မုံ႐ြာၿမိဳ႕ေပၚ ခိုးဖြင့္ထားတဲ့ စစ္အုပ္စုပိုင္ မိုင္တဲ ႐ုံးကို MPDF က စီးနင္း၊
ဝိုင္ဖိုင္စက္ အလုံး (၁၀၀)ေက်ာ္ အပါအဝင္ ဆိုင္ထဲက ပစၥည္းေတြကို မီးရႈိ႕ဖ်က္ဆီး၊
MFP ၊ ၾသဂုတ္ – ၂
မုံ႐ြာၿမိဳ႕ လယ္တီရပ္ကြက္မွာ ခိုးေၾကာင္ခိုးဝွက္ ဖြင့္လွစ္ထားတဲ့ စစ္အုပ္စုပိုင္ မိုင္တဲ ဆက္သြယ္ေရးပစၥည္း အေရာင္းဆိုင္ကို ဒီေန႔ ဝင္ေရာက္စီးနင္းခဲ့ၿပီး စက္ပစၥည္းေတြကို မီးရႈိ႕ဖ်က္ဆီးခဲ့တယ္လို႔ မုံ႐ြာ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ (MPDF) က သတင္း ထုတ္ျပန္ပါတယ္။
ဒီေန႔ ၾသဂုတ္(၂)ရက္ ေန႔လည္(၂)နာရီက မုံ႐ြာၿမိဳ႕ လယ္တီရပ္ကြက္ထဲ ဖြင့္ထားတဲ့ စစ္အုပ္စုပိုင္ မိုင္တဲ ဆက္သြယ္ေရး စက္ပစၥည္းအေရာင္းဆိုင္ကို စီးနင္းခဲ့တာလို႔ ဆိုပါတယ္။
“လူသိမခံဝံ့စြာ ခိုးဖြင့္ထားေသာ စစ္အုပ္စုပိုင္ မိုင္တဲ႐ုံးကို ဝင္ေရာက္စီးနင္း၍ စစ္အုပ္စုပိုင္ မိုင္တဲ Wifi စက္ အလုံး(၁၀၀)ေက်ာ္၊ Routers စက္ ေလးလုံး၊
လိုင္းျဖတ္စက္ ေလးလုံး၊ Laptop ေလးလုံး၊ လုပ္ငန္းဆိုင္ရာ စာ႐ြက္စာတမ္းမ်ားႏွင့္ ဝန္ထမ္းမ်ား၏ ကိုယ္ေရးအခ်က္အလက္မ်ားကို သိမ္းဆည္းရမိခဲ့ၿပီး စက္ပစၥည္းမ်ားကို မီးရႈိ႕ဖ်က္ဆီးခဲ့ပါသည္” လို႔ မုံ႐ြာ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ (MPDF) က ေဖာ္ျပပါတယ္။
အၾကမ္းဖက္ စစ္အုပ္စုပိုင္ မိုင္တဲ႐ုံးကို မုံ႐ြာ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(MPDF)၊ မုံ႐ြာခ႐ိုင္ အမွတ္(၁)တပ္ရင္း ၊ မုံ႐ြာၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (ပကဖ)၊ မုံ႐ြာၿမိဳ႕နယ္ ျပည္သူ႔လုံၿခဳံေရးတပ္ဖြဲ႕(ပလဖ) တို႔ ပူးေပါင္းၿပီး စီးနင္းခဲ့တာလို႔ ဆိုပါတယ္။
မုံ႐ြာၿမိဳ႕ ေက်ာကၠာလမ္းေပၚမွာ ဖြင့္လွစ္ထားတဲ့ မိုင္တဲ႐ုံးဟာ မၾကာခဏ တိုက္ခိုက္ခံရတာေၾကာင့္ အခုလို ေနရာေျပာင္းေ႐ႊ႕ ဖြင့္လွစ္ထားတာလို႔ ဆိုပါတယ္။
မုံရွာမြို့ပေါ် ခိုးဖွင့်ထားတဲ့ စစ်အုပ်စုပိုင် မိုင်တဲ ရုံးကို MPDF က စီးနင်း၊
ဝိုင်ဖိုင်စက် အလုံး (၁၀၀)ကျော် အပါအဝင် ဆိုင်ထဲက ပစ္စည်းတွေကို မီးရှို့ဖျက်ဆီး၊
MFP ၊ သြဂုတ် – ၂
မုံရွာမြို့ လယ်တီရပ်ကွက်မှာ ခိုးကြောင်ခိုးဝှက် ဖွင့်လှစ်ထားတဲ့ စစ်အုပ်စုပိုင် မိုင်တဲ ဆက်သွယ်ရေးပစ္စည်း အရောင်းဆိုင်ကို ဒီနေ့ ဝင်ရောက်စီးနင်းခဲ့ပြီး စက်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မုံရွာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (MPDF) က သတင်း ထုတ်ပြန်ပါတယ်။
ဒီနေ့ သြဂုတ်(၂)ရက် နေ့လည်(၂)နာရီက မုံရွာမြို့ လယ်တီရပ်ကွက်ထဲ ဖွင့်ထားတဲ့ စစ်အုပ်စုပိုင် မိုင်တဲ ဆက်သွယ်ရေး စက်ပစ္စည်းအရောင်းဆိုင်ကို စီးနင်းခဲ့တာလို့ ဆိုပါတယ်။
“လူသိမခံဝံ့စွာ ခိုးဖွင့်ထားသော စစ်အုပ်စုပိုင် မိုင်တဲရုံးကို ဝင်ရောက်စီးနင်း၍ စစ်အုပ်စုပိုင် မိုင်တဲ Wifi စက် အလုံး(၁၀၀)ကျော်၊ Routers စက် လေးလုံး၊
လိုင်းဖြတ်စက် လေးလုံး၊ Laptop လေးလုံး၊ လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများနှင့် ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို သိမ်းဆည်းရမိခဲ့ပြီး စက်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ပါသည်” လို့ မုံရွာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (MPDF) က ဖော်ပြပါတယ်။
အကြမ်းဖက် စစ်အုပ်စုပိုင် မိုင်တဲရုံးကို မုံရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPDF)၊ မုံရွာခရိုင် အမှတ်(၁)တပ်ရင်း ၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ) တို့ ပူးပေါင်းပြီး စီးနင်းခဲ့တာလို့ ဆိုပါတယ်။
မုံရွာမြို့ ကျောက္ကာလမ်းပေါ်မှာ ဖွင့်လှစ်ထားတဲ့ မိုင်တဲရုံးဟာ မကြာခဏ တိုက်ခိုက်ခံရတာကြောင့် အခုလို နေရာပြောင်းရွှေ့ ဖွင့်လှစ်ထားတာလို့ ဆိုပါတယ်။