေရွ႕ေျမာက္ဖက္ နယ္စပ္မိုင္တိုင္ ၄၀ အနီးအနားျဖစ္ၿပီး ထိုအနီးတြင္ အၾကမ္းဖက္စစ္တပ္၏ နယ္ျခားေစာင့္စခန္းတစ္ခုရွိေၾကာင္း ေဒသခံမ်ားက အတည္ျပဳေျပာၾကသည္။

” ၿပီးခဲ့တဲ့တိုက္ပြဲျဖစ္ၿပီးကတည္းက စစ္တပ္ကေတာ့ အင္အားတိုးထားပါတယ္။ တခ်ိဳ႕စခန္းေတာင္ကုန္းေတြေပၚမွာ လက္နက္ႀကီးေတြ တည္ထားတာေတြ႕ရပါတယ္ ” ဟု ေမာင္ေတာေဒသခံတစ္ဦးက MPA သို႔ေျပာသည္။

ထိုေမာင္ေတာေျမာက္ပိုင္းတြင္ ၿပီးခဲ့သည့္ဇူလိုင္လ ၁၈ ရက္ေန႔က ရကၡိဳင့္တပ္ေတာ္(AA)ႏွင့္ အၾကမ္းဖက္စစ္တို႔ၾကား ထိေတြ႕တိုက္ပြဲႏွစ္ေနရာျဖစ္ပြားခဲ့ၿပီး အရာရွိတစ္ဦးအပါအဝင္ အၾကမ္းဖက္တပ္ဖြဲ႕ဝင္ ၁၄ ဦးကို ေအေအဖက္က ဖမ္းဆီးရမိခဲ့သည္။

ထိုထိေတြ႕တိုက္ပြဲအတြင္း အရာရွိအပါအဝင္ အၾကမ္းဖက္တပ္ဖြဲ႕ဝင္ ၂၀ ခန္႔ ေသဆုံးခဲ့ၿပီး ေနာက္တစ္ေန႔ ဇူလိုင္လ ၁၉ ရက္ေန႔မွစတင္ၿပီး အၾကမ္းဖက္စစ္တပ္မွ တပ္မ ၂၂ အပါအဝင္ အင္အား၂၀၀ နီးပါး ထပ္တိုးခ်ထားခဲ့သည္။

ထို႔အျပင္ ရေသ့ေတာင္ၿမိဳ႕နယ္၊ အငူေမာ္ဆိပ္ကမ္းမွတဆင့္ အၾကမ္းဖက္စစ္တပ္၏ ကမ္းထိုးေရယာဥ္ႏွစ္စီးျဖင့္ ဇူလိုင္ လ ၂၇ ရက္ေန႔မွ ၂၉ ရက္ေန႔အထိ အၾကမ္းဖက္စစ္သား ၃၀၀ ခန္႔ႏွင့္ လက္နက္ရိကၡာမ်ားပါ ျဖည့္တင္းထားေၾကာင္းလည္း ျမင္ေတြ႕ရသူမ်ားက ဆိုသည္။

Photo-MPA

ပုံစာ-ေမာင္ေတာေျမာက္ပိုင္းႀကိမ္ေခ်ာင္းအေက်ာ္သုံးလမ္းဆုံရွိ နယ္ျခားေစာင့္တပ္၏စခန္းတစ္ခု